ကျောင်းဝတ်စုံ ဂါဝန်ဖြူစိမ်းနဲ့ 
ပန်းသည်မလေး ငါ့ညီမအရွယ်ကလေးရေ...
လိပ်စာနဲ့ တကွ မန္တလေးက
ဘုရားအမည်ခေါ် ကုသိုလ်တော်မှာ
ပန်းရောင်းကာသာ ကျောင်းတက်ရရှာတဲ့
သူ့ ရဲ့မျက်နှာ....... မြင်ရချိန်မှာ
ဖြာထွက်လာတဲ့... ငါမျက် ရည်ဟာ
ဒီကဗျာ............. ဖြစ်လာရုံသာမက....
သမ္မတဆီအထိပါ တင်ပြလိုက် ချင်တာ။
ကျောင်းဝတ်စုံ ညစ်နွမ်းနွမ်းနဲ့ 
"ပန်း"ဗန်းလေးကို ခေါင်းပေါ်မှာတင်
လူတွေမြင်ရင်..... "၀ယ်ပါဦးရှင်" ဆိုတဲ့
မျက်နှာထားလေးနဲ့  သနပ်ခါးလေးက
ချစ်စရာချယ်ထားသေး............. ........။
ချမ်းအေးတဲ့... မန္တလေးရဲ့
နံနက်ခင်းလေးမှာ ဖိနပ်လေးကချွတ်ထားရသေး
မြင်ကွင်းလေးက အသည်းနာစရာ
အိပ်ချင်ရှာမပေါ့ ဘ၀တွေကကြမ်းလေတော့
ပန်းတွေက..... သူ့ ဝမ်းစာပေါ့။
အတန်းဝင်ရင် မလန်းရွှင်တဲ့သူ့ မျက်နှာ
ပင်ပန်းရှာမပေါ့... နားချင်ရှာမပေါ့....
ညစ်ထေးထေးနဲ့  ဂါဝန်လေးမှာ....
စွန်းပေတာတွေ သူမတွေးနိုင်
ငေးမှိုင်လို့ ...... စာရောလိုက်နိုင်ပါ့မလားနော်.... .။
စာသင်ပြတဲ့..... ဆရာ/ဆရာမမြင်ရင်
ဘယ်လိုအားအင်မျိုးနဲ့  အနားကိုတိုးလို့ အားကိုယ်းရဲမလဲ????
သူကလူဆင်းရဲလေးကိုးးးး ကျူရှင်ကြေးဟာ မတတ်နိုင်တာ
မေးနေစရာမှမလိုတာ အတန်းဖော်တွေကျူရှင်ပြေး
ငါညီမအရွယ်ဒီကလေး ဘယ်နားလေးများရောက်နေရှာမလဲ
တွေးရင်းနဲ့ ....... မျက်ရည် ရွှဲလာတယ်.........။
ကလေးငယ်ငယ် လမ်းဘေးဈေးသယ်ဘဝ
ရောက်ကြရတာ အထာတော့မကျဘူးဗျာ
"မင်းနားတစ်ထောင်"ဆို မကြားသလိုလိုများလုပ်နေကြသလား?? ???
"တိုင်းသူပြည်သား" "ရင်ဝယ်သား"ဆို????
မစိုပြေတာတွေ.... မြင်ပါစေဗျာ..
"ဘဘကြီးရာ" ဘာဆိုလိုတာသိမှာပါလေ....။
တိုင်းပြည်ကြီးက.... ဒီကလေးမနဲ့ 
ထပ်တူကြတဲ့.... ကျောင်းသားကျောင်းသူ
ငယ်ရွယ်သူအားလုံး.. ကုန်းရုန်းပီးကြိုးစားထားတဲ့
ဒီလိုငွေကြေးများကို နိုင်ငံရဲ့ဘယ်နေရာမှာမှ
အသုံးမချဘူးဗျ...... ကျနော်သမ္မတဆိုရင်ပေါ့လေ။
ကျနော်ရိုင်းသွားရင် ခွင့်လွတ်စေချင်ပါတယ်...
သဘောကိုပြောရာမှာ အမှားပါတာခွင့်လွတ်ပါ။
အရွယ်နဲ့ မမျှ...... ညီမအရွ ယ်ကလေးငယ်နဲ့ 
ညီငယ်ရင်သွေး... ဖိုးသားလေးတွေ
လမ်းဘေးစင်္ကြန် တံတွေ အထွေးခံ
ရုန်းကန်နေကြရတာ သနားစရာဆိုတာ
သမ္မတကြီးနဲ့ တကွ သက်ဆိုင်ရာက
"စာနာကြလို "့...... " မူလတန်းဘ၀"
"ကျောင်းလခကို" "ပေးရန်မလို"
"ဥပဒေ"ကို...... " ထုတ်ဝေပေးရန်"
"ဘသိန်းစိန်" ထံ "တောင်းပန်ရိုကျိုး"
"ရှိခိုးလို့ ဆုတောင်း "လိုက်ပါသည်။
ဒီကဗျာရဖို့ ..... ပုံနဲ့ တကွတွေမြင်ရလို့ 
လိပ်စာအရ... လာခဲ့ပါရစေ...
ငါညီမလေးရေ....
သုံးလလွန်ပီး ပြည်ပြန်ခရီးမှာ
ကုသိုလ်တော်ဘုရားမှ ပန်းသည်မလေး
ငါ့ညီမလေးအရွယ် ကလေးငယ်လေး
အေးအေးဆေးဆေး စာသင်နိုင်ရေးတွက်
တစ်နှစ်စာကျောင်းစရိတ် ချိတ်ပိတ်ပေးဖို့ 
ကျောင်းအုပ်ကြီးသို့  သက်သေတည်လို့ 
ဓာတ်ပုံနဲ့ တကွ FB မှာပြမည်
အားလုံးကိုသက်သေတည်.......
ကုသိုလ်ယူနိုင်ပါပေသည်။
တာဝန်ရှိသူများလည်း မေတ္တာထားနိုင်ကြပါစေသတည်း...... ..
အားလုံးကိုခင်မင်လေးစားလျှက်... .......
သိုက်ကြီး(ကျော က်ပန်းတောင်း)kpgtheik@gmail. com
0 မှတ်ချက်:
Post a Comment