Monday, July 1, 2013

"သရက်ပန်း"




တော်ဝင် မဆန်းပေမဲ့

သရက် ပန်းရယ်က...

အညာမြေ လမ်းမှာတဲ့

သင်းပျံ့လို့  မွှေး....။


ရနံ့ ဟာ သင်းကြိုင်တာမို့ 

ပျား၊ပိတုန်းတို့ ပျော်မြူး

တစ်ပေါင်း မကူးခင်အထိ

ဆောင်ကျင်းပါတဲ့ ကိုရွှေပျား...

သိုထာပါတဲ့လဘို့ မှာ

စို့ ကာယူသုံးပါတော့

မျိုးဆက်အတွက်လေး......။


ဆေးဖက်ရယ်လိုလာတော့

မင်းအအုံ ပျက်ရှာပေါ့

မစာနာသူ လူတစ်စုရယ်ကြောင့်

ဆောင်းသမျှလေး ပေးလို့ 

မင်းတို့ လည်း အဝေးကိုပြေး...။


ပန်းသရက် မွှေးချက်က

ပြေးဖက်စရာ ခင်ပျိုမေအလား

အဆင်းသားက ၀င်းဝါ

ထုံသင်းပါတဲ့ မွှေးကြူစွာ

လေးသင့်ရာ ပြေးပါလို့ 

ပင်မြင့်မှာ ဝေဖူးရင်းသာ

မင်းအချိန်ဟာ တိုတောင်းပေမဲ့

တန်ခူးနွေအကူးမှာတော့

ငါရူးရင်းကျန်ခဲ့ပြီလေ...........။



သိုက်ကြီးတို့  အညာမှာတော့ သရက်ပွင့်ချိန်မှာ သူ့ ရဲ့ မွှေးရနံ့ ကို ဘယ်လိုရေ

မွှေးမျိုးနဲ့ မှမလဲနိုင်ပါ။ ညာတာမဟုတ် သိချင်ရင်လာလည်

(မှတ်ချက်) ကိုယ့်စရိတ်နဲ့ ကိုယ်လာပါ....

ဧည့်ဝတ်ဆိုတာတော့ မကျေမှာမပူနဲ့ နေပူမှာထားမှာ.....



သိုက်ကြီး(ကျောက်ပန်းတောင်း)ုkpgtheik@gmail.com


0 မှတ်ချက်:

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here