နင့်ရင်ခွင်ကင့ါအတွက်မဟုတ်ခဲ့ဘူးဆိုရင်တောင်
ငါ့ကိုခဏတာခိုနားခွင့်လေးတော့ပေးပါ
ငါ့ကိုခဏတာခိုနားခွင့်လေးတော့ပေးပါ
နင့်အနမ်းတွေကင့ါအတွက်မဟုတ်ခဲ့ဘူးဆိုရင်တောင်
င့ါကိုခဏတာယစ်မူးခွင့်လေးတော့ပေးပါ
နင့်အပြုံးတွေကင့ါအတွက်မဟုတ်ခဲ့ဘူးဆိုရင်တောင်
ခဏတာကြည်နုးခွင့်လေးတော့ပေးပါ
နင့်ဖေးမမှုတွေကတသက်လုံးမဟုတ်ခဲ့ရင်တောင်
ခဏတာအားကိုးမှုလေးတော့ပေးပါ
နင့်ရဲ့နွေးထွေးတဲ့လက်တစုံကင့ါအတွက်မဟုတ်ခဲ့ဘူးဆိုရင်တောင်
ခဏတာနွေးထွေးခြင်းတွေကိုပိုင်ဆိုင်ချင်လို့ဆုပ်ကိုင်ခွင့်လေးပေးပါ
ခဏတာတွေကိုပိုင်ဆိုင်ခွင့်ရဖို့
ဘယ်လောက်ကြာကြာစောင့်ရစောင့်ရ
အဲခဏတာနဲ့တင်င့ါဘ၀ကြီးပြည့်စုံလုံလောက်ပါပြီချစ်သူ.................................
(အိအိကျော်ဇင်)
0 မှတ်ချက်:
Post a Comment