Friday, July 5, 2013

"သနပ်ခါး" ======


သနပ်ခါးရယ်တဲ့

ရွှေပင်ဟာ………
...
အညာတစ်ခွင်မှာ……

ပေါက်ရှာကြ……

အပူပိုင်းဒေသ……

ဆူးပင်စာရင်မှာ……

သူပါပေမဲ့………

တန်ဖိုးကအကြီးသား………။


လုံမရဲ့ ပါးမှာလူးပါလို့ 

ဝင်းဝါလို့ စိုပြေ………

နဂိုရည်အသွေးရယ်နဲ့ ……

တင့်တယ်စွာချယ်မှုန်း……

အပြုံးလေးက တစ်မူထူး……

မြင်သူရူးလောက်တဲ့ လုံမရယ်……

သနပ်ခါးလေးနဲ့ လှတယ်……။


ရွှေပင်သနပ်ခါး

သူ့ အပွေးသားကဖြူဖွေး…

နုအေးတဲ့ သဘာဝ……

လှပစေတဲ့ အသားအရေ……

ပျိုမေတွေ စိတ်ကူးမလွဲနဲ့ ……

သနပ်ခါးသာလူး……။


အလုပ်အကြံသမားတွေကြောင့်

အဟုတ်အမှန်တွေ ရှားပေမဲ့……

ရင်သန်တဲ့သနပ်ခါးကိုလ……

စစ်မှန်စွာ ရသွားစေဖို့ …

လမ်းညွှန်လို့ ပြောလိုက်ပါရစေ……

အညာမြေ သာသွား……။


သနပ်ခါးပင်ကိုလ

ကြိုက်ရာရွေးပါလို့ ……

လက်ညိုးထိုးရာရပါသဗျ……

အညာကခြံထဲမှာ……

လှမ်းလာလို့ သာရွေးပါတော့…

ယဉ်ကျော့တဲ့လုံမေရယ်………

အညာမြေမှကြိုနေမယ်………။



သိုက်ကြီး(ကျောက်ပန်းတောင်း)




0 မှတ်ချက်:

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here