ကလေးရယ်
မင်းအရွယ်ဟာ……... ဈေးသည် မဖြစ်သင့်တာ……
မင်းအရွယ်ဟာ……... ဈေးသည် မဖြစ်သင့်တာ……
မှန်ပေမဲ့…………ကံရဲ့စေရာထားမှုကြောင့်……
ပေတစ်ရာလမ်းမှာ……
လျှောက်ကာလည်ရောင်း……
ပန်းတောင်းဗန်းလေး……
စံပယ်ဖွေးဖွေးကို……
နံနက်အေးအေးမှာ……
အပြေးလာရောင်းနေရတာ……
ကံကြမ္မာရယ် ရက်စက်လိုက်တာ……။
အပြစ် အနာမရှိသေးတဲ့
ဒီကလေးတွေကိုမှ……
အပြစ်ပေးလေရော့သလား……
အို……မြတ်ဘုရား…………
ညှာတာသနားစွာဖြင့်………
ကယ်မတော်မူပါ……။
သံသရာက
ဝဋ်ကြွေးပါလာပါစေ……
ဒီဘဝမှာ မြင်နေရတဲ့……
ငါတို့ နှင့်တကွ………
ဆင်ပြေသူက……
ဖေးမ…မကူညီရင်……
"ရာဇဝင်မှာ ငါတို့ ဟာ"……
"ဘာလူသားလဲ"……။
မြတ်ဘုရားရဲ့
မိန့် ကြားခဲ့တဲ့……
ဒါနတရားရဲ့ အဓိပ္ပါယ်……
ဆိတ်ကွယ်နေရော့သလား………။
လျှောက်ကာလည်ရောင်း……
ပန်းတောင်းဗန်းလေး……
စံပယ်ဖွေးဖွေးကို……
နံနက်အေးအေးမှာ……
အပြေးလာရောင်းနေရတာ……
ကံကြမ္မာရယ် ရက်စက်လိုက်တာ……။
အပြစ် အနာမရှိသေးတဲ့
ဒီကလေးတွေကိုမှ……
အပြစ်ပေးလေရော့သလား……
အို……မြတ်ဘုရား…………
ညှာတာသနားစွာဖြင့်………
ကယ်မတော်မူပါ……။
သံသရာက
ဝဋ်ကြွေးပါလာပါစေ……
ဒီဘဝမှာ မြင်နေရတဲ့……
ငါတို့ နှင့်တကွ………
ဆင်ပြေသူက……
ဖေးမ…မကူညီရင်……
"ရာဇဝင်မှာ ငါတို့ ဟာ"……
"ဘာလူသားလဲ"……။
မြတ်ဘုရားရဲ့
မိန့် ကြားခဲ့တဲ့……
ဒါနတရားရဲ့ အဓိပ္ပါယ်……
ဆိတ်ကွယ်နေရော့သလား………။
နတ်ဆိုးများက
စေစားထားတဲ့……
ဝဋ်ကြွေးဆိုးများ……
(ဖြူစင်သူ)ကလေးများအပါးမှ……
ဝေးသွားကြပါစေ……
တောင်းဆုခြွေရင်း………
ရင်တွင်းမှာ ခံရခက်နေပြီ……။
ဆောင်ပုဒ်တွေ
တစ်သီကြီးနဲ့ ………
မြန်မာပြည်ကြီးမှာ……
ဘာခရီးမှ မတွင်ကျယ်တာ……
နှစ်အတော်ကြာပေါ့……။
ကြာတာနဲ့ အမျှ
ပညာရေးက……
ချွတ်ခြုံကျလို့ ……
စီးပွားရေးမှာ……
ကလေး…လေးတွေ……
ဈေးထွက်ရောင်းနေရ……
ဒီလိုဘဝတွေ………
မြင်ရသူငါ့အသည်း……
ခွေးဆွဲသထက်နာတယ်………။
ကျန်းမာရေးကို
ပြေးလို့ ကြည့်လိုက်……
"မိုက်ရိုင်းလိုက်တာ"……
"ပိုက်ဆံမရှိရင် သေပါတဲ့ "………
လူ့ အသက်ထက်……
တန်းဖိုးကြီးတာ……
ဒီကမ္ဘာမှာ…ဘာရှိလဲပြော……… ။ (ကိုယ်ကျင့်တရားနှင့်မဆိုင်)
စစ်ကြောလေ့လာ
သေချာစွာနဲ့ ………
စီမံချက်ချ………
ပညာနဲ့ ကျန်းမာရေး……
အရေးတယူ ဖေးမကူပါ……
" ပြာကျတော့မှာ………။"
ဟောင်ပွာပွာနဲ့ 
ရန်စောင်တာတွေ……
ဘယ်အချိန်ပြီးလို့ 
ဒီပြည်ကြီး တိုးတက်မလဲ……
မြောင်းထဲမှာ ကလေးတွေ……
ရောက်လို့ နေပြီလေ…………။
အို……ကလေးရေ
ဖြူစင်ဖွေးတဲ့ ………
မင်းဘဝလေး……
ဝဋ်ကြွေးတွေရယ်………
ပျယ်ပါစေကွယ်…………
ပန်းသည်ကလေး………
မင်းပညာရေးအတွက်………
ရင်လေးမိပြန်တယ်…………
သြော်………………
"ကံကြမ္မာရယ်"………………
သိုက်ကြီး (ကျောက်ပန်းတောင်း) kpgtheik@gmail.com
စေစားထားတဲ့……
ဝဋ်ကြွေးဆိုးများ……
(ဖြူစင်သူ)ကလေးများအပါးမှ……
ဝေးသွားကြပါစေ……
တောင်းဆုခြွေရင်း………
ရင်တွင်းမှာ ခံရခက်နေပြီ……။
ဆောင်ပုဒ်တွေ
တစ်သီကြီးနဲ့ ………
မြန်မာပြည်ကြီးမှာ……
ဘာခရီးမှ မတွင်ကျယ်တာ……
နှစ်အတော်ကြာပေါ့……။
ကြာတာနဲ့ အမျှ
ပညာရေးက……
ချွတ်ခြုံကျလို့ ……
စီးပွားရေးမှာ……
ကလေး…လေးတွေ……
ဈေးထွက်ရောင်းနေရ……
ဒီလိုဘဝတွေ………
မြင်ရသူငါ့အသည်း……
ခွေးဆွဲသထက်နာတယ်………။
ကျန်းမာရေးကို
ပြေးလို့ ကြည့်လိုက်……
"မိုက်ရိုင်းလိုက်တာ"……
"ပိုက်ဆံမရှိရင် သေပါတဲ့ "………
လူ့ အသက်ထက်……
တန်းဖိုးကြီးတာ……
ဒီကမ္ဘာမှာ…ဘာရှိလဲပြော……… ။ (ကိုယ်ကျင့်တရားနှင့်မဆိုင်)
စစ်ကြောလေ့လာ
သေချာစွာနဲ့ ………
စီမံချက်ချ………
ပညာနဲ့ ကျန်းမာရေး……
အရေးတယူ ဖေးမကူပါ……
" ပြာကျတော့မှာ………။"
ဟောင်ပွာပွာနဲ့ 
ရန်စောင်တာတွေ……
ဘယ်အချိန်ပြီးလို့ 
ဒီပြည်ကြီး တိုးတက်မလဲ……
မြောင်းထဲမှာ ကလေးတွေ……
ရောက်လို့ နေပြီလေ…………။
အို……ကလေးရေ
ဖြူစင်ဖွေးတဲ့ ………
မင်းဘဝလေး……
ဝဋ်ကြွေးတွေရယ်………
ပျယ်ပါစေကွယ်…………
ပန်းသည်ကလေး………
မင်းပညာရေးအတွက်………
ရင်လေးမိပြန်တယ်…………
သြော်………………
"ကံကြမ္မာရယ်"………………
သိုက်ကြီး (ကျောက်ပန်းတောင်း) kpgtheik@gmail.com
0 မှတ်ချက်:
Post a Comment