ကံကြမ္မာကရက်စက်လေသမျှ
လည်စင်းခံဖို့ကြိုးစားသော်လည်း
ရင်ထဲမချိခံစားရဘိ
ဝေးရမည်ကိုသိနှင့်သော်လည်း
ပူဆွေးသောကဗျာပါဒနှင့်
ကြေကွဲခံစား
သူသိလေမလား
အချိန်တိုင်းကတို့နှစ်ယောက်အတွက်
အဖိုးတန်လို့
အချိန်လေးတွေပျောက်ဆုံးမသွား
ဆုတောင်းချင်လည်း
ရွေလျားနေတဲ့အချိန်ကို
ရပ်တန့်ဖို့ငါ့မှာ
တန်ခိုးမှမရှိခဲ့တာ
ဆုံနိုင်ခွင့်မဲ့တဲ့ဒို့ဘဝ
ကိုယ်ချင်းစာရင်
နာရီလက်တံလေးရယ်
ခဏလောက်ရပ်ပေးပါလား
ငါတောင်းဆိုချင်လဲ
မဖြစ်နိုင်တော့ပါ
သူလဲကြေကွဲ
ကိုယ်လဲကြေကွဲ
ဒီအချိန်မှာဘယ်လိုဖြေသိမ့်မလဲ....
အိအိကျော်ဇင်
0 မှတ်ချက်:
Post a Comment