Friday, July 5, 2013

ထန်းရေချို

                          

ထန်းရည်ချိုချို
သူ့ နဂိုကသွေးက……
ကြည်စိမ်းမြလို အေး………
နံနက်ခင်းလေးမှာ……
ချိုမွှေးလှပါလို့ …
ကျွန်တော်တို့ အသည်းစွဲ……။


ထန်းတဲထဲမှာ
ပူတာဆွဲမလား……
အပင်အောက်မှာ……
အေးတာသောက်မလား……
သဘောဖြူတဲ့……
ထန်းသမားက……
အလကားတိုက်တယ်……။
ကလေးငယ်ငယ်
မဝယ်နိုင်တော့……
အောက်ကမော့ကြည့်……
သူသိဟန်တူပါရဲ့ ……
လာခဲ့ ကလေးရယ်……
ကြိုက်သလောက်သောက်ကွယ်……
အဘထန်းသမား………
သူ့ စကားကို……
ငါ့နားထဲမှာ………
ခုထိကြားယောင်ဆဲ……။


ကလေးအမိုက်
အချိုကြိုက်တော့ ……
အကျွန်သောက်ရင်……
ဝမ်းလျှောချင်တာ……
သိနေပါလည်း……
မသောက်ပဲမှမနေနိုင်တာ……
အမေဆူမှာလည်းစိုးသေးတယ်………။


ထန်ရေချိုရေ
ငါအဝေးရောက်နေပေမဲ့
မင်းရနံ့ နဲ့  မင်းအရသာ
ငါမမေ့ပါဘူးကွာ………
ငါပြန်လာရင်……
မင်းနဲ့ ဆုံအုံးမှာ………။


ထန်းရေချိုရေ………
မင်းဟာ ထန်းလျက် အဖေပါ။
လွမ်းလှတယ်ကွာ……
ရွာမှာသာဆို……
ထန်းတောညိုညိုဆီကို……
ကလေးဘဝကလို ……
မြူမှုန်ကင်းတဲ့……
နံနက်ခင်မှာ……
ဗိုက်ပေါက်ချင်ပေါက်ပစေ………
ပြေးကာသောက်လိုက်ချင်တယ်လေ……… ။


သိုက်ကြီး (ကျောက်ပန်းတောင်း) kpgtheik@gmail.com


0 မှတ်ချက်:

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here