×××××ချစ်သူ×××××
နှလုံးသားက
နင့်အတွက်ဆို
ဘာဖြစ်ဖြစ်
ပေးဆပ်နေမှာပါ
မမြင်ရတဲ့ ရင်ခုန်သံတွေ
ကြားနေရတဲ့ ရင်ခုန်သံတွေနဲ့
နင့်ကို
ချစ်နေမှာပါ
ချစ်တယ်ဆိုတဲ့ စကားလုံးကို
အဓိပ္ပာယ်မဖော်တတ်ခဲ့တဲ့ငါ
နင်နဲ့တွေ့မှ
နားလည်သွားခဲ့တာပါ...
ဘယ်သူတွေက
ဘာတွေကို
ဘယ်လိုပြောပြော
ငါ့ရင်ခုန်သံတွေက
နင့်အပေါ်မှာ
ပြောင်းလဲခြင်းမရှိ
ဆက်ချစ်သွားမှာပါ
ကောင်မလေးရယ်။
*M.H.A*
0 မှတ်ချက်:
Post a Comment