Tuesday, August 27, 2013

စစ်သားတစ်ယောက်ရဲ့ ခံစားချက်

စစ်သားတစ်ယောက်ရဲ့ ခံစားချက်
==================

မွေးရပ်မြေကို စွန့်ခွာ

မိသားစုကို ချန်ကာထား

တိုင်းပြည်အတွက် အသက်စွန့်

အနာဂတ် ဆိုတာ ဘယ်မှာမှန်းမသိ

ဘယ်ချိန် သေမှာလဲ ဆိုပြီး

တွေးကြောက်နေရတဲ့ အဖြစ် တစ်မျိုး

သူတို့ဘဝကို မစာနာတဲ့ လူတစ်ချို့

ပြောခံရတာကို အမြဲခံရတတ်သူတွေ

ရဲရဲရင့်ရင့် စစ်ပွဲမှာ တိုက်ခိုက်နေလဲ

ဒဏ်ရာရသွားလို့ အိမ်မပြန်နိုင်မှာ

ကြောက်မိတာလဲ သူတို့စစ်သားပါပဲ

ည အိပ်တဲ့ အချိန် တိုင်း

မိဘ၊ အိမ် နှင့် အပေါင်းသင်းတွေကို

သတိရလျှက်နဲ့ သူတို့ သတိရတိုင်း

စာလေးတွေပေးပို့လို့ သူတို့ခမျှာ

မွေးရပ်မြေကို သတိရတိုင်းလဲ

ပြန်လို့ မရတာ သူတို့စစ်သားတွေပါ။

မှတ်ချက်။ ။ စိတ်ကူးနဲ့ တွေးရေးသည် ရေးတတ်ရင် ဒီထက်ကောင်းအောင် ရေးချင်ပါတယ် စစ်သားတွေဟာ ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ အသက်စွန့်ရသူတွေပါပဲ သူတို့လဲ မွေးရပ်မြေနဲ့ မိဘတွေကို လွမ်းတတ်တဲ့သူတွေပါပဲ။

မိုးထက်အာကာ
*M.H.A*

0 မှတ်ချက်:

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here