Tuesday, August 20, 2013

Facebook Fan Page သို့ မဟုတ် Facebook Like Page ပြုလုပ်နည်း


အခုတလော  Facebook မှာ  Page လုပ်သူတွေ  တအားများလာတာတွေ့ တယ်

မလုပ်တတ်သေးသူတွေ ရှိနေလို့    ပြုလုပ်နည်းအသေးစိတ်  ရေးတင်လိုက်တာ

တစ်ဆင့်ချင်းလုပ်ကြည့်  10 မိနစ်မကြာဘူး ။  နာမည်ကျော်  မင်းသား မင်းသမီး

ကုန်ပစ္စည်းကြော်ငြာ  သတင်း  နည်းပညာ  နယ်ပယ်အစုံကနေ  Fan Page တွေ

ပြုလုပ်လာကြပီး  အကျိုးကျေးဇူးလည်း များပါတယ် ။Page တစ်ခုမှာ Like တဲ့သူ

အများကြီးရဖို့  လိုအပ်ပါတယ် ။ ဒါမှစာတင်တာ  ပုံတင်တာ  လူအများကြီးဆီကို

ချက်ချင်းရောက်တယ် ။ ဂျာနယ်ထဲ  ကြော်ငြာထည့်တာ   လူသိဖို့ သိပ်မမြန်ဘူး

နာမည်ရပီး  Like သူများတဲ့  Fan Page မှာ  ကြော်ငြာရင် ခဏလေးနဲ့  လူသိများ

နာမည်ကြီးတာပေါ့ ။ အဲ့ကြောင့်  ကုမ္ပဏီတွေ  မင်းသားမင်းသမီးတွေ Fan တွေ

လုပ်ပီး သုံးနေကြတာ အကျိုးကျေးဇူးကလည်းများပါတယ် ။ ကဗျာ စာပေသမား

သတင်းသမား အဆင်ပြေသလို ပြုလုပ်လို့ ရတယ် ။လုပ်ရတာလည်းလွယ်ကူပြီး

Facebook အကောင့်တစ်ခုရှိတာနဲ့  Fan Page တွေ  အများကြီး လုပ်လို့ ရတယ်

ပြုလုပ်ချင်သူများ  အောက်ကလင့်မှာ  တစ်ဆင့်ချင်း လိုက်လိုက်ပါ 5 မိနစ်ပါပဲ


ဒီလင့်မှာ Faebook Fan Page တစ်ခု သွားလုပ်ပါ - www.facebook.com/page



ရောက်ပီဆို အမျိုး 6မျိုး မြင်ပါလိမ့်မယ် ကြိုက်တဲ့ အကွက်ရွေးပြီးလုပ်လို့ ရတယ်

Brand and Product ကို ရွေးနှိပ်လိုက်ရင် စာတွေဖြည့်ရပါလိမ့်မယ် ဆက်ဖြည့်ပါ

Choose a category မှာ တစ်ခုခု ရွေးလိုက်ပါ  Brand of Product မှာတော့ကိုယ့်

လုပ်မယ့် Fan page  အကြောင်းအရာပေါ့ နမူနာ Daily News ဆိုပီး ပေးလိုက်တယ်

ပီးရင် I agree ဆိုတဲ့အကွက် အမှန်ချစ်ပြီး Get Started နှိပ်လိုက်ပါ ။ဒါဆို ရပါပြီ

နောက်တစ်ဆင့်မှာတော့ Facebokk သာမာန်လုပ်တည်းအတိုင်းပါပဲ လုပ်ကြည့်



About = Fan page  အကြောင်း အနည်းငယ်ရေးပါ ( နမူနာ နေ့ စဉ်သတင်းများ)

Profile = ဒါတော့ ပုံထည့်ပေးဖို့  အဆင်ပြေတဲ့ပုံ သင့်တော်ရာပုံထည့်လိုက်ပါ

Add to favourites မှာ Skip နှိပ်လည်းရတယ်  Add to favourites နှိပ်လည်းရတယ်

Reach more people မှာတော့  Skip နှိပ်လိုက်ပါ  ။  Free Page လုပ်တာမလို့ ပါ

ဒါဆို Fan page တစ်ခုရလာပီ ။ ကိုယ်နှစ်သက်ရာ ကဗျာ နည်းပညာ စာပေများကို

ရေးသားပြီး Like သူများတဲ့ Page တစ်ခုဖြစ်အောင် ကြိုးစားနိုင်ပါပြီ. Good luck :)






8 မှတ်ချက်:

htoozinlatt said...

ကျေးဇူးတင်ပါတယ်ဗျာ

Unknown said...

အထူး​ကျေးဇူးတင်​ပါတယ်​ခင်​ ဗျာ

အမေစု said...

Fan Page လုပ်တာမှာ 1About မှ စာများဖြည့်ရာတွင် မရဖြစ်နေပါတယ် ဖြည့်ရန် တစ်ကွက်ခြင်း ဘာဖြည့်ရမယ်ဆိုတာ အသေးစိတ်ရှင်းပြပေးပါ ခင်ဗျာ ။

မိုးနတ်မင်း said...

စကားမစပ် ကျနော့မှာ ဖုန်းနှင့်viber သုံးတာ အရင်က ပုံတွေပို့လို့ရပါတယ်အခုပုံပို့လို့မရဖြစ်နေပါသည် အမြန်ဆုံးကူညီပေးပါအုံး

မိုးနတ်မင်း said...

စကားမစပ် ကျနော့မှာ ဖုန်းနှင့်viber သုံးတာ အရင်က ပုံတွေပို့လို့ရပါတယ်အခုပုံပို့လို့မရဖြစ်နေပါသည် အမြန်ဆုံးကူညီပေးပါအုံး

nyi nyi said...

ကျေးဇူးပါဗျာ

Unknown said...

ဖွင့်ပြီးသွားပါပြီ ကျေးဇူးအရမ်းတင်ပါတယ်

profileပုံ ပြောင်းခြင်ပါတယ် ဘယ်လိုပြောင်းရမလဲ
ပြောပြပေးပါအုံး . . .

Unknown said...

ဖွင့်ပြီးသွားပါပြီ ကျေးဇူးအရမ်းတင်ပါတယ်

profileပုံ ပြောင်းခြင်ပါတယ် ဘယ်လိုပြောင်းရမလဲ
ပြောပြပေးပါအုံး . . .

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here