Monday, September 23, 2013

အဖြည့်ခံ ~~~~~~

သူကျွန်တော့်ကို `အရမ်းလွမ်းတယ်´လို့ပြောတိုင်း ကျွန်တော်ငိုချင်တယ်……
သူသာတကယ်လွမ်းတတ်ခဲ့မယ်ဆိုရင် ဖုန်းလေးတခါလောက်ဖြစ်ဖြစ် sms တိုလေးတကြောင်းလောက်ဖြစ်ဖြစ် မဖြစ်မနေပို့ပေးပြီး အရမ်းသတိရကြောင်းပြောပြမိမှာပါ……
သူကျွန်တော့်ကို `စိုးရိမ်ပြီးစိတ်ပူတယ်´လို့ပြောတိုင်း ကျွန်တော်ငိုချင်တယ်……
သူသာတကယ်စိတ်ပူတတ်ခဲ့မယ်ဆိုရင် ကျွန်တော်နေမကောင်းဖြစ်တဲ့အခိုက် ဖုန်းလေးတခါလောက်ဖြစ်ဖြစ် sms တိုလေးတကြောင်းလောက်ဖြစ်ဖြစ် မဖြစ်မနေပို့ပေးပြီး ဆေးသောက်ပြီး ဆေးခန်းသွားဖို့ နှိုးဆော်နေမှာပါ……
သူကျွန်တော့်ကို `အရမ်းချစ်တယ်´လို့ပြောတိုင်း ကျွန်တော်ငိုချင်တယ်……
သူသာတကယ်ချစ်တတ်ခဲ့မယ်ဆိုရင် ကျွန်တော့်ရဲ့ ကြင်နာယုယမှုတွေကို ဥပက္ခာပြုထားမှာမဟုတ်ဘူး……
ကျွန်တော်စိုးရိမ် စိတ်ပူလို့ ဂရုတစိုက်နဲ့ ပြောတဲ့စကားတွေကို သူမျက်နှာလွှဲခဲပစ် လုပ်ရက်မှာမဟုတ်ဘူး……
ချစ်သူရယ်…… နင်တကယ်မချစ်ဘူးဆိုတာသိရက်နဲ့ ငါ့ရဲ့တဖက်သတ်အချစ်တွေက နင်မှနင်ဖြစ်နေတယ်……
နင်တကယ်ငါ့ကို သတိမရဘူးဆိုတာသိရက်နဲ့ ငါ့အတွေးစိတ်ကူးတွေက နင်မှနင်ဖြစ်နေတယ်……
နင်တကယ်ငါ့အတွက် မသိတတ်ဘူးဆိုတာသိရက်နဲ့ နင့်အတွက်စိုးရိမ်သောကဖြစ်နေတယ်……
ငါ့ရဲ့ဝဋ်ကြွေးတွေက အတွေးသံသရာမှာတောင် အမှောင်ချရင်း အလင်းမမြင်သေးတဲ့ငါ့အနာဂတ်ကို နင့်မေတ္တာတချို့နဲ့လှော်ခတ်သွားပါရစေ……

လွှမ်းဝေအောင် (ရေနံချောင်း)




Corel Videostudio Pro X6 + Keygen ( ဗီဒီယို တည်းဖြတ်တဲ့ ဆောဝဲလေးပါ )


Corel Videostudio Pro X6 ကတော့ Video တည်းဖြတ်သမားတွေအတွက် အရမ်း အသုံးဝင်မှာပါ။ လုပ်ဆောင်ချက်တွေ အရမ်းကိုမြန်ပါတယ်။ အဆင့်မြင့် Video Editing ဆောဝဲ ဆိုလည်း မမှားပါဘူး။ Video တွေကိုဖြတ်ညှပ်ကတ် လုပ်တာ၊ Transition Effects ထည့်တာ၊ စာတန်းထိုးတာ၊ Background Music ထည့်တာ၊ Size လျှော့ချတာ၊ စတဲ့ လုပ်ဆောင်ချက်များစွာကို ပေါ့ပေါ့ပါးပါးနဲ့ လုပ်ဆောင်နိုင်ပါ တယ်။

ဖိုင်ဆိုဒ်က 1.31GB တောင်ဆိုတော့ ကျနော်ကိုယ်တိုင် Uplode တင်ဖို့အခက် ခဲဖြစ်နေပါ တယ်။ ဒေါင်းလင့် ကိုတော့ မူရင်း ကနေ သယ်လာထားပါတယ်။ Keygan ကိုတော့ တင်ပေး ထားပါတယ်။ ဆောဝဲလ် ကိုဒေါင်းပြီးရင် Keygan ထဲက Key ကိုထည့် ပြီးရင်တော့ Full Version သုံးလို့ရပါပြီ။ Video တည်းဖြတ်လို့ ကောင်းပြီး တကယ်ပေါ့ပါး တဲ့ဆောဝဲလေးပါ။ အောက်ကလင့် မှာဒေါင်းယူနိုင်ပါပြီ။


>>>>>Download Corel Videostudio Pro X6<<<<<

အားလုံးအဆင်ပြေပါစေ.......။


နောက်ဆုံးလက်ဆောင်


'' ဒီနေ့ ---- 
ငါ့အခန်းနံရံမှာ 
ကပ်ထားတဲ့ 
နင့်ဓါတ်ပုံလေးကို 
ငါ ပြန်ခွာလိုက်တယ် -------

ခဏ ခဏ ကြည့်မိတဲ့
ငါတို့နှစ်ယောက်ရဲ့
ဓါတ်ပုံ Album လေးလည်း
သေတ္တာ အောက်ဆုံး အကန့်မှာ
အပြီးသတ် သော့ခပ် သိမ်းလိုက်တယ် -----

ရေခြားမြေခြားမှာ
နင် အန္တရာယ်ကင်းဖို့အတွက် ညှပ်ထားမိတဲ့
ပရိတ်ကြီး (၁၁)သုတ် စာအုပ်ကြားထဲက
နင့်လိုင်စင်ဓါတ်ပုံလေးကိုတော့
ငါဖယ်ဖို့ လက်တွန့်နေတုန်းပဲ ------

နင်လက်ဆောင်ပေးခဲ့ဖူးတဲ့
ခရမ်းရောင် ခေါင်းစည်းလေးတွေလဲ
ပိုင်ရှင်မဲ့ခဲ့တာကြာပေါ့ဟာ -----


ငါ့ရင်ထဲက နင့်ကိုထွက်ခွာဖို့
ဥသြ ဆွဲနေပေမယ့်
ထောင့်တနေရာမှာ
နင်ကပ်နေတုန်းပဲ ----


(တချိန်က)ချစ်သူရေ ---
''ဝဋ်'' ဆိုတာ လည်တက်သတဲ့
နင်ထားခဲ့ခြင်းဟာ
ငါ ''ဝဋ်'' လည်တာဆိုရင် ----
ငါ့ကိုထားခဲ့တဲ့အတွက်တော့
နင် တန်ပြန် ''ဝဋ်'' မလည်ပါစေနဲ့ ----
အဲဒါ --- ငါနင့်အတွက်နောက်ဆုံး
ပေးနိုင်တဲ့ ''လက်ဆောင်'' 
ဆုတောင်းစကားပါ ------ ''

စိမ့်စိမ့် (တောင်ကြီး)




Sunday, September 22, 2013

TeamViewer for Remote Control (For Andriod Phone)



အခုတင်ပေးလိုက်တဲ့ TeamViewer ကတော့ Andriod ဖုန်းတွေအတွက်ပါ။ သူ့ရဲ့ လုပ်ဆောင်ချက်တွေ ကတော့ ဒီလင့်မှာ ကွန်ပြုတာအတွက်တင်ထားတုန်းက ရှင်းပြထားပါတယ်။ ကို့ဖုန်းကနေ တဖက်က ဖုန်း ဒါမှမဟုတ် ကွန်ပြူတာတခုခုဆီကို အင်တာနက်လိုင်းရှိရုံလေးနဲ့ ၀င် ပြီး ပြုပြပေး လည်းရ, ၀င်မွှေလည်းရ ပါတယ်။ ကို့ဖုန်းကနေတဖက်က ID နဲ့ Pass လေး ပေးရုံလေးနဲ့ ကိုယ်က၀င်နိုင်မှာဖြစ်ပါတယ်။

အရမ်းလည်းအသုံးဝင်ပါတယ်။ ဘယ်လောက်ဝေးဝေး ID နဲ့ Pass ရုံလေးနဲ့ Remote Control လုပ်နိုင် မှာဖြစ်ပါတယ်။ ကျနော်ရှင်းပြတာ နားမလည်သေးဘူးဆိုရင် အောက်မှာ Video ဖိုင် တင်ထားပါတယ် နမူနာ ကြည့်လိုက်ပါ။ သဘောက်ပေါက်ကြမယ်လို့ မျှော်လင့်ပါတယ်။ သူငယ်ချင်းတယောက် တောင်းတာ နဲ့ တင်ပေးလိုက်တာပါ။

နောက်ဆုံးထွက်လေးကို တင်ပေးလိုက်ပါတယ်။ Version က v8.0.1298 ဖြစ်ပါတယ်။ Andriod Version 2.1 အထက် ရှိတဲ့ ဖုန်းတွေမှာ အသုံးပြုနိုင်ပါတယ်။ စိတ်ဝင်စားရင်တော့ ဆောဝဲကို အောက်ကလင့်မှာ စိတ်ကြိုက် ဒေါင်းယူနိုင်ပါပြီ။


TeamViewer for Remote Control ရဲ့ အသုံးဝင်ပုံ Video ဖိုင်နမူနာလေးကို ဒီမှာကလစ် ပြီး ကြည့်နိုင် ပါတယ်။

အားလုံးအဆင်ပြေပါစေ.......။


Saturday, September 21, 2013

သူတို့ မသိကြလို့ ပါ



မောင်ရေ ----
လူတချို့ကပြောတယ်
'' တကယ်မချစ်လို့ ဝေးကြတာပါတဲ့ ''
တကယ်တော့
သူတို့မသိလို့ပါနော်

- အခုအချိန်မှာ မောင်
ကျွန်မ ဆီက
''ချစ်တယ်''ဆိုတဲ့
စကားကို မကြားချင်တော့ပေမယ့်
တချိန်က မောင်အဲဒီစကားလေးကို
ကျွန်မဆီက လိုလိုလားလား
တောင်းခဲ့ဖူးတယ် ဆိုတာကိုလေ ---

- အခုအချိန်မှာ
ကျွန်မ အသံကို မောင်မကြားချင်တော့ပေမယ့်
တချိန်က ကျွန်မအသံကို ကြားချင်လို့
မောင် ph တွေအကြိမ်ကြိမ် ဆက်ခဲ့ဖူးတယ်
ဆိုတာကိုလေ -----

- အခုချိန်မှာ
ဆုတောင်း
မပြည့်တော့ပေမယ့်
တချိန်က
ပုဂံဘုရားတိုင်းမှာ ကျွန်မတို့အတူတူ
လက်တွဲခွင့်ရဖို့
ဆုတွေအတူတူ
တောင်းခဲ့ဖူးတာကိုလေ -----

- အခုအချိန်မှာ
မောင့်အတွက်
မလိုအပ်တော့တဲ့ (လွင့်ပစ်လိုက်ပြီလားတောင်မသိတဲ့)
ကျွန်မဓါတ်ပုံလေးတွေကို တချိန်ကမောင်
လိုလိုလားလား သိမ်းထားခဲ့ဖူးတယ်
ဆိုတာလေ ------

- အခုအချိန်မှာ ဘာမှမဟုတ်တော့ပေမယ့်
မောင်နေမကောင်းဖြစ်တဲ့ အချိန်တိုင်း
ကျွန်မ အကြိမ်ကြိမ်ငိုခဲ့ဖူးတယ် ဆိုတာကိုလေ -----

- အခုအချိန်မှာ
ဘာမှမဟုတ်တော့ပေမယ့် ကျွန်မကိုမထားခဲ့ပါနဲ့နော်
ဆိုတဲ့ ဂတိစကားလေးကို မောင့်ဆီက
ခနခန တောင်းခဲ့ဖူးတယ်
ဆိုတာကိုလေ -----

- သူတို့မသိလို့ပါနော် --
ကျွန်မ နဲ့ မောင် အခုချိန်မှာ ဘာမှမဟုတ်တော့ပေမယ့်
တချိန်က အရမ်းချစ်ခဲ့ကြတယ် ဆိုတာကိုလေ -----

- တကယ်တော့ မောင်နဲ့ကျွန်မနဲ့ကြားမှာ
နားလည်မှု ခပ်ပါးပါးလေးလွဲလို့
လမ်းခွဲဖြစ်ခဲ့တယ်ဆိုတာ သူတို့မသိကြလို့ပါမောင်ရယ် ------
(သူတို့မသိခဲ့ကြလို့ပါ -----)


   စိမ့်စိမ့် ( တောင်ကြီး )




Tuesday, September 17, 2013

Wondershare DVD Creator 2.6.5.32 With Registration Code


 
 Wondershare DVD Creator လေးကတော့ အခွေ Burn ဖို့အတွက် အရမ်းကို အဆင်ပြေတဲ့ ဆောဝဲ တခုဖြစ်ပါတယ်။ ကျနော်ကိုယ်တိုင် စမ်းသုံးကြည့်ပြီးပါပြီ။ အရမ်းကို လန်းပါတယ်။ အသုံးပြုရတာလည်း အရမ်းလွယ်ပါတယ်။ သူငယ်ချင်းများ အခွေ Burn ဖို့ Menu လှလှလေးတွေ ဖန်တီးချင်တယ်ဆိုရင်တော့ ဒီ Wondershare DVD Creator ဆောဝဲလေးက တကယ်ဆောင်ထားသင့်တဲ့ ဆောဝဲ လေးပါ။
Full Version သုံးလို့ရအောင် Resgister Key ပါ တခါတည်း တင်ပေးထားပါတယ်။ ဆောဝဲကို install ပြီး Key ထည့်ပြီးရင်တော့ Full Version သုံးလို့ရပါပြီ။ အခွေကူးသမားတွေ အတွက် အရမ်း အသုံးဝင်လို့ တင်ပေးလိုက်ပါတယ်။ စိတ်ဝင်စားရင် အောက်ကလင့်မှာ ဆောဝဲကိုဒေါင်းယူနိုင်ပါပြီ။
အားလုံးအဆင်ပြေပါစေ.......။


Thursday, September 5, 2013

Handy Photo v1.1.8 For APK (33MB)

ဓာတ်ပုံပြင်တဲ့ ဆောစ့်ဝဲလ်ကောင်းလေးပါ သူက photoshop ထက်လွယ်ပြီး
လုပ်ဆောင်ချက်တွေ တော်တော်စုံပါတယ်
photo editing လုပ်တာဝါသနာပါတဲ့သူငယ်ချင်းတွေအတွက် အကြိုက်တွေ့မှာပါ
လုပ်ဆောင်ချက်တစ်ချို့က  နောက်ခံဘက်ဂရောင်း အလွယ်တကူပြောင်းနိုင်ခြင်း
ဓာတ်ပုံ ကာလာ အလွယ်တကူ ချိန်ညှိနိုင်ခြင်း 
မလိုတဲ့ ပုံတွေ အလွယ်တကူဖြတ်ထုတ်နိုင်ခြင်း

(ဥပမာ လူသုံးယောက်ပုံကို နှစ်ယောက်ပုံထားချင်တယ်ဆိုရင်
တစ်ယောက်ကိုအလွယ်ကူဖယ်ထုတ်နိုင်ပါတယ်)

လိုအပ်တဲ့ ဓာတ်ပုံတွေ ပြန်လည်ဖြည့်စွက်နိုင်ခြင်း 

ဘယ်ညာ ပုံပြောင်းနိုင်ခြင်း
ဓာတ်ပုံဘောင်အလှထည့်ဖို့အတွက် ဓာတ်ပုံ ဘောင်များအစုံပါရှိခြင်း စသည်ဖြင့်
လုပ်ဆောင်တာတွေပါရှိပါတယ် အပြည့်အစုံတော့
မှာလေ့လာပြီး ကြိုက်ရင် အောက်ကလိပ်စာမှာရယူနိုင်ပါတယ်
Download>>>mirrorcreator(or)zippyshare







ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here