Monday, September 23, 2013

အဖြည့်ခံ ~~~~~~

သူကျွန်တော့်ကို `အရမ်းလွမ်းတယ်´လို့ပြောတိုင်း ကျွန်တော်ငိုချင်တယ်……
သူသာတကယ်လွမ်းတတ်ခဲ့မယ်ဆိုရင် ဖုန်းလေးတခါလောက်ဖြစ်ဖြစ် sms တိုလေးတကြောင်းလောက်ဖြစ်ဖြစ် မဖြစ်မနေပို့ပေးပြီး အရမ်းသတိရကြောင်းပြောပြမိမှာပါ……
သူကျွန်တော့်ကို `စိုးရိမ်ပြီးစိတ်ပူတယ်´လို့ပြောတိုင်း ကျွန်တော်ငိုချင်တယ်……
သူသာတကယ်စိတ်ပူတတ်ခဲ့မယ်ဆိုရင် ကျွန်တော်နေမကောင်းဖြစ်တဲ့အခိုက် ဖုန်းလေးတခါလောက်ဖြစ်ဖြစ် sms တိုလေးတကြောင်းလောက်ဖြစ်ဖြစ် မဖြစ်မနေပို့ပေးပြီး ဆေးသောက်ပြီး ဆေးခန်းသွားဖို့ နှိုးဆော်နေမှာပါ……
သူကျွန်တော့်ကို `အရမ်းချစ်တယ်´လို့ပြောတိုင်း ကျွန်တော်ငိုချင်တယ်……
သူသာတကယ်ချစ်တတ်ခဲ့မယ်ဆိုရင် ကျွန်တော့်ရဲ့ ကြင်နာယုယမှုတွေကို ဥပက္ခာပြုထားမှာမဟုတ်ဘူး……
ကျွန်တော်စိုးရိမ် စိတ်ပူလို့ ဂရုတစိုက်နဲ့ ပြောတဲ့စကားတွေကို သူမျက်နှာလွှဲခဲပစ် လုပ်ရက်မှာမဟုတ်ဘူး……
ချစ်သူရယ်…… နင်တကယ်မချစ်ဘူးဆိုတာသိရက်နဲ့ ငါ့ရဲ့တဖက်သတ်အချစ်တွေက နင်မှနင်ဖြစ်နေတယ်……
နင်တကယ်ငါ့ကို သတိမရဘူးဆိုတာသိရက်နဲ့ ငါ့အတွေးစိတ်ကူးတွေက နင်မှနင်ဖြစ်နေတယ်……
နင်တကယ်ငါ့အတွက် မသိတတ်ဘူးဆိုတာသိရက်နဲ့ နင့်အတွက်စိုးရိမ်သောကဖြစ်နေတယ်……
ငါ့ရဲ့ဝဋ်ကြွေးတွေက အတွေးသံသရာမှာတောင် အမှောင်ချရင်း အလင်းမမြင်သေးတဲ့ငါ့အနာဂတ်ကို နင့်မေတ္တာတချို့နဲ့လှော်ခတ်သွားပါရစေ……

လွှမ်းဝေအောင် (ရေနံချောင်း)




0 မှတ်ချက်:

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here