Saturday, September 21, 2013

သူတို့ မသိကြလို့ ပါ



မောင်ရေ ----
လူတချို့ကပြောတယ်
'' တကယ်မချစ်လို့ ဝေးကြတာပါတဲ့ ''
တကယ်တော့
သူတို့မသိလို့ပါနော်

- အခုအချိန်မှာ မောင်
ကျွန်မ ဆီက
''ချစ်တယ်''ဆိုတဲ့
စကားကို မကြားချင်တော့ပေမယ့်
တချိန်က မောင်အဲဒီစကားလေးကို
ကျွန်မဆီက လိုလိုလားလား
တောင်းခဲ့ဖူးတယ် ဆိုတာကိုလေ ---

- အခုအချိန်မှာ
ကျွန်မ အသံကို မောင်မကြားချင်တော့ပေမယ့်
တချိန်က ကျွန်မအသံကို ကြားချင်လို့
မောင် ph တွေအကြိမ်ကြိမ် ဆက်ခဲ့ဖူးတယ်
ဆိုတာကိုလေ -----

- အခုချိန်မှာ
ဆုတောင်း
မပြည့်တော့ပေမယ့်
တချိန်က
ပုဂံဘုရားတိုင်းမှာ ကျွန်မတို့အတူတူ
လက်တွဲခွင့်ရဖို့
ဆုတွေအတူတူ
တောင်းခဲ့ဖူးတာကိုလေ -----

- အခုအချိန်မှာ
မောင့်အတွက်
မလိုအပ်တော့တဲ့ (လွင့်ပစ်လိုက်ပြီလားတောင်မသိတဲ့)
ကျွန်မဓါတ်ပုံလေးတွေကို တချိန်ကမောင်
လိုလိုလားလား သိမ်းထားခဲ့ဖူးတယ်
ဆိုတာလေ ------

- အခုအချိန်မှာ ဘာမှမဟုတ်တော့ပေမယ့်
မောင်နေမကောင်းဖြစ်တဲ့ အချိန်တိုင်း
ကျွန်မ အကြိမ်ကြိမ်ငိုခဲ့ဖူးတယ် ဆိုတာကိုလေ -----

- အခုအချိန်မှာ
ဘာမှမဟုတ်တော့ပေမယ့် ကျွန်မကိုမထားခဲ့ပါနဲ့နော်
ဆိုတဲ့ ဂတိစကားလေးကို မောင့်ဆီက
ခနခန တောင်းခဲ့ဖူးတယ်
ဆိုတာကိုလေ -----

- သူတို့မသိလို့ပါနော် --
ကျွန်မ နဲ့ မောင် အခုချိန်မှာ ဘာမှမဟုတ်တော့ပေမယ့်
တချိန်က အရမ်းချစ်ခဲ့ကြတယ် ဆိုတာကိုလေ -----

- တကယ်တော့ မောင်နဲ့ကျွန်မနဲ့ကြားမှာ
နားလည်မှု ခပ်ပါးပါးလေးလွဲလို့
လမ်းခွဲဖြစ်ခဲ့တယ်ဆိုတာ သူတို့မသိကြလို့ပါမောင်ရယ် ------
(သူတို့မသိခဲ့ကြလို့ပါ -----)


   စိမ့်စိမ့် ( တောင်ကြီး )




0 မှတ်ချက်:

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here