ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

Flash Song လေးတွေ ဖန်တီးဖို့ SWI Effect များ



Flash Song လေးတွေ ဖန်တီးနေတဲ့ သူငယ်ချင်းတွေရော၊ ခုမှ Flash Song လုပ်တာ ဝါသနာပါလာလို့ လုပ်ချင်တဲ့ သူငယ်ချင်းတွေ အတွက်ရော Flash Song တွေ ဖန်တီးဖို့ SWI Effect လေးတွေ အသစ်ပြန်တင်ပေး လိုက်ပါတယ်။ ဟိုအရင် ကျွန်တော် Google Code က တင်ပေးထားတာတွေက 2013 ကုန်ပြီဆိုတာနဲ့ ဒေါင်းလို့ မရနိုင်တော့ပါဘူး။

Google  က 2013 ကုန်တာနဲ့ Google Code ကို ဖျက်ပြီးတော့ Google Drive မှာပဲ Host လုပ်ဖို့ ပြောထားပြီး ပါပြီ။ ပြီးတော့ အရင်က တင်ပေးတုန်းက SWI Effect တွေကို WinRAR နဲ့ ချုပ်ပြီးတော့ တင်ပေးခဲ့တာပါ။ တစ်ချို့ကျတော့ WinRAR ဆော့ဝဲလ် မရှိလို့ ဖွင့်မရ သုံးမရ ဖြစ်နေတာတွေနဲ့ WinRAR ဆော့ဝဲလ်ကို Full Version မဟုတ်သေးတာတွေ သုံးနေတာတို့ ဆိုရင် ဖွင့်လိုက်တိုင်း ဝယ်ခိုင်းတဲ့ ဘောက်စ်က တက်နေတော့ စိတ်ပျက်ဖို့ ကောင်းပါတယ်။ 

အဲဒါကြောင့် ဒီတစ်ခါတော့ SWI Effect တွေကို .swi  ဖိုင်နဲ့ပဲ တင်ပေးလိုက်ပါတယ်။ Flash Song လုပ်တဲ့အခါမှာ အလွယ်တကူ ယူ သုံးနိုင်အောင်လို့ပါ။ ပြီးတော့ အရင်ကထက်လည်း Effect တွေ စုံပါတယ်။  Double Tun တင်ပေးခဲ့တဲ့ Effect တွေရယ်မလွမ်းဧကရီ ၊ ကိုမျိုးဦး ၊ မိုးကဗျာ ၊ ပြီးတော့ အနော်ဒေါင်းပြီး စုထားတာတွေရော ပါပါတယ်။ 

Flash Song လုပ်တဲ့အခါ အများဆုံး လိုအပ်တဲ့ Play/Stop Button တွေ ၊ Mouse Effect တွေ ၊ လင့်တွေ ချိတ်ဖို့ Button တွေရော အများကြီးပါ။

Download: Flash Song လေးတွေ ဖန်တီးဖို့ SWI Effect များ

အောက်က မိုးကဗျာ ပေးထားတဲ့ Effect တစ်ခုကိုတော့ ကျွန်တော် အကြိုက်ဆုံးပါပဲ။  လိုချင် ရင် ဒေါင်းယူ လိုက်ပေါ့နော်..။


သူငယ်ချင်း သူရိန်လင်း တင်ပေးထားတာပါ။ ဖလက်ဝါဒနာရှင်အားလုံး အလွယ် အသုံးပြုနိုင်အောင် ကျနော်ပြန်ရှယ်ပေးလိုက်တာပါ။

 အားလုံးအဆင်ပြေပါစေ.......။


0 မှတ်ချက်:

Post a Comment

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here