Saturday, October 26, 2013

ပြီးသွားမှာပါ



မွေးစခဏ ငယ်ငယ်ကဖြင့်
အော်ဟစ်ငိုကြွေး ချစ်စရာတေးတဲ့
ပြုံးလို့ ကြည့်ကြ လူတစ်စုက
အပျော်ထုလည်း ကြီးမားပါစ ရောင်စုံညဝယ်။

သေခြင်းတရား စည်းကခြားပြီ
သူသူငါငါ ရုန်းမသာတော့
အုံးအုံးသဲသဲ ငိုပွဲနွှဲကြ
ထိုခဏ၌လမိုက်ရပြီ။

ဆုံးစဘဝ ကြည်နူးရွင်ပြ ရောင်စုံညနဲ့ 
ကိုယ်တွင်းမီးခဲ တရဲရဲတောက်
သောကအပူ ဖေးကူသူမဲ့
သေခြင်းတစ်ဖက် စစ်ခင်းကာတိုက်
မှောင်မိုက်ပါစေ အိုည တစ္ဆေတို့...

ငါသမိုင်းငါရေး
ငါတရားငါတွေး
ငါလမ်းငါဖောက်
သန်းခေါင်ရောက်လဲ
ငါမကြောက်ခဲ့
ရှေ့ရောက်ရေးကို
ငါပြေးထွက်မယ်
အလင်းပန်းခက် ဖူးငုံပွင့်ထွက်
အို နံနက်သို့  ရောက်တော့မည်။

သေသည့်ဘဝ
ရှင်ခြင်းခဏ
စည်းအခြားက
မင်းငါမခွဲ
တတွဲတွဲနဲ့ ပါစမြဲမို့
သတိချပ်စေ
 ရောင်းရင်းတို့...တွေ။


 တေးတေး

1 မှတ်ချက်:

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here