ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ကွန်ပျုတာမှာရော Android ဖုန်းတွေအထိပါ ထည့်သွင်းအသုံးပြုနိုင်တဲ့ သရုပ်ပြအဘိဓာန်ဆော့ဝဲကောင်း



မြန်မာစာပေလောက အတွက်ရော ဘာသာရေးဆိုင်ရာ ဗဟုသုတ တွေကိုရောပါ ကကြီးကနေ အ အထိ ပိဋကတ်တွေ ကျမ်း အကိုးအကား တွေနဲ့ ပြပေးထားတဲ့ ဖျာပုံတိုက်သစ် ဆရာတော်ကြီးရဲ့ သုတေသန သရုပ်ပြ အဘိဓာန် ကျမ်းကြီးပါ။ မူရင်း စာအုပ်ကြီးက စာမျက်နှာ ၇၇၀ လောက်ရှိပါတယ်။ မြန်မာစာပေ ယဉ်ကျေးမှုကို အထူးပြုလေ့လာနေသူတွေ၊ အင်တာဗျူးတွေဝင်ခွင့်တွေဖြေဖို့ ဗဟုသုတ ရှာမှီးလိုသူတွေ ၊ စာရေးဆရာ လုပ်မယ့်သူတွေ၊ စင်ပေါ်တက်ပြီး ဟောပြောမယ့် သူတွေ၊ ဗဟုသုတတွေအများကြီးလိုအပ်မယ့် ခေါင်းဆောင်လုပ်ကြမယ့်လူတွေ အတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ အရာတစ်ခုပါ။ ကျမ်းကြီးထဲမှာ ဘာတွေပါလဲ ဆိုတော့ ဥပမာဗျာ အဋ္ဌာရသ(၁၈)ရပ်ဆိုတာတော့ လူတိုင်းကြားဖူး ကြမှာပေါ့။ ဒါပေမယ့် အဲ့(၁၈)ရပ်က ဘာတွေလဲ ဆိုတာကို သိတဲ့လူကတော့ ရှားလိမ့်မယ်။ နောက်ပြီး မြတ်စွာဘုရားရဲ့ စက်တော်မှာ (၁၀၈) ကွက်လက္ခဏာတော်တွေပါတယ်လေ။ အဲ့ (၁၀၈) မျိုးကဘာဆိုတာတွေ။ ပိုးမျိုး(၈၀)၊ လေမျိုး(၈၀)၊ အနာမျိုး (၉၆)ပါး စသဖြင့် စသဖြင့် ပေါ့ဗျာ။ ကိုယ်သိချင်တာတွေကို ကကြီးကနေ အ အထိ ရှာကြည့်နိုင်ပါတယ်။ အဲဒါကို ကျနော်က dictionary application လေးအဖြစ် ရေးပေးထားပါတယ်။ Windows အတွက်ရော Android အတွက်ရော ရေးပေးထားပါတယ်။ Windows application ထဲမှာတော့ မူရင်းကျမ်းစာအုပ် (စာမျက်နှာ ၇၇၀ရှိသော) pdf ဖိုင်လေးပါ ထဲ့ပေးထားပါတယ်။
အားလုံးပဲဗဟုသုတတွေ တိုးပွားနိုင်ကြပါစေဗျာ။


စာတွေနဲ့ ဆော့ဝဲကို ကိုဌေးလင်း စာမျက်နှာမှ ကူးယူ၍ ထပ်ဆင့် ဖြန့် ဝေပေးတာပါ

Credit = ကိုဌေးလင်း & ကိုမိုးသက်


Windows application
https://drive.google.com/file/d/0B_O9zJGuKeTANHAtdzQ1M3JrS1k/edit?usp=sharing
Android Application
https://drive.google.com/file/d/0B_O9zJGuKeTAQk1TQVViTEJqWkk/edit?usp=sharing
Original pdf
https://drive.google.com/file/d/0B_O9zJGuKeTAY3hlOVYwV3hPYUE/edit?usp=sharing


1 မှတ်ချက်:

Sa than tint aung said...

သရုပ်ပြ အဘိဓါန်ကို လုံးဝ ၀င်လို့မရပါ
ဝင်သွားပေမယ့် ဘာစာမှ မတွေ့ရပါ

Post a Comment

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here