Wednesday, May 28, 2014

IOS 7.1 တင်လိုက်လို့ ဇော်ဂျီဖောင့် ပျောက်နေရင် ဖြေရှင်းနည်း( 7.1 မြန်မာစာဖတ်ရအောင် လုပ်နည်း)

IOS 7.1 တင်လိုက်လို့ ဇော်ဂျီဖောင့် ပျောက်နေရင် ဒီလိုလေး ရှင်းလိုက်ကြရအောင်။
တနေ့ ကထွက်လာတဲ့ IOS 7.1 ကြောင့် ဇော်ဂျီဖောင့် ပျောက်သွားပြီး သူငယ်ချင်းတွေ တော်တော်များများ ခေါင်းစားနေကြတာ တွေ့ ရပါတယ်။ အဲ့ဒါကြောင့်မို့ တလက်စတည်း အားလုံးအတွက် အဆင်ပြေအောင် လုပ်နည်းလေးကို ဒီကနေ တဆင့် တင်ပေးလိုက်ပါတယ်။ ပုံလေးတွေနဲ့ ရှင်းပြထားတာမို့ သာမန်လူတွေအတွက်ပါ နားလည်လွယ်ပါတယ်။ ဂျေးဘရိတ် မလုပ်ထားတဲ့ အိုင်ဖုန်းတွေအတွက်ပါ။ ဇော်ဂျီကို ပြန်မြင်အောင် လုပ်တဲ့နည်းပါပဲ။ ရိုက်ဖို့ ကီးဘုတ်ကတော့ အဆင်မပြေသေးပါဘူး။
ကဲ စလိုက်ကြရအောင်နော်။
 


၁.
အရင် ရှိပြီးသား ဇော်ဂျီဖောင့် ရဲ့ ပရိုဖိုင် အဟောင်းကို ဖျက်ဖို့ လုပ်ပါမယ်။
အိုင်ဖုန်းရဲ့ Setting အောက်က General ကို နှိပ်ပါ။


၂. General ကို ရောက်ရင် Screen အောက်ထိရောက်အောင် ဆွဲချပြီး Profile ကို နှိပ်ပြီး ဖွင့်ပါ။ Installed လုပ်ထားတဲ့ ကဏန်းလေးတွေတော့ ကွဲပြားနေပါလိမ့်မယ်။

၃. Profile အောက်မှာ ရှိနေတဲ့ Zawgyione-font ဆိုတာလေးကို နှိပ်ပြီး Remove လုပ်လိုက်ပါ။ အဲ့ဒါဆိုရင် ရှိပြီးသား ဇော်ဂျီကို Delete (Uninstall) လုပ်သွားပါလိမ့်မယ်။

၎. Home ခလုပ်ကို နှိပ်ပြီး စက်တင်ထဲက ထွက်ပါမယ်။
ဒီလင့်လေးကို http://cl.ly/UMK0
Safari ထဲမှာဖွင့်ပြီး Zawgyi font ဒေါင်းလုပ် လုပ်ပါမယ်။ (အိုင်ဖုန်းနဲ့ ဖေ့ဘုတ်ပေါ်မှာ ရှိတဲ့ အပေါ်က လင့်လေးကို နှိပ်လိုက်ရုံပါပဲ။)

၎-က. အဲ့ဒီလင့်နဲ့ အဆင်မပြေရင် Safari မှာ http://blog.saturngod.net/knowledgebase/zawgyi-for-ios-7-thank-thant-thet
ကို ဖွင့်ပြီး http://d.pr/f/M8Es+
ကို နှိပ်၊ ဇော်ဂျီဖောင့် အင်စတော်လာ လေး ကျလာရင် Install ကို နှိပ်ပြီး ဇောင်ဂျီဖောင့် သွင်းပါမယ်။

ကဲ အဲ့ဒါဆိုရင် ဖေ့ဘုတ်မှာ SMS တွေ Safari တွေမှာ ဇော်ဂျီဖောင့်တွေ ပြန်မြင်ရ ပြန်ဖတ်လို့ ရပြီပေါ့။

အိုင်ဖုန်း အသစ်သမားတွေ အတွက်ကတော့ အပေါ်က အဆင့်တွေ မပါဘဲ အဆင့် ၄ ကို တန်းလုပ်ပြီး ဇော်ဂျီဖောင့် ကို တင်လို့ ရပါတယ်။

ကဲ ပန်းသီး ချစ်သူတွေ အားလုံး ခေါင်းစားတဲ့ အရေးမှ ကင်းဝေးကြပါစေ။

credit >>>> FONECLUB..
admin_lin

တစ်ခု ရှိတာ....အဲဒီအဆင့်တွေအားလုံးပြိးလို့..မြန်မာဖောင့်မြင်ရရင်....
ဖေ့ဘုတ်ပဲဖြစ်ဖြစ်...website ပဲဖြစ်ဖြစ်...ကိုယ်သုံးတဲ့ app ကို....အိုင်ဖုန်းမှာ.
multitasking နဲ့ သွားမပိတ်မိပါစေနဲ့...
အဲလိုဆို အစကနေ ပြန်install လုပ် နဲ့ ပြန်စရပါလိ့်မ်မယ်..
တချို့က ဖုန်း battery ကုန်မှာစိုးလို့...ပိတ်တတ်တဲ့ အကျင့်လေးတွေ ရှိလို့ပါ..
တခြား app တွေကို ပိတ်လို့ရပါတယ်...ကိုယ်မြန်မာလို့ မြင်ချင်တဲ့ app က လွဲရင်ပေါ့....




3 မှတ်ချက်:

Unknown said...

မရသေးဘူးဗျာ လုပ်ကြည့်ပြီးပြီ တခြားနည်းလမ်းတွေရှိရင် တင်ပေးပါဦး။

Unknown said...

thank you so much

Naw Snow said...

thanks!

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here