Sunday, April 6, 2014

အောင်နိမိတ် အောင်စိတ်


အနင်းခံရတဲ့မြက် ပိုသန်သတဲ့
အကျဉ်းခံရတဲ့ငှက် ပိုပျံနိုင်လိမ့်မယ် ….

အခက်အခဲတွေ့က
ဖျက်ခွဲ၍ ပစ်ကြလော့…..

ရက်ရှည်ရကောင်းလားလို့
မျက်ရည်မကျနဲ့ ….

အံကြိတ်ပြီး အမောင်ဇွဲသန်မှ
အလံချိတ်ပြီး အောင်ပွဲခံရမှာ….

အကြောက်သန်၊ အတွေးဖောက်ပြီး
နောက်ပြန်ပြေးပေါက်မရှာနဲ့
ရှေ့ကိုသာ ဆက်လျှောက်
တနေ့နေ့မှာ ရောက်ရမယ်….

မာန်ဇွဲတင်း အံခဲရင်း
အလံမလှဲခြင်း စိတ်ဓာတ်နဲ့
နိမိတ်ဖတ်ပြီး အောင်ပန်းခူး
စိတ်ကူးနဲ့ မြူးကြစို့ …………………

(တင်မိုး)

0 မှတ်ချက်:

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here