ရန်ကုန်မှာမင်း
အရိပ်ခိုခဲ့ဖူးတဲ့ သစ်ပင်ကြီးမရှိတော့ဘူး
အထင်ကရဖြစ်ခဲ့တဲ့အဆောက်အဦကြီးမ
ငါတို့ ဆော့ကစားခဲ့ ဘောလုံးကွင်းကြီးထဲမှာ
ကွန်ဒိုမှိုပွင့်ကြီးထိုးထွက်လြာ
လမ်းပေါ်မှာကားတွေကျပ်နေရုံမက
ဘုရားပေါ်မှာလည်းဘုရားတွေကျပ်နေတ
ရန်ကုန်ကိုအလစ်ပေးလို့မရတော့ဘူး
ဘယ်သူပေးလို့ဘယ်သူယူမှန်းမသိတဲ့
တံတိုင်းအမြင့်ကြီးတွေခတ်လို့ ပွဲတော်ကြီးတွေကျင်းပလို့
လင်းတ ဆွဲတဲ့အသားတုံးလို ရန်ကုန်ဟာ အပိုင်းပိုင်းအတစ်တစ်ပဲ
အသားသည်ရဲ့စဉ့်နီတုံးပေါ်မှာ ရန်ကုန်ဟာထခုန်နေတယ်
လူအချင်းချင်းအမဲလိုက်တာလည်း ရန်ကုန်ပဲ
လူအချင်းချင်း အစာခွံ့တာလည်း ရန်ကုန်ပဲ
ရန်ကုန်ကို အလစ်မပေးနဲ့
မျက်တောင်တစ်ချက်ခတ်လိုက်ရင် မင်းရပ်ကွက်ကို
ခြံစည်းရိုးခတ်သွားမယ် တံတိုင်းပတ်သွားမယ်
ရန်ကုန်ကိုအလစ်မပေးနဲ့
ရန်ကုန်ဟာခဏခဏဆန္ဒပြတယ်
ရန်ကုန်ဟာခဏခဏမီးပျက်တယ်
ရန်ကုန်ကိုဟက်တက်ကွဲနေတဲ့မျက်နှ
ရန်ကုန်ကိုအသက်ငင်နေတဲ့ ဧရာဝတီရောက်လာတယ်
ရန်ကုန်ကိုအဓမ္မထိန်းသိမ်းခံရတဲ့
ရန်ကုန်ကိုမငြိမ်းချမ်းသေးတဲ့ ငြိမ်းချမ်းရေးတွေရောက်လာတယ်
လူတွေရဲ့ အပူတွေဟာ ဆူးလေဘုရားဆီ စီးဆင်းသွားတယ်
ရန်ကုန်ဟာမှော်ဆရာရဲ့ ပုဝါလို
တစ်ချက်ခါလိုက်ရင် ချိုးဖြူငှက်တွေထပျံသွားတယ်
တစ်ချက်ခါလိုက်ရင် သွေးစိမ်းရှင်ရှင်ဖြာဆင်းသွားတယ
ရန်ကုန်ဟာခေတ်မီတယ်ဆိုပဲ
ရန်ကုန်ဟာခေတ်ကျော်တယ်ဆိုပဲ
ရန်ကုန်ဟာခေတ်လွန်တယ်ဆိုပဲ
ကြည့်
ရန်ကုန်ဟာစကပ်အတိုကိုထပ်ဖြတ်ပြီ
ရင်လေးပေမယ့်ငေးမိတယ်။ ။
ကိုရွေး
From-
0 မှတ်ချက်:
Post a Comment