Wednesday, June 25, 2014

Android ဖုန်းအားလုံးအတွက် မြန်မာစာမှန်ပြီး Version အားလုံးအဆင်ပြေတဲ့ Smart Zawgyi Pro.apk



Developer
ကိုကျော်စွာသွင်ရဲ့ Smart Zawgyi Pro (Bat tool) ကိုတော့သုံးဖူးကြမှာပါ။
၂၀၁၃ နိုဝင်ဘာလောက်ကတည်းက ထုတ်ခဲ့ပေမယ့် အခုနောက်ဆုံးထွက်ဖုန်းတွေအထိ error
ကင်းကင်းနဲ့ font သွင်းနိုင်ပါတယ်။

မနေ့ညက အဲဒါသုံးရင်း အဲဒီ
Smart Zawgyi Pro (Bat tool) ကို Android App အနေနဲ့ဆို Users
တွေအတွက်သုံးရတာ ပိုအဆင်ပြေမယ်ထင်လို့ Smart Zawgyi Pro (Android Version)
အနေနဲ့ ပြန်လည်ရေးသားဖန်တီးပေးလိုက်ပါတယ်။
ယခု Smart Zawgyi Pro
(Android version) ဟာ အရင်ကထွက်ပြီးသား ကွန်ပျူတာ tool ဖြစ်တဲ့ Smart
Zawgyi Pro ရဲ့ Shell script တွေကို Android ဖုန်းပေါ်ကနေ တိုက်ရိုက်တင် run
ပေးလိုက်တာဖြစ်တာကြောင့် ယခု Smart Zawgyi Pro (Android version) ရဲ့
အလုပ်လုပ်ပုံက Smart Zawgyi Pro (Bat tool) နဲ့အတူတူပဲဖြစ်ပါတယ်။

-Android version အားလုံးမှာအလုပ်လုပ်ပါတယ်။
-မြန်မာစာမှန်ကန်စွာထည့်သွင်းပေးနိုင်ပါတယ်။
-သွင်းထားသော Smart Zawgyi Font ကိုမကြိုက်ပါက Uninstall ပြန်လုပ်နိုင်ပါမယ်။

-ကိုယ့်ဖုန်းရဲ့ Android version နဲ့ကိုက်မယ့် Font သွင်းနည်း Method ကို
ဆော့ဝဲက auto ရွေးချယ်အသုံးပြုပြီး font သွင်းပေးသွားမှာပါ။
ဒီထက်ပိုကောင်းတဲ့ Font Changer Tool တွေလည်းရှိမှာပါ။ အခုဟာကတော့ မူရင်း
Smart Zawgyi Pro ကိုသုံးစွဲနေကြသူတွေအတွက် ယင်း မူရင်း Smart Zawgyi Pro
ကို Android App အနေနဲ့ပြန်လည်ရေးသားဖန်တီးထားခြင်းပါ။

Smart Zawgyi Pro အား ကိုကျော်စွာသွင်မှရေးသားပါသည်။

Smart Zawgyi Pro (Android version) အား ကိုသက်နိုင်စိုး မှပြန်လည်ရေးသားပါသည်။

Smart Zawgyi Pro (Android version) အားအောက်က link မှာရယူနိုင်ပါတယ်။
Download - Mssk- Smart Zawgyi Pro.apk

Credit - Thet Naing Soe (Myanmar Mobile App Store)

နည်းပညာရပ်ဆိုင်ရာနဲ့  စွယ်စုံစာအုပ်စင်

Mobile Phone ဆိုင်ရာပညာလေ့လာရန်



1 မှတ်ချက်:

Unknown said...

ì-mobie IQ6 ရော ရပါသလာရှင်

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here