Sunday, June 15, 2014

မဟာစည်ဆရာတော်ကြီး နှင့် နတ်သား စကားပြော MP3 file ( 1951 )


မင်္ဂလာပါ........ဒီလိုဖြစ်ရပ်တစ်ခုရှိခဲ့ဖူးပါတယ်......။( ကျွန်တော်ငယ်ငယ်တုန်းက အဘိုး၊အဖွားတို့ ဖွင့်တာ ကြားခဲ့ဖူးပါတယ်....။နားမလည်ခဲ့ပါဘူး။ အခု AYE CHAN AUNG MYIN Blog ကနေ တစ်ခါပြန်တွေ့ရလို့ ပြန်လည်ဝေမျှလိုက်ပါတယ်.....။ ) ဖြစ်စဉ်အကျဉ်းကတော့......ပုသိမ် မြို  မှ ယောဂီ တစ်ဦး ထူးဆန်းသောစကား ပြောနေ၍ လေ့လာရာ ပါဠီ သံ နှင့်ဆင်တူသဖြင့် သိနားလည်သူ မှ နားထောင်ရာ နတ် တစ်ပါး ဝင်ပူးပြီး မဟာစည် ဆရာတော်နှင့် တွေ့လို ကြောင်း ပြောပါသည် ။ ထိုယောဂီ သည် သီလ သမာဓိ နှင့် ပြည့်စုံပြီး တရားအားထုတ်ခြင်းဖြင့်သာ အချိန်ကုန်နေသူ ဖြစ် သောကြောင့်လဲ နတ်ဝင်ပူး နိုင်ခြင်းဖြစ်သည်။  ထို့ကြောင့် မဟာစည် ဆရာတော် နှင့် တာဝန်ရှိသူများ ညှိနှိုင်းပြီးတွေ့ဆုံမည့် နေ့ရက် ကိုသတ်မှတ် ကြပါသည် ။ ထိုသို့တွေ့ဆုံရာတွင် ပါဠိ ကျွမ်းကျင် သော ဆရာတော် များ ဂုဏ်သရေ ရှိ ပုဂ္ဂိုလ် များ ပါဝင်စေလျက် တိတ်ခွေအသံဖမ်းစက်ဖြင့် လည်း အသံဖမ်း ယူခဲ့ပါသည် "  ဝင်ပူးသော နတ် သည် ၃၇ မင်း ကဲ့သို့သော နတ်များ မဟုတ်ဘဲ စတုမဟာရဋ် အဆင့်ဝင် နတ်မင်းကြီး တစ်ပါး ဖြစ်ပြီး  အမည် နှင့် ဘုံ တည်နေရာ ကိုပါပြောဆိုခဲ့ပါသည် "နတ်မင်းကြီး နှင့် မဟာစည် ဆရာတော် တို့ ပါဠီ ဘာသာစကား ဖြင့် ပြော ဆိုကြပါသည် "ပြော ဆိုမူသည် နာရီ ဝက် ခန့် ကြာ ပြီး ထို တိတ် ခွေတွင် သက်သေပြချက် သဘောဖြင့် ရှင်းလင်းချက် များ လည်း ပါသည် ။ဥပမာ အားဖြင့် ထိုစဉ်က နိုင်ငံတော် ဝန်ကြီးချုပ် ဦးနု ကိုယ်တိုင် နားထောင်ပြီး အသံလွှင့် ရန်သင့် မသင့် ကို ဆုံးဖြတ် ခဲ့ကြောင်း  လဲ ပါဝင်ပါသည် ။  ယခု နောက်ပိုင်း ၄င်း file ဖွင့်မရ တော့ ၍ သိ ရှိုသူများ အနေဖြင့် ယနေ့ခေတ် လူငယ်များ ဗဟုသုတ ဖြစ်စေရန် အတွက် ပြန်လည် ဖော်ပြ ပေးရန်တောင်းဆိုပါသည် ။ယုံ မ ယုံ အ ငြင်း ပွား ခြင်းထက် ဤ အဖြစ်အပျက်မျိုး ရှိခဲ့ ဘူးသည် ကို ဗဟုသုတ အတွက် တင်ပြပါသည် ။




Download - အသံဖိုင်ဒေါင်းရန်နှိပ်ပါ ဝေမျှသူ-(www.itsharing.net) မှ့ကူးယူဖော်ပြသည်

1 မှတ်ချက်:

Unknown said...

Thank you brother.

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here