Thursday, July 17, 2014

IOS 7.1.2 jailbreak လုပ်နည်း မြန်မာဖောင့်နဲ့ ကီးဘုတ်ထည့်နည်း ဗွီဒီယို

မင်္ဂလာပါ ခမျာ IOS 7.1.2 jailbreak လုပ်နည်း မြန်မာဖောင့်နဲ့ကီးဘုတ်

ထည့်နည်းလေးကို ကျနော် လော့လာမိသလောက် ပြန်လည်မျှဝေ လိုက်

ပါတယ် မြန်မာဖောင့် အဆင်မပြေသူများအတွက်သာ ရည်ညွှန်းပါတယ်

ခမျာ    အောက်ကဆော့ဝဲအား ဒေါင်းပါ ဖုန်းမှာ ပုံမှာ ပြထားတဲ့ အတိုင်း

ထားလိုက်ပါ    ဆော့ဝဲ     ဒေါင်းပီးသားကို   ဖွင့်လိုက်ပါ ပီး ရင် ကလစ်

တစ်ချက်နှိပ်         လိုက်တာနဲ့  အားလုံး       အဆင်ပြေပါတယ် ခမျာ

ကျနော် ဗွီဒီယို ဖိုင်လေးနဲ့ လုပ်ပြထားပါတယ် အားလုံးပဲအဆင်ပြေမယ်

လို့မျှော်လင့်ပါတယ်   အမှားပါခဲ့ရင်လည်း   ခွင့်လွှတ်ပါခမျာ    ကျနော်

လုပ်တက်   သလောက်             အဆင်ပြေအောင်လုပ်ပြထားပါတယ်

ဆော့ဝဲအားဒေါင်းရန် Download

ဆော့ဝဲအားဒေါင်းရန်Download

jailbreak ပြုလုပ်နည်း ဗွီဒီယို






cydia     ဖွင့်ပါ    Sources,Edit,Add မှာcydia.macforus.com/ အပ်ပါ

Zawgyi ios 4.3 font  ကိုအရင်အင်စတောလုပ်ပါ ပီးရင် MMKeyboard

for ios7+    ကို      အင်စတောလုပ်လိုက်ပါ     အဆင်ပြေပါစေ........

Admin အညာသား

မြန်မာဖောင့်နဲ့ကီးဘုတ်ထည့်နည့်ဗွီဒီယို




Wednesday, July 16, 2014

Android ဖုန်မှာ Myanmar Font စာလုံးဒီဇိုင်းအလှ10 မျိုးပြောင်းသုံးချင်ရင်



Download - Mssk.myanmar.designfont.apk

နည်းပညာရပ်ဆိုင်ရာနဲ့  စွယ်စုံစာအုပ်စင်

Mobile Phone ဆိုင်ရာပညာလေ့လာရန်



Tuesday, July 15, 2014

Android ဖုန်းအတွက် အသံလည်းကျယ် Auto ပိတ်တဲ့ အချိန်ဇယားပါတဲ့ Player



အိပ်ခါနီးဆို ဘယ်ချိန် ပိတ်မလဲ အချိန်မှန်းပိတ်လို့ ရပါတယ် ထူးခြားတယ်

မသုံးဖူးသေးသူများ အောက်ကလင့်မှာ Download ယူပြီးသုံးကြည့်လိုက်ပါ




Download - maven blueplayer.apk




လူပျိုကြီးဂုဏ် ( လူပျိုကြီးစစ်စစ်များအတွက် )


သော့ခလောက်တိုင်းကို ဖွင့်ခွင့်ရှိတဲ့
မာစတာကီးဆိုတာ ဘယ်သူမှငြင်းလို့မရဘူး
မောက်ထားတဲ့ ဖဲချပ်လို
လူတိုင်းက စိတ်ဝင်စားနေတာ
လူပျိုကြီးဆိုတာ
အရာမယွင်းသေးတဲ့ ပတ္တမြားတလုံးပဲ
ဒါကိုသိလို့ ဟိုချီမင်
လူပျိုကြီးလုပ်ခဲ့တာဖြစ်မယ်
မိန်းမယူတယ်ဆိုတာ
ကြက်တူရွေးတစ်ကောင်မွေးလိုက်တာ
မြွေပွေးကို ခါးပိုက်ပိုက်လိုက်တာ
လွပ်လပ်ခွင့်ကို စစ်တပ်ကိုအပ်လိုက်တာ
အာဏာရှင်ကို အုပ်ချုပ်ခွင့်ပေးလိုက်တာ နဲ့တူတူပဲ …
လက်ထပ်စာချုပ်ဆိုတာကျ
လက်နက်ချကြောင်းသဘောတူညီမူ့စာချုပ်
တနည်းအားဖြင့်
ရန်သူကို သေနတ်နဲ့ချိန်ခွင့်ပေးလိုက်တာ …
အိမ်ထောင်သည်တွေလို
ကိုယ့်ပိုက်ဆံကိုယ်ခိုးသုံးစရာမလိုဘူး
ကိုယ့်အလုပ်ချိန် ကိုယ်လိမ်ပြောစရာမလိုဘူး
အိမ်ထောင်သည်ဆိုတာ
ချိန်ကိုက်ဗုံးတစ်လုံးကို ရင်ခွင်ပိုက်ထားရတဲ့သူနဲ့တူပြီး
လူပျိုကြီးကျတော့
ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးနဲ့ တူတယ်
ဆေးပေးမီးယူတဲ့
ဆေးခတ် မီးရှို့သွားရင်ကော ?
သားသမီးရတနာတဲ့
ရ တာ နာ . . . ခဲ့ရင်ကော ?
မိန်းမတိုင်းမြတ်ရင်
စူဠသုဘဒ္ဒါဆိုတာရှိလာမှာမဟုတ်ဘူး
သားသမီးတိုင်း ရတနာဖြစ်ရင်
အဇာတသတ်ဆိုတာ ရှိခဲ့မှာတောင်မဟုတ်ဘူး
လူပျိုကြီးဆိုတာ
လွပ်လပ်ခြင်းကို ကန့်သတ်မခံရတဲ့သူ
အိမ်ပြန်ချိန်တွေကို ပေတံမတားခံရတဲ့သူ
လခကို စိတ်ကြိုက်သုံးစွဲခွင့်ရှိသူ
အပျိုလေးတွေရဲ့ စိတ်ကူးပန်ချီ
အပျိုကြီးတွေရဲ့ မျှော်လင့်ချက်
လူပျိုလေးတွေရဲ့ အတုယူစရာ
အိမ်ထောင်သည်တွေရဲ့ မနာလိုစရာ
ပြောမယ့်သာပြောတာ
တကယ်တော့အားနာစရာ ...
လူမိုက်တွေများတဲ့ခေတ်မှာ
လူလိမ္မာ(လူနည်းစု)တွေပဲ အိမ်ထောင်မပြုသင့်မှန်းသိကြတာ . . .

Credit: Ulay Kyi


Iphone ကိုင်သူငယ်ချင်းတွေအတွက် အရမ်းလန်းတဲ့ photo slideshow app လေးပါ

IOS ကိုင်သူငယ်ချင်းတွေအတွက် အရမ်း လန်းတဲ့ slideshow app လေးပါ

အထဲမှာ လုပ်ပီးသား frames တွေပါပါတယ် ဓာတ်ပုံ တို့ ကိုယ့်ထည့်ချင်တဲ့

သီချင်းတို့ ထည့်ပေးလိုက်ရုံပါပဲ တော်တော်ကောင်းပါတယ် applestore မှာ

ပိုက်ဆံနဲ့ ပေးဝယ်ရပါတယ်  မောင်(စွယ်စုံကျမ်း)မှာ  အခမဲ့ဒေါင်းယူပါ

အောက်ကလင့်မှာဒေါင်းလော့ယူလိုက်ပါ

Admin အညာသား

http://www66.zippyshare.com/v/36128584/file.html

Monday, July 14, 2014

Window 8 မြန်မာဖောင့်ထည့်လို့ ရပြီး ၊ လက်ကွက် မရဘူးဆိုရင်လုပ်နည်း



Window 8 သမားတွေအတွက် မြန်မာစာ ပြဿနာ

ပထမဆုံးတော့ Zawgyi Blogday ဖောင့်ကို  Download ယူအင်စတောလုပ်ပါ

အင်စတောလုပ်ပြီး Restart ချ ဖတ်မရ ရေးမရ အဆင်မပြေရင် တစ်ဆင့်ချင်းလုပ်

Control Panel ကိုသွား

Language ဆိုတာကို နှိပ်

Advance Setting ထဲကိုဝင်

ဒုတိယမြောက်နေရာမှာ Default input method မှာ Zawgyi ထားလိုက်

မြန်မာစာမြင်ရပီး စာရိုက်မရတာ ကီးဘုတ်မပေါ်တာဆိုရင်

ပုံမှာပြထားတဲ့အတိုင်း Option ကနေ အမှန်ချစ်ပေး OK လုပ်လိုက်ပါ

Window 8- Window 7 64 bit ကွန်ပျုတာအတွက် သီးသန့် ကီးဘုတ်ထည့်

32 bit တွေမှာ ပြဿနာမရှိပေမယ့် 64 မှာ မြန်မာစာ အတုံးဖြစ်တာတွေ

ကီးဘုတ်မပေါ်လို့  စာဖတ်ရပြီး မြန်မာစာရိုက်မရတာတွေအတွက်တော့

အောက်က ကီးဘုတ်ယူသုံးပါ အဆင်မပြေသူများ စမ်းကြည့်လိုက်ပါ






ဒီမှာ Download ယူပါ - Zawgyi-keyboard-for windows 8,7, 64bit



ဒီမှာ Download ယူပါ -Zawgyi Blog Day Font and Keyboard window 8

ဒီမှာ Download ယူပါ -www.zippyshare.com/Zawgyi Blog Day Font 



မြန်မာစာနဲ့ ပတ်သက်ရင် အောက်ကလင့်ကို နှိပ်ဖတ်လိုက်ပါ







Saturday, July 12, 2014

Android ဖုန်းသမားတွေအတွက် လေ့လာဖို့ လက်ထောက်ဗေဒင်ဆော့ဝဲ





Dwonload - လက်ထောက်ဗေဒင်ဆော့ဝဲ







ဗေဒင်ဝါသနာပါသူများအတွက် ဆရာမင်းသိင်္ခ၏ တားရော့ဟောနည်း





Dwonload - ဆရာမင်းသိင်္ခ၏ တားရောံဟောနည်း






ဝိုင်းစုခိုင်သိန်းရဲ့ အာဘွားစီးရီးအယ်ဘမ်တစ်ခုလုံးရဲ့ MP3 ဒေါင်းလုပ်ယူချင်ရင်





 အလွမ်းတေးပန်းချီ

လူဆိုးမလေးအချစ်


သိသလို မသိသလိုနဲ့ 

အိပ်မက်လှေ

ဟိုတုန်းကအိမ်

အာဘွား

Sweet 16

နောက်ဆုံးအချစ်

ပန်းပွင့်

အပြစ်မဲ့သက်သက်

မင်းရဲ့ ရွေးချယ်မှု

ချစ်တာအမှား



Download - အာဘွားအယ်ဘမ် -MP3 - Zippyshare


Download - အာဘွားအယ်ဘမ် -MP3 - Mediafire


နည်းပညာရပ်ဆိုင်ရာနဲ့  စွယ်စုံစာအုပ်စင်

Mobile Phone ဆိုင်ရာပညာလေ့လာရန်




Android ဖုန်းအတွက် အသံလည်းကျယ် ထူးထူးဆန်းဆန်းလေးဖြစ်တဲ့ Player


ဒီဟာလေးရဲ့ ထူးခြားချက်ကို အရင်ဆုံး ပြောပြမယ် ။သီချင်းသံကို ပိုကျယ်စေတယ်

သီချင်းနားထောင်နေရင်း နောက်တစ်ပုဒ် ပြောင်းချင်တဲ့အခါမျိုးမှာ ဖုန်းကို လက်နဲ့ 

ကိုင်ထားဖို့ မလိုပါဘူး စားပွဲပေါ်တင်ထားဆိုရင် ခုံကို ထုလိုက်ရင် ပြောင်းပေးတယ်

အိတ်ကပ်ထဲမှာ ထည့်ထားရင် လက်နဲ့ တစ်ချက်ပုဒ်လိုက်  နောက်တစ်ပုဒ်ပြောင်းပီ

ဘေးနားမှာ ထားထားတယ်ဆိုရင်လည်း ဖုန်းပေါ်ကို လက်ကလေး ၀ဲကြည့်လိုက်ပါ

နောက်တစ်ပုဒ်ပြောင်းသွားပါတယ် ။ သတ်မှတ်ချက်အတိုင်း လိုက်လုပ်ကြည့်လိုက်

အတော်လေး လန်းတယ် Player လေးပါ ။  သုံးကြည့်ရတာ တစ်မျိုးထူးခြားတာပေါ့

စမ်းကြည့်ချင်ရင် အောက်မှာ ယူသုံးကြည့်ပါ ဖလမ်းဖလမ်းလေး...အသံစွာတယ်..။



Download - Sensor Music ( Special Effect)





ဖုန်းကိုလှုပ်လိုက်တာနဲ့ နောက်တစ်ပုဒ်ပြောင်းစေမယ့် Player အလန်းဇယား



သီချင်းကို ပုံထည့် ။ အဲ့သီချင်းကို သူများပေး ပုံရောပါသွားတယ်. လှုပ်လို့ ရပီ

မသုံးဖူးသေးသူများ အောက်ကလင့်မှာ Download ယူပြီးသုံးကြည့်လိုက်ပါ


Download - Android tgb Player Pro






Android ဖုန်းကနေ ဂီတာတီး စန္ဒယားတီး အစုံပလုံတီးရတဲ့ ဆော့ဝဲ

 





Download - Musical Pro apk

Android Phone အတွက် Barcode Scanner

 
ကုဒ်နှစ်ခုစလုံး ဖတ်လို့ ရပါတယ် ဖုန်းမှာ ထည့်ထားပီး
ပစ္စည်းတွေဝယ်တဲ့အခါ လိပ်စာကတ်တွေမှာ QR ကုဒ်ပါရင်
ဖုန်းဖွင့်ပီး Scan ဖတ်ကြည့်လို့ ရပါတယ် သုံးချင်သူများအတွက်
အောက်ကလင့်မှာ Download ယူ သုံးစွဲနိုင်ပါတယ်



Download - Barcode Scanner apk

Thursday, July 10, 2014

ဖုန်းမျိုးစုံ ( Huawei_Lenovo_Samsung_Sony_HTC_IPhone) Firmware တင်နည်း



ဖုန်းအမျိုးစား တစ်မျိုးစီအတွက် နည်းလမ်းတွေ ရေးထားပါတယ် ဒီနည်းတွေကို

သိထား တတ်ထားရင် ဖုန်းပြင်တဲ့အခါ အသုံးဝင်ပါတယ် သင်တန်းတက်နေဖို့ 

အချိန်မရသူများ အသေးစိတ် တစ်ခါထဲ ပညာအကုန်ရနိုင်ပါတယ်။ယူထားပါ


Download - Firmwareတင်နည်း(လူစုံ) (Huawei -Lenovo-Samaung_Sony-HTC




လာပါ သမ္မတကြီး


လာပါ လမ်းအတူလျှောက်ရအောင် ကျွန်တော်တို့နဲ့ သမ္မတကြီးနဲ့
တွေ့လားသမ္မတကြီး ဒါ.. အင်းလျားကန်ဘောင်လေ
အရွယ်မမယ် ကလေးတွေ ကျောင်းမတက်ပဲ အလုပ်လုပ်တဲ့နေရာပေါ့။

မှောင်ရင် ထပ်ပြမယ် ညငှက်မ လှလှလေးတွေရှိသေးတယ်။
ဝမ်းစာအတွက်ပါ တစ်နေ့ ၂၀၀၀ ရဖို့ သမ္မတကြီးပြောတဲ့ နွားနို့သောက်ဖို့ သူတို့ဝမ်းရေးဖြည့်ဖို့ သွေးဖောက်သောက်ခံနေကြတယ်………… ။

လာပါသမ္မတကြီး လဖက်ရည်ဆိုင်ထိုင်ကြတာပေါ့ ဝမ်းတီး ပေါ့စိမ့် နို့တစ်ခွက် တွေ့လားသမ္မတကြီး စားပွဲထိုးလေးတွေလေ။
အရွယ်မမယ် ကလေးငယ်ငယ် အိမ်အတွက်
တဖက်တလမ်းက သူတို့ဘဝတွေကို တဖဲ့ဖဲ့ပေးဆပ်နေကြတယ်။

သမ္မတကြီးလည်း နိုင်ငံအတွက် ဒီလိုလေးတွေပေးပေါ့။
တစ်နေ့ ထမင်းတစ်နပ်လျှော့စားလည်း သူတို့ ဒီဘဝက မလွတ်နိုင်သေးပါဘူး။
ကျောင်းနေအရွယ်ကလေး ကျောင်းအပ်ရေး ဆိုတဲ့ ဆိုင်းဘုတ်တွေတော့ ပလူပျံနေတယ်လေ ကျောင်းတက်ရေးဟာ ဝမ်းတီး တူးတီး မဟုတ်ပါဘူး…………။

လာပါသမ္မတကြီး စစ်ဗိုလ်ချုပ်ဟောင်းဆိုတော့ တပ်တွေနဲ့ ရင်းနှီးမှာပေါ့...
ဒါ လိုင်းခန်းတွေလေ ခင်ပွန်းသည်တွေကတော့ ရှေ့တန်းထွက်သွားကြတယ်။ သူတို့လိုင်းခန်းကို မလာစေချင်တဲ့ လူတစ်ယောက်ရှိတယ်။
စာပို့လေ ...တပ်အခေါ် ဆက်သားပေါ့ ခင်ပွန်းသည်တွေ ရှေ့တန်းထွက်နေတုန်း
ဆက်သားဟာ သူတို့အတွက် သေမင်းရဲ့ တမန်တော်ပဲ။

သမ္မတကြီးတို့ ပြောပြောနေတဲ့ ငြိမ်းချမ်းရေးဆိုတာ သူတို့သွေးနဲ့ ခင်းထားတာပါ။ တဖက်ခြမ်းက တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ မိသားစုတွေလည်း ထုနဲ့ဒေးပဲ
မိခင်တွေ ကလေးတွေi လစာ တစ်ပဲတစ်ပြားတွေ အချင်းချင်းတိုက်နေတဲ့ ကျည်ဆံတွေ သူတို့သိပ်မုန်းကြတယ်။ မေးကြည့်ပါ မေးကြည့်ပါ သူတို့ ဖြေပါလိမ့်မယ်
ဟုတ်ကဲ့...ဆိုတဲ့ သင်ပေးထားတဲ့ စကားတစ်ခွန်းကိုတော့
သမ္မတကြီးလည်း နားရည်ဝလောက်ပါပြီ………… ။

လာပါသမ္မတကြီး မန္တလေးကျုံးဘက် ခဏပတ်ရအောင်...
တခါက မင်းနေပြည်တော်ဖြစ်ခဲ့ဘူးတဲ့ မန္တလေးမြို့ကြီးဟာ
အရင်တုန်းက ယဉ်ကျေးမှုအလှတရားတွေနဲ့ သာယာဝပြောခဲ့ပါတယ်။
ညအချိန်ဆို ကျုံးဘက်လေညှင်းခံတဲ့ မြို့သူမြို့သားတွေရဲ့ ကြည်နူးစရာ မြင်ခွင်းလေးတွေ သမ္မတကြီးတွေ့ဖူးမှာပါ။ အင်း... အခုဆိုရင်တော့ စိုးရိမ်သောကထိတ်လန့်မှုတွေကြောင့်
မြို့ပျက်ကြီးတစ်ခုလိုတောင် ပြောရမလိုပဲ။ သမ္မတကြီး မန္တလေးမြို့ကိုသာလာခဲ့ရင်
မြို့သူမြို့သားတွေရဲ့ အားကိုးတကြီးမျက်လုံးတွေနဲ့ ဝမ်းပန်းတသာ ကြိုဆိုနေကြမှာပါ။

ဒါပေမယ့်လေ... သူတို့ရဲ့ ကိုယ်စီကိုယ်စီ ရင်ထဲမှာတောင့် ငြိမ်းချမ်းမှုကို
ပေးနိုင်ပါ့မလား ဆိုတဲ့ လိုအပ်ချက်ကို မျှော်လင့်နေမှာတော့ အမှန်ပါပဲ…………
သမ္မတကြီး စင်ကာပူသွားတုန်းက မျက်နှာအောက်ကျို့ခဲ့ရတယ်...
သမ္မတကြီး အမေရိကန်သွားတုန်းက ဆန္ဒပြကြတယ်...
သမ္မတကြီး ဘယ်တော့ ခေါင်းမော့ပြီး လမ်းလျှောက်မှာလဲ..?
ပြည်သူတွေနဲ့ အတူတူ မြန်မာပြည်ကြီး တစ်ပတ်လောက်လမ်းလျှောက်ကြည့်ပါ။
သမ္မတကြီး တခြားနိုင်ငံသွားတဲ့အခါ ခေါင်းမော့ပြီး လမ်းလျှောက်နိုင်ပါလိမ့်မယ်။။။။။







Credit to Kyaw Zin Win


ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here