Thursday, July 10, 2014

လာပါ သမ္မတကြီး


လာပါ လမ်းအတူလျှောက်ရအောင် ကျွန်တော်တို့နဲ့ သမ္မတကြီးနဲ့
တွေ့လားသမ္မတကြီး ဒါ.. အင်းလျားကန်ဘောင်လေ
အရွယ်မမယ် ကလေးတွေ ကျောင်းမတက်ပဲ အလုပ်လုပ်တဲ့နေရာပေါ့။

မှောင်ရင် ထပ်ပြမယ် ညငှက်မ လှလှလေးတွေရှိသေးတယ်။
ဝမ်းစာအတွက်ပါ တစ်နေ့ ၂၀၀၀ ရဖို့ သမ္မတကြီးပြောတဲ့ နွားနို့သောက်ဖို့ သူတို့ဝမ်းရေးဖြည့်ဖို့ သွေးဖောက်သောက်ခံနေကြတယ်………… ။

လာပါသမ္မတကြီး လဖက်ရည်ဆိုင်ထိုင်ကြတာပေါ့ ဝမ်းတီး ပေါ့စိမ့် နို့တစ်ခွက် တွေ့လားသမ္မတကြီး စားပွဲထိုးလေးတွေလေ။
အရွယ်မမယ် ကလေးငယ်ငယ် အိမ်အတွက်
တဖက်တလမ်းက သူတို့ဘဝတွေကို တဖဲ့ဖဲ့ပေးဆပ်နေကြတယ်။

သမ္မတကြီးလည်း နိုင်ငံအတွက် ဒီလိုလေးတွေပေးပေါ့။
တစ်နေ့ ထမင်းတစ်နပ်လျှော့စားလည်း သူတို့ ဒီဘဝက မလွတ်နိုင်သေးပါဘူး။
ကျောင်းနေအရွယ်ကလေး ကျောင်းအပ်ရေး ဆိုတဲ့ ဆိုင်းဘုတ်တွေတော့ ပလူပျံနေတယ်လေ ကျောင်းတက်ရေးဟာ ဝမ်းတီး တူးတီး မဟုတ်ပါဘူး…………။

လာပါသမ္မတကြီး စစ်ဗိုလ်ချုပ်ဟောင်းဆိုတော့ တပ်တွေနဲ့ ရင်းနှီးမှာပေါ့...
ဒါ လိုင်းခန်းတွေလေ ခင်ပွန်းသည်တွေကတော့ ရှေ့တန်းထွက်သွားကြတယ်။ သူတို့လိုင်းခန်းကို မလာစေချင်တဲ့ လူတစ်ယောက်ရှိတယ်။
စာပို့လေ ...တပ်အခေါ် ဆက်သားပေါ့ ခင်ပွန်းသည်တွေ ရှေ့တန်းထွက်နေတုန်း
ဆက်သားဟာ သူတို့အတွက် သေမင်းရဲ့ တမန်တော်ပဲ။

သမ္မတကြီးတို့ ပြောပြောနေတဲ့ ငြိမ်းချမ်းရေးဆိုတာ သူတို့သွေးနဲ့ ခင်းထားတာပါ။ တဖက်ခြမ်းက တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ မိသားစုတွေလည်း ထုနဲ့ဒေးပဲ
မိခင်တွေ ကလေးတွေi လစာ တစ်ပဲတစ်ပြားတွေ အချင်းချင်းတိုက်နေတဲ့ ကျည်ဆံတွေ သူတို့သိပ်မုန်းကြတယ်။ မေးကြည့်ပါ မေးကြည့်ပါ သူတို့ ဖြေပါလိမ့်မယ်
ဟုတ်ကဲ့...ဆိုတဲ့ သင်ပေးထားတဲ့ စကားတစ်ခွန်းကိုတော့
သမ္မတကြီးလည်း နားရည်ဝလောက်ပါပြီ………… ။

လာပါသမ္မတကြီး မန္တလေးကျုံးဘက် ခဏပတ်ရအောင်...
တခါက မင်းနေပြည်တော်ဖြစ်ခဲ့ဘူးတဲ့ မန္တလေးမြို့ကြီးဟာ
အရင်တုန်းက ယဉ်ကျေးမှုအလှတရားတွေနဲ့ သာယာဝပြောခဲ့ပါတယ်။
ညအချိန်ဆို ကျုံးဘက်လေညှင်းခံတဲ့ မြို့သူမြို့သားတွေရဲ့ ကြည်နူးစရာ မြင်ခွင်းလေးတွေ သမ္မတကြီးတွေ့ဖူးမှာပါ။ အင်း... အခုဆိုရင်တော့ စိုးရိမ်သောကထိတ်လန့်မှုတွေကြောင့်
မြို့ပျက်ကြီးတစ်ခုလိုတောင် ပြောရမလိုပဲ။ သမ္မတကြီး မန္တလေးမြို့ကိုသာလာခဲ့ရင်
မြို့သူမြို့သားတွေရဲ့ အားကိုးတကြီးမျက်လုံးတွေနဲ့ ဝမ်းပန်းတသာ ကြိုဆိုနေကြမှာပါ။

ဒါပေမယ့်လေ... သူတို့ရဲ့ ကိုယ်စီကိုယ်စီ ရင်ထဲမှာတောင့် ငြိမ်းချမ်းမှုကို
ပေးနိုင်ပါ့မလား ဆိုတဲ့ လိုအပ်ချက်ကို မျှော်လင့်နေမှာတော့ အမှန်ပါပဲ…………
သမ္မတကြီး စင်ကာပူသွားတုန်းက မျက်နှာအောက်ကျို့ခဲ့ရတယ်...
သမ္မတကြီး အမေရိကန်သွားတုန်းက ဆန္ဒပြကြတယ်...
သမ္မတကြီး ဘယ်တော့ ခေါင်းမော့ပြီး လမ်းလျှောက်မှာလဲ..?
ပြည်သူတွေနဲ့ အတူတူ မြန်မာပြည်ကြီး တစ်ပတ်လောက်လမ်းလျှောက်ကြည့်ပါ။
သမ္မတကြီး တခြားနိုင်ငံသွားတဲ့အခါ ခေါင်းမော့ပြီး လမ်းလျှောက်နိုင်ပါလိမ့်မယ်။။။။။







Credit to Kyaw Zin Win


0 မှတ်ချက်:

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here