Tuesday, July 15, 2014

လူပျိုကြီးဂုဏ် ( လူပျိုကြီးစစ်စစ်များအတွက် )


သော့ခလောက်တိုင်းကို ဖွင့်ခွင့်ရှိတဲ့
မာစတာကီးဆိုတာ ဘယ်သူမှငြင်းလို့မရဘူး
မောက်ထားတဲ့ ဖဲချပ်လို
လူတိုင်းက စိတ်ဝင်စားနေတာ
လူပျိုကြီးဆိုတာ
အရာမယွင်းသေးတဲ့ ပတ္တမြားတလုံးပဲ
ဒါကိုသိလို့ ဟိုချီမင်
လူပျိုကြီးလုပ်ခဲ့တာဖြစ်မယ်
မိန်းမယူတယ်ဆိုတာ
ကြက်တူရွေးတစ်ကောင်မွေးလိုက်တာ
မြွေပွေးကို ခါးပိုက်ပိုက်လိုက်တာ
လွပ်လပ်ခွင့်ကို စစ်တပ်ကိုအပ်လိုက်တာ
အာဏာရှင်ကို အုပ်ချုပ်ခွင့်ပေးလိုက်တာ နဲ့တူတူပဲ …
လက်ထပ်စာချုပ်ဆိုတာကျ
လက်နက်ချကြောင်းသဘောတူညီမူ့စာချုပ်
တနည်းအားဖြင့်
ရန်သူကို သေနတ်နဲ့ချိန်ခွင့်ပေးလိုက်တာ …
အိမ်ထောင်သည်တွေလို
ကိုယ့်ပိုက်ဆံကိုယ်ခိုးသုံးစရာမလိုဘူး
ကိုယ့်အလုပ်ချိန် ကိုယ်လိမ်ပြောစရာမလိုဘူး
အိမ်ထောင်သည်ဆိုတာ
ချိန်ကိုက်ဗုံးတစ်လုံးကို ရင်ခွင်ပိုက်ထားရတဲ့သူနဲ့တူပြီး
လူပျိုကြီးကျတော့
ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးနဲ့ တူတယ်
ဆေးပေးမီးယူတဲ့
ဆေးခတ် မီးရှို့သွားရင်ကော ?
သားသမီးရတနာတဲ့
ရ တာ နာ . . . ခဲ့ရင်ကော ?
မိန်းမတိုင်းမြတ်ရင်
စူဠသုဘဒ္ဒါဆိုတာရှိလာမှာမဟုတ်ဘူး
သားသမီးတိုင်း ရတနာဖြစ်ရင်
အဇာတသတ်ဆိုတာ ရှိခဲ့မှာတောင်မဟုတ်ဘူး
လူပျိုကြီးဆိုတာ
လွပ်လပ်ခြင်းကို ကန့်သတ်မခံရတဲ့သူ
အိမ်ပြန်ချိန်တွေကို ပေတံမတားခံရတဲ့သူ
လခကို စိတ်ကြိုက်သုံးစွဲခွင့်ရှိသူ
အပျိုလေးတွေရဲ့ စိတ်ကူးပန်ချီ
အပျိုကြီးတွေရဲ့ မျှော်လင့်ချက်
လူပျိုလေးတွေရဲ့ အတုယူစရာ
အိမ်ထောင်သည်တွေရဲ့ မနာလိုစရာ
ပြောမယ့်သာပြောတာ
တကယ်တော့အားနာစရာ ...
လူမိုက်တွေများတဲ့ခေတ်မှာ
လူလိမ္မာ(လူနည်းစု)တွေပဲ အိမ်ထောင်မပြုသင့်မှန်းသိကြတာ . . .

Credit: Ulay Kyi


0 မှတ်ချက်:

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here