Tuesday, September 29, 2015
ကွန်ပျုတာ အတွက် လုံခြုံသင့်တော်တဲ့ USB locker ( သုံးရတာကောင်းတယ်)
ဒီနည်းလေးက သုံးရတာအဆင်ပြေတယ် ကွန်ပျုတာမှာ ထိုးကြည့်မယ့် စတစ်တွေကို
ပတ်စ၀ပ်ခံထားပေးတယ် ဒီဆော့ဝဲထည့်ထားတဲ့ ကွန်ပျုတာဆိုရင်စတစ်ထိုးကြည့်လို့ 
မရဘူး ကြည့်မယ်ဆိုရင် ပတ်စ၀ပ် ဖြည့်မှရတယ် အဲ့တော့ သူများက လာပြီး ကွန်ပျူ
တာထဲကို စတစ်ထိုးကြည့်မယ်ဆိုရင် အလွယ်တကူ ကြည့်မရတော့ဘူး ။ ကွန်ပျူတာ
ကို သူများပေးသုံးလည်း ကိုယ့်စက်ထဲကနေ ဘာမှကူးလို့ မရဘူး အထိုက်သင့်တော့
လုံခြုံပါတယ် DVD နဲ့ network access တွေ ပိတ်ထားလို့ ရတယ်။ အခွေကြည့်ချင်
လည်း ပတ်စ၀ပ်ပေးထားတော့ အခွေထည့်လည်း   မဖတ်ဘူး ။ Memory stick ထိုး
ရင်လည်း   တက်မလာဘူး  ပတ်စ၀ပ်တောင်းနေတယ် ။ တစ်ခါတလေ  ကွန်ပျုတာ
ပေးသုံးရတဲ့ အနေအထားမှာ စိုးရိမ်တယ်ဆို ဒီနည်းလေးနဲ့ ပိတ်ထားလိုက် ။ ဒါဆိုရင်
USB card တွေ အခွေတွေ အင်တာနက်လိုင်းကို ဒီဟာလေးနဲ့ သော့ခတ်လို့ ရပြီ...။
အထဲမှာ Crack ဖိုင်ပါတယ် ။ အင်စတောလုပ်ပီဆို    Virus ခဏ ပိတ်ထားလိုက်ပါ
ဒီလင့်မှာ ယူပါ  - /USB.Block.v1.3(www.mssk.info)
.
Sunday, September 27, 2015
i-Phone စကိုင်သူများ အပြည့်အစုံနားမလည်သေးရင် ဒီစာအုပ်တွေဖတ်ကြည့်
စာအုပ်ဖတ်ပြီး နည်းပညာလေ့လာသင်ယူလိုသူများ အောက်ကလင့်ကိုနှိပ်ပြီးဒေါင်း
Mssk-Easy iDevice Guide Book -မောင်(စွယ်စုံကျမ်း).pdf
Mssk-iPhone Smart Guide -မောင်(စွယ်စုံကျမ်း).pdf
=========================================
ဖုန်းထဲကနေ ဆော့ဝဲတွေ အလွယ်တကူ ဒေါင်းလုပ်ယူချင်ရင် ဒီဆော့ဝဲထည့်ပါ
Mssk.apk- http://www16.zippyshare.com/v/57588065/file.html
Mssk.apk- https://play.google.com/store/apps/details?id=mssk.new
iPhone_iPad တွေရဲ့ Carrier Name နေရာပါ ကိုယ့်စိတ်ကြိုက်ပုံတွေနဲ့ အစားထိုးချင်ရင်
အလံပုံကို ကြိုက်နှစ်သက်ရာ ထားဖို့  Cydia => Sources =>Add Sources
မှာ www.repo.gclouds.info ကို Add ပေးလိုက်ပါ ပြီရင် Search boxကနေ
Nld လို့ ရှာပြီး Nld Flag ကိုအင်စတောလုပ်ပါ၊USDP အလံနဲ့ Myanmarအလံ
နှစ်သက်ရှာပြီးထည့်ပါ။ Setting_Zepplin ထဲကနေ နှစ်သက်ရာထည့်သုံးပါ
=========================================
ဖုန်းထဲကနေ ဆော့ဝဲတွေ အလွယ်တကူ ဒေါင်းလုပ်ယူချင်ရင် ဒီဆော့ဝဲထည့်ပါ
Mssk.apk- http://www16.zippyshare.com/v/57588065/file.html
Mssk.apk- https://play.google.com/store/apps/details?id=mssk.new
Saturday, September 26, 2015
Key မတောင်း Email မတောင်းတော့တဲ့ အဆင်သင့်သုံး IDM 6.23 ( Pre-Activated - One Click)
ဒီနည်းလေးကတော့ ဘာမှအခက်ခဲမရှိပဲ ကီးမလိုတဲ့ ဆော့ဝဲပ ။ဒီဆော့ဝဲသုံးရင်
Key တောင်းတဲ့ပြဿနာ Crack လုပ်ရတဲ့အခက်ခဲ   Path မလုပ်ချင်တဲ့သူများကို
အဆင်ပြေစေမယ့် Active ဖြစ်ပီးသားပါ။ ကီးမတောင်းအောင် ပညာရှင်တွေက
ကြိုတင်ပြုပြင်ပေးထားတဲ့ အဆင်သင့် အလွယ်သုံး ဆော့ဝဲကောင်းလေးတစ်ခုပါ
အခက်ခဲဖြစ်နေသူများ အောက်ကလင့်မှာ Download ယူသုံးကြည့်လိုက်ပါ..
Download - Internet Download Manager v6.23 ( One Click)
==========================================
ဖုန်းထဲကနေ ဆော့ဝဲကောင်းလိုချင်ရင် အောက်ကလင့်မှာ Mssk.apk နှိပ်ယူ
Mssk.apk- http://www16.zippyshare.com/v/57588065/file.html
Mssk.apk- https://play.google.com/store/apps/details?id=mssk.new
♪ ဖုန်းဘက်ထရီ ပေါက်ကွဲမှုတွေကို ဘယ်လိုကာကွယ်နိုင်မလဲ ♫
စာဖတ်သူအနေနဲ့ ဖုန်းဘက်ထရီ ပေါက်ကွဲလို့ဒဏ်ရာ အနာတရ ရသွားတဲ့ အကြောင်းတွေကို သတင်းစာတို့ Facebook တို့မှာ ဖတ်ဖူးကြမှာပါ။ ယနေ့ခေတ် ထိပ်တန်း ကုမ္ပဏီကြီးတွေရဲ့ ဖုန်းတွေရော အခြားကုမ္ပဏီတွေရဲ့ ဖုန်းတွေရော ပေါက်ကွဲတတ်တာကို သတိပြုမိမှာပါ။ ဒါဆိုရင် စာဖတ်သူတို့ရဲ့ ဖုန်းတွေရော သတိထားသင့်ပြီလား။ ဖုန်းဘက်ထရီ ပေါက်ကွဲမှုများနဲ့ ပတ်သက်ပြီး စာဖတ်သူ တို့ သေသေချာချာ သိရှိနိုင်ဖို့အတွက် အကြောင်းအရင်းများ၊ ဆောင်ရန်ရှောင်ရန်များကို ဖော်ပြပေးလိုက်ပါ တယ်။
ဖုန်းဘက်ထရီတွေဟာ တ ကယ်ပေါက်ကွဲတတ်သလား။
စာဖတ်သူအနေနဲ့ ဖုန်းဘက်ထရီ ပေါက်ကွဲတဲ့ အကြောင်းတွေကို သတင်းတွေမှာ ဖတ်ရပေမယ့် ကိုယ့်မိတ်ဆွေတွေထဲမှာ တစ်ယောက်မှ အဲ့လိုမဖြစ်ဖူးတော့ ဟုတ်မှဟုတ်ရဲ့လားလို့ သံသယဖြစ်မိမှာပါပဲ။ စာဖတ်သူအနေနဲ့ သံသယဖြစ်မယ်ဆိုလည်း ဖြစ်ထိုက်ပါတယ်။ အကြောင်းကတော့ ထုတ်လုပ်သူရဲ့ အမှားကြောင့် ဖုန်းဘက်ထရီတွေ အကြောင်းမရှိဘဲ ပေါက်ကွဲတာဟာ ရှားပါးလို့ပါပဲ။ ဖုန်းဘက်ထရီတွေ ပေါက်ကွဲတတ်တာ အမှန်ပင်ဖြစ်ပေမယ့် အကြောင်းတစ်စုံ တစ်ရာမရှိဘဲ သူ့အလိုလိုပေါက် ကွဲနိုင်ခြေဟာ အပုံ ၁.၈၇၅ သန်းပုံမှ တစ်ပုံပဲ ရှိပါတယ်။ ဒါပေမဲ့ ဈေးပေါတဲ့ ဘက်ထရီတွေသုံးတာ၊ အားအလွန်အကျွံသွင်းတာ (over charging) စတဲ့ အမှားတွေကို သုံးစွဲသူက ပြုလုပ်မိရင်တော့ ဖုန်းဘက်ထရီတွေ ပေါက်ကွဲနိုင်ခြေက ပိုများလာပါတယ်။ ဒါကြောင့်စာ ဖတ်သူအနေနဲ့ မိမိဖုန်းဘက်ထရီကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။
ဖုန်းဘက်ထရီတွေ ဘာကြောင့် ပေါက်ကွဲတာလဲ။
ဖုန်းဘက်ထရီ ပေါက်ကွဲမှုကို ဖြစ်စေတဲ့ ဖြစ်စဉ်တွေ များစွာရှိပါတယ်။ အပူလွန်ကဲမှုတွေဖြစ်ပြီး ပေါက်ကွဲ တာနဲ့ လျှပ်စီးပတ်လမ်းတို (short circuit) ဖြစ်လို့ ပေါက်ကွဲတာကတော့ အတွေ့ရ အများဆုံးပါပဲ။ lithium ion ဘက်ထရီတွေဟာ ဖုန်းတွေ အထူပြိုင်လာကြတော့ တဖြည်းဖြည်း ပိုပိုပါးလွှာလာပါတယ်။ အဲ့ဒီတော့ သူတို့ထဲက အဖိုတိုင် (cathode) နဲ့ အမတိုင် (anode) တို့ဟာ ပိုပိုပြီးနီးလာပါတယ်။ သူတို့ကို အလွန်ပါးလွှာတဲ့ အကာလေးနဲ့သာ ခြားထားတာပါ။ အကြောင်းတစ်ခုခုကြောင့် (ဥပမာ အရှိန်ပြင်းပြင်း လွတ်ကျလို့) အဲ့ဒီအကာလေးပျက်သွားရင် အပူလွန်ကဲမှုတွေဖြစ်ပြီး ဘက်ထရီ ပေါက်ကွဲတတ်ပါတယ်။ စံချိန်စံညွှန်းအတိုင်း မထုတ်လုပ်ထားတဲ့ ဘက်ထရီတွေမှာ ဒီပြဿနာအများဆုံး တွေ့ရတတ်ပါတယ်။
ဒါ့အပြင် ဖုန်းဘက်ထရီတွေမှာ 'thermal runaway' ဆိုတဲ့ ဖြစ်စဉ်တစ်ခုရှိပါတယ်။ အဲ့ဒီဖြစ်စဉ်ရဲ့ သဘောကအကယ်၍ ဘက်ထရီဟာ အပူစွမ်းအင် အပိုတွေရလာရင် အဲ့ဒီအပူတွေဟာ ပိုများတဲ့အပူကို ဖြစ်စေပါတယ်။ အဲ့ဒီအပူကလည်း ပိုပိုများတဲ့အပူကို ထပ်ဖြစ်စေပြန်တယ်။ ဒီလိုအပူတွေ ဆတိုးသွားတာကြောင့် နောက်ဆုံးမှာ အပူလွန်ကဲမှုတွေဖြစ်ပြီး ပေါက်ကွဲတော့တာပါပဲ။ အားအလွန်အကျွံ သွင်းတဲ့အခါမှာ ဒီလို ဖြစ်စဉ်မျိုး ပေါ်ပေါက်တတ်ပါတယ်။ ဒါ့အပြင် လွတ်ကျလို့ဖြစ်ဖြစ်၊ ရေဝင်လို့ဖြစ်ဖြစ် ဖုန်းထဲက လျှပ်စစ်ပတ်လမ်းမှာ short circuit  ဖြစ်နေခဲ့ရင်လည်း အပူလွန်ကဲပြီး ပေါက်ကွဲတတ်ပြန်ပါတယ်။
ဖုန်းဘက်ထရီ ပေါက်ကွဲမှုတွေမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ။
(၁)။ Original Manufacturer ကထုတ်တဲ့ ဘက်ထရီကိုသာ သုံးပါ။
ဖုန်းဘက်ထရီပေါက်ကွဲမှု အများစုရဲ့ အဓိကအကြောင်း အရင်းကတော့ original  manufacturer က ထုတ်တဲ့ ဘက်ထရီကို မသုံးလို့ပါဘဲ။ ဈေးပေါတဲ့ ဘက်ထရီတွေဟာ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေနဲ့အညီ ထုတ်လုပ်ထားခြင်း ရှိမရှိမသေချာပါဘူး။ ဒါကြောင့် စိတ်မချရပါဘူးလို့ ကျွမ်းကျင်သူများက သတိပေးကြပါတယ်။ ဒါကြောင့် စာဖတ်သူအနေနဲ့ ဘက်ထရီဝယ်မယ်ဆိုရင် original manufacturer က ထုတ်တဲ့ ဘက်ထရီကိုသာ ဝယ်သုံးသင့်ပါတယ်။
(၂)။ Original charger နဲ့သာ အားသွင်းပါ။
စမတ်ဖုန်းထုတ်တဲ့ ကုမ္ပဏီအားလုံးက သုံးစွဲသူတွေကို သက်ဆိုင်ရာ original charger ကိုသာသုံးကြဖို့ သတိပေးလေ့ ရှိပါတယ်။ ဒီလိုပြောတာဟာ သူတို့ထုတ်တဲ့ accessory  တွေကို များများရောင်းရအောင်လို့ မဟုတ်ပါဘူး။ Charger တွေရဲ့ output  က တစ်ခုနဲ့တစ်ခု မတူကြပါဘူး။ အဲ့ဒါကြောင့် ဖုန်းတစ်လုံးကို တခြားကုမ္ပဏီက ထုတ်တဲ့ charger နဲ့သွင်းရင် အပူလွန်ကဲတာတွေ ဖြစ်တတ်ပါတယ်။ ကုမ္ပဏီချင်း အတူတူတောင်မှ အမျိုးအစား မတူတဲ့ charger နဲ့ သွင်းမိရင်လည်း ဖြစ်တတ်ပါတယ်။ ဥပမာ iPad charger ရဲ့ output က 2.1 A ရှိပြီး iPhone charger ရဲ့ output  က 1 A ရှိပါတယ်။ တကယ်လို့ iPhone ကို iPad charger နဲ့ အားသွင်းရင် iPhone မှာ အပူချိန်မြင့် တက်လာပြီး မလိုလားအပ်တာတွေ ဖြစ်လာနိုင်ပါတယ်။ Apple ကလည်း ဒီလိုဖြစ်လာနိုင်ကြောင်းကို အတည်ပြုထားပါတယ်။
(၃)။ ဖုန်းအားသွင်းနေချိန်မှာ ဖုန်းကို လေဝင်လေထွက်ကောင်းတဲ့ နေရာမှာ ထားပါ။
စာဖတ်သူအနေနဲ့ အိပ်ယာပေါ်မှာ ဖုန်းကိုအားသွင်းနေရင်း အိပ်ပျော်သွားဖူးပါသလား။ ဒါဆို နောက်မလုပ် မိအောင် သတိထားပါတော့။ အိပ်ပျော်နေတုန်းမှာ ဖုန်းဟာခေါင်းအုံးအောက် စောင်အောက်ကို ရောက် သွားရင် အပူလွန်ကဲမှုတွေ ဖြစ်သွားနိုင်ပါတယ်။ ဖုန်းဘက်ထရီတွေဟာ အားသွင်းနေတဲ့အချိန်မှာ အပူပိုထွက်ပါတယ်။ အဲ့ဒီအပူတွေ အဆမတန် မများလာဖို့အတွက် ဖုန်းကို အားသွင်းနေချိန် မှာ လေဝင်လေထွက် ကောင်းတဲ့နေရာမှာ ထားပေးဖို့လိုပါတယ်။ ဖုန်းအားသွင်းနေချိန်မှာ ဖုန်းကိုတစ်ခုခုနဲ့ အုပ်ထားတာ၊ အပူထုတ်နေတဲ့ ပစ္စည်းတွေ (ဥပမာ - မီးဖို) အနားမှာထားတာ၊ အလွန်ပူနေတဲ့နေရာ (ဥပမာ - နေရောင်တိုက်ရိုက် ကျနေတဲ့ အလုံပိတ်ကား) မှာ ထားတာတွေကို သတိထားပြီး ရှောင်ရပါမယ်။
(၄)။ အားသွင်းနေတုန်း ဖုန်းကိုအလွန်အကျွံ မသုံးပါနဲ့။
Clash of Clans, Candy Crush Saga စတဲ့ အားအရမ်းစားတဲ့ app တွေကို အားသွင်းနေတုန်း သုံးနေတာကလည်း ဘက်ထရီ ပေါက်ကွဲမှုတွေ ဖြစ်စေတတ်ပါတယ်။ Wi-Fi  Tethering လုပ်တာ၊ ဖုန်းလိုင်းမမိတဲ့နေရာမှာ ကွန်ရက်ရှာဖွေနေတာ စတာတွေကိုလည်း မလုပ်မိဖို့ သတိထားရပါမယ်။ ဖုန်းအားသွင်းနေတုန်း ဖုန်းလာရင် အားသွင်းတာရပ်ပြီးမှ ဖုန်းကိုင်ဖို့လည်း သတိထားရပါမယ်။
(၅)။ Overcharging မလုပ်မိအောင် ဂရုစိုက်ပါ။
Overcharging လုပ်တာကြောင့် ဖုန်းဘက်ထရီတွေ ပေါက်ကွဲမှုရှိမရှိ အခုထိငြင်းခုံနေကြ တုန်းပါပဲ။ အချို့ကျွမ်းကျင်သူတွေကတော့ overcharging ဟာ ဘက်ထရီပေါက်ကွဲမှု မဖြစ်စေနိုင်ပါဘူးလို့ အခိုင်အမာ ပြောကြပါတယ်။ အကြောင်းကတော့ အခုခေတ် lithium ဘက်ထရီတွေမှာပါတဲ့ sensor တွေက ဖုန်းအားပြည့်သွားရင် အားသွင်းနေတာကို အလိုအလျောက် ကာကွယ်နိုင်စွမ်း ရှိနေလို့ပါတဲ့။ တချို့ကလည်း overcharge လုပ်တာက အန္တရာယ်များတယ်လို့ ပြောကြပြန်ပါတယ်။ The Digital Media Mom ဆိုတဲ့ ဝက်ဘ်ဆိုက်မှာ ရေးထားတာကတော့ သမာသမတ်အကျဆုံးပါပဲ။ ဘက်ထရီတွေမှာ sensor တွေ fuse တွေ ဘယ်လောက်ထားထား အဲ့ဒါတွေဟာ အပူကြောင့်ဖြစ်ဖြစ်၊ ဖုန်းလွတ်ကျလို့ဖြစ်ဖြစ်၊ စက်ရုံကသေသေချာချာ မလုပ်လို့ဖြစ်ဖြစ် အလွယ်တကူ ပျက်စီးနိုင်ပါတယ်တဲ့။ အဲ့လိုပျက်စီးသွားရင် overcharging ကို ကာကွယ်နိုင်စွမ်း မရှိတော့ဘဲ ဘက်ထရီ အပူလွန်ကဲမှုတွေ ဖြစ်လာနိုင်ပါတယ်တဲ့။ ဒါကြောင့် overcharge မလုပ်တာ အကောင်းဆုံးပါပဲလို့ အဲ့ဒီဝက်ဘ်ဆိုက်က ဆိုထားပါတယ်။ ကျွန်တော့်အနေနဲ့လည်း မိမိဖုန်းကို overcharge မလုပ်မိအောင် သတိထားတာ အကောင်းဆုံးပါပဲလို့ အကြံပေးလိုပါတယ်။
(၆)။ ဖုန်းထဲ ရေဝင်သွားရင် Service Center မှာပြပြီးမှ အသုံးပြုပါ။
ဖုန်းရေစိုသွားရင် ကိုယ့်ဘာသာ ခြောက်သွေ့အောင်လုပ်လိုက်ရင် ပြီးတာပဲလို့ စာဖတ်သူထင်မိမှာပါ။ ဟုတ်ကဲ့။ ကိုယ့်ဘာသာ ခြောက်သွားအောင် လုပ်လို့ရပါတယ်။ ဒါပေမဲ့ တစ်ခုသတိထားရမှာက ဖုန်းထဲမှာ short circuit (လျှပ်စီးပတ်လမ်းတို) တွေ ဖြစ်နေနိုင်တယ်ဆိုတဲ့ အချက်ပါဘဲ။ ဖုန်းအတွင်းထဲမှာ ရေတွေကျန်နေခဲ့ရင် အဲ့လိုဖြစ်တတ်ပါတယ်။ Short circuit တွေဟာ ဖုန်းအပူလွန်ကဲမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် ဖုန်းထဲရေဝင်သွားရင် ဆိုင်ပို့လိုက်တာသာ အကောင်းဆုံးပါပဲ။
(၇)။ ဖုန်းလွတ်ကျ သွားပြီးရင်လည်း သတိထားပါ။
ဖြည်းဖြည်းလေး လွတ်ကျသွားရင်တော့ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ အမြင့်ကနေ ပြင်းပြင်းထန်ထန် ပြုတ်ကျ ရင်တော့ သတိထားရပါမယ်။ အမြင့်ကြီးကနေကျပေမယ့် ဘာမှမဖြစ်တဲ့အခါလည်း ရှိပါတယ်။ အဲ့လိုအခါမှာ ချက်ချင်းဝမ်းမသာ သွားပါနဲ့ဦး။ ဖုန်းကို နဂိုအတိုင်း သုံးလို့ရနေပေမယ့် ဖုန်းရဲ့အတွင်းအစိတ် အပိုင်းအချို့ ပဲ့သွားကျိုးသွားတာတွေ ရှိနိုင်လို့ပါပဲ။ အဲ့လိုကျိုးပဲ့တာကနေ short circuit ဖြစ်ပြီး အပူလွန်ကဲ မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ ဖုန်းကိုလွတ်မကျအောင် ဂရုစိုက်ပါ။ တကယ်လို့ အမြင့်ကနေကျ သွားရင်လည်း Service Center မှာ သေသေချာချာ စစ်ဆေးပြီးမှ ဆက်သုံးပါ။
(၈)။ ဘက်ထရီ မကောင်းတော့ ရင်လဲပါ။
ကိုယ့်ဖုန်းက ဘာမှထိခိုက်ထားတာလဲ မရှိဘူး။ လွတ်ကျတာလည်း မရှိဘူး။ ဒါပေမဲ့အားက သိပ်မခံချင်ဘူး။ ဂိမ်းတွေဘာတွေ မဆော့တာတောင် အရင်လောက် ကြာကြာမခံဘူး။ ဒီလို အခြေအနေမျိုး စာဖတ်သူတို့ ကြုံဖူးမှာပါ။ အဲ့ဒီအချိန်မှာ ဘက်ထရီအသစ် လဲလိုက်တာသာ အကောင်းဆုံးပါပဲ။ အဲ့လိုမျိုးတွေ မဖြစ်ရင်တောင်မှာ စာဖတ်သူရဲ့ ဖုန်းဘက်ထရီဟာ removable ဖြစ်မယ်ဆိုရင် တစ်နှစ်တစ်ကြိမ်တော့ လဲသင့်ပါတယ်။ သက်တမ်းကြာနေတဲ့ ဘက်ထရီဟောင်းတွေဟာ စွမ်းဆောင်ရည် လျော့ကျပြီး အပူလွန်ကဲမှုတွေ ဖြစ်ပေါ်နိုင်လို့ပါပဲ။
စာဖတ်သူအနေနဲ့ အထက်ကအချက်တွေကို လိုက်နာပြီး ဖုန်းဘက်ထရီ ပေါက်ကွဲမှုတွေကို မဖြစ်ပွားအောင် အကောင်းဆုံး ကာကွယ်နိုင်ပါတယ်။
Ref : m.ba-bamail.com,yahoo.com,thedroidguy.com,digitaltrends.com, androidpit.com, dmediamom.com
Credit to ==> Internet Journal
ဖုန်းထဲကနေ ဆော့ဝဲတွေ အလွယ်တကူ ဒေါင်းလုပ်ယူချင်ရင် ဒီဆော့ဝဲထည့်ပါ
Mssk.apk- http://www16.zippyshare.com/v/57588065/file.html
Mssk.apk- https://play.google.com/store/apps/details?id=mssk.new
ဖုန်းဘက်ထရီအကုန်မြန်နေလို့ စိတ်ညစ်နေပါသလား
ဖုန်း ဘက်ထရီအားကို ကြာရှည်ခံစေမယ့် နည်းလမ်း(၁၁)ကို
ဖော်ပြလိုက်ပါတယ်။
၁။ ဘက်ထရီအား လုံးဝကုန်သွားတဲ့အထိမသုံးပါနဲ့။
အပြည့်လည်း မသွင်းပါနဲ့။ အခုခေတ်ပေါ်ဖုန်းတွေက Lithium Ion ဘက်
ထရီတွေကို အသုံးပြုထားပါတယ်။ ဒီဘက်ထရီတွေက အားကို (၁၀၀)
ရာခိုင်နှုန်းအပြည့်သွင်းဖို့ မလိုသလို့ လုံးဝကုန်သွားတဲ့အထိလည်း သုံး
လို့မကောင်းပါဘူး။ ဖုန်းကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဘက်ထရီ
အား အနည်းဆုံး (၂၀)ရာခိုင်နှုန်းလောက်အထိပဲ သုံးပြီး (၉၀)ရာခိုင်နှုန်း
လောက်အထိပဲ အားသွင်းပါ။
၂။ အားသွင်းနေစဉ် ဖုန်းမသုံးပါနဲ့။
ဖုန်းအားသွင်းကြိုးတွေ ဘာကြောင့်တိုတာလဲစဉ်းစားဖူးပါလား။
ဖုန်းထုတ်လုပ်သူတွေက အားသွင်းနေတုန်း ဖုန်းကို မသုံးစေချင်လို့ဖြစ်
ပါတယ်။ ဒီလိုအသုံးပြုမယ်ဆိုရင် ဖုန်းရဲ့အားသွင်းစနစ်ကို ထိခိုက်စေပြီး
ဘက်ထရီသက်တမ်းလျော့သွားစေပါတယ်။ ဖုန်းတွေရဲ့ဘက်ထရီဟာ
သတ်မှတ်ထားတဲ့ အကြိမ်ရေသက်တမ်း ပြည့်အောင် အသုံးပြုပြီးသွားရင်
အသစ်လဲပေးဖို့လိုပါတယ်။
၃။ အလင်းအမှောင် အလိုအလျောက်ချိန်ညှိစနစ်ကို မသုံးပါနဲ့။
သင့်ဖုန်းရဲ့ AMOLED မျက်နှာပြင်ဟာ ဘက်ထရီအစားဆုံးဖြစ်ပါတယ်။
Auto brightness စနစ်ကို သုံးတာက ဘက်ထရီအားကို အကုန်မြန်
စေပါတယ်။ လိုအပ်ရင် လိုအပ်သလောက် အလင်းအမှောင်ကို ကိုယ်
တိုင် ချိန်ညှိပေးတာ အကောင်းဆုံးဖြစ်ပါတယ်။
၎။ Vibrate နဲ့ အခြားအသံထွက်စနစ်တွေ ပိတ်ထားပါ။
သင့်ဖုန်းရဲ့ Vibrate တုန်ခါမှုက ရေရှည်မှာကျန်းမာရေးကို ထိခိုက်စေနိုင်
ရုံသာမက ဘက်ထရီလည်း အရမ်းစားပါတယ်။ ဒါ့အပြင် ခလုပ်နှိပ်ရင်
အသံမြည်အောင်လုပ်ထားတာတို့လိုမျိုး စနစ်တွေကလည်း သုံးရတာ
ဘက်ထရီကုန်တာကလွဲပြီး အခြားအကျိုးမရှိပါဘူး။
၅။ အခြားအမျိုးအစား အားသွင်ကြိုးနဲ့ ဘက်ထရီတွေ ၀ယ်မသုံးပါနဲ့။
အမျိုးအစားမတူတဲ့ အားသွင်းကြိုးတွေ၊ ဘက်ထရီတွေက သင့်ရဲ့ဖုန်း
အားသွင်းစနစ်နဲ့ ကိုက်ညီမှာမဟုတ်တာ အသေအချာပါပဲ။ သက်ဆိုင်
ရာအမျိုးအစားရဲ့ အော်ရီဂျင်နယ်တွေကိုပဲ သုံးပါ။
၆။ GPS၊ Wi-Fi နဲ့ Bluetooth တွေကို မသုံးရင်ပိတ်ထားပါ။
ဒီဟာတွေက အချိန်တိုင်းဖွင့်ထားဖို့ မလိုအပ်ပါဘူး။ သူတို့ကို ပိတ်ထား
ရုံနဲ့ ဘက်ထရီကို ချွေတာနိုင်ပြီး ဖုန်းရဲ့ လုပ်ငန်းဆောင်တာတွေလည်း
ပိုကောင်းစေပါတယ်။ ဒီစနစ်တွေက ဖုန်းကို လေးစေတာကြောင့် လိုအပ်
မှသာ ဖွင့်သုံးပါ။
၇။ မျက်နှာပြင်အလိုအလျောက်ပိတ်သွားချိန်(Screen timeout)ကို နည်း
နည်းပဲထားပါ။ လေ့လာမှုတွေအရ သာမန်လူတစ်ယောက်ဟာ သူ့ရဲ့စ
မတ်ဖုန်းကို တစ်နေ့မှာအကြိမ်(၁၅၀)လောက် ဖွင့်လေ့ရှိတယ်လို့ ဆိုပါ
တယ်။ ဒါ့ကြောင့် Screen Timeout ကို အချိန်နည်းနည်းပဲ သတ်မှ
တ်ထားရင် ဘက်ထရီအကုန်သက်သာစေမှာဖြစ်ပါတယ်။ အကောင်းဆုံးကတော့ (၁၅)စက္ကန့်လောက်ပဲ ထားပါ။
၈။ App တွေကို Wi-Fi သုံးပြီး မကြာခဏ Update လုပ်ပေးပါ။
စမတ်ဖုန်းတွေမှာ ပါဝင်တဲ့ App တော်တော်များများက လစဉ် update
လုပ်ပေးဖို့လုပ်ပေးမယ်ဆိုရင် ဘက်ထရီအား နည်းနည်းပဲသုံးပြီး အလုပ်
လုပ်နေမှာဖြစ်ပါတယ်။ Update မဖြစ်တဲ့ Apps အဟောင်းတွေကတော့
သင့်ဖုန်းရဲ့ RAM နဲ့ ဘက်ထရီကို သုံးဖြုန်းပစ်မှာပါ။
၉။ Auto-Sync စနစ်ကိုလည်း လိုအပ်မှသုံးပါ။
သင့်ရဲ့ e-mail တွေကို မကြာခဏ update ဖြစ်ဖို့ လိုတယ်ဆိုမှ
Auto-Sync စနစ်ကို သုံးပါ။ Auto-Sync စနစ်မလိုအပ်တဲ့ အခြား e-mail Apps
တွေ ရှိပါတယ်။ သူတို့ကိုသုံးလည်းဖြစ်ပါတယ်။
၁၀။ ဖုန်းခေါ်မယ်ဆိုရင် လိုင်းဆွဲအားကောင်းမကောင်းစစ်ဆေးပါ။
ဖုန်းလိုင်းသိပ်မမိတာမျိုးက သင့်ဖုန်းရဲ့ဘက်ထရီအားကို ပိုသုံးပြီး
လိုင်းရှာရစေပါတယ်။ ဒါ့ကြောင့် လိုင်းသေချာမိတဲ့ နေရာမျိုးက ဖုန်းခေါ်
တာတို့၊ လိုင်းမမိတဲ့နေရာမျိုးမှာ Airplane mode လုပ်ထားတာမျိုးက
ဘက်ထရီအကုန်သက်သာစေမှာဖြစ်ပါတယ်။ ၁၁။ မလိုအပ်ပဲ process
တွေကို ရှင်းလင်းပါ စမတ်ဖုန်းတွေမှာ မလိုအပ်ပဲ နောက်ကွယ်မှာအ
လုပ်လုပ်နေတတ်တဲ့ processes တွေနဲ့ App တွေရှိတတ်ပါတယ်။
ဒီဟာတွေကို Setting > Apps ထဲမှာသွားပြီး Force stop လုပ်ပြီး
ရှင်းပစ်လိုက်လို့ ရပါတယ်။ ဒါမှမဟုတ်ရင်လည်း ဒီ processes တွေရှင်း
တဲ့ Apps တစ်ခုခုသုံးနိုင်ပါတယ်။
Credit : အိုင်တီလမ်းညွှန်
ဖုန်းထဲကနေ ဆော့ဝဲတွေ အလွယ်တကူ ဒေါင်းလုပ်ယူချင်ရင် ဒီဆော့ဝဲထည့်ပါ
Mssk.apk- http://www16.zippyshare.com/v/57588065/file.html
Mssk.apk- https://play.google.com/store/apps/details?id=mssk.new
Friday, September 25, 2015
Miscrosoft Office မရှိသူများအတွက် စာစီစာရိုက်လုပ်လို့ ရတဲ့ဆော့ဝဲ
ဒါကတော့ အကြောင်းအမျိုးမျိုးကြောင့် စာစီစာရိုက်လုပ်ဖို့  Ms Office မရှိတဲ့အခါမှာ
သုံးဖို့ ကောင်းပါတယ် ။အလကားရတဲ့ဆော့ဝဲမလို့  အင်စတော လုပ်ပြီး တန်းသုံးရုံပဲ
စာစီစာရိုက်ဆော့ဝဲ Miscrosoft Office လိုပဲ အသုံးပြုလို့ လွယ်ပါတယ် ။လက်တွေ့ 
အနေနဲ့  ရုံးက ကွန်ပျုတာ တစ်ခုမှာ မန်နေဂျာထည့်ထားတယ်။ ၀င်းဒိုးပြန်တင်တော့
ထည့်ပီးသုံးနေတာ ဟိုးအရင် ၂၀၀၉ က Openoffice org ကို သုံးခဲ့ဖူးတယ် ။စာရိုက်
ပြီး ပုံနဲ့ ကဗျာလောက်ပဲ လုပ်ခဲ့ဖူးတာဆိုတော့ Miscrosoft လောက်တော့ မရင်းနီးပါ
အဲ့တော့ လိုရမယ်ရ သုံးရအောင် ဗဟုသုတမျှဝေလိုက်ပါ၏.....။
ဒီမှာ ဒေါင်းလုပ်ယူပါ - http://www.openoffice.org/download/index.html
ဒီမှာ အသေးစိတ်လေ့လာ -http://www.openoffice.org/why/why_easy.html
.
ကွန်ပျုတာစာစီစာရိုက် သင်လိုသူများအတွက် သိရှိရမယ့် အခြေခံအချက်
စာစီစာရိုက် ပညာဆိုလျှင် Miscrosoft Office,2003,2007,2010 တို့ ကို  သိရှိနားလည်ဖို့ 
လိုသည်။ အခြေခံအားဖြင့်  စာစီစာရိုက်ဆော့ဝဲ  များစွာရှိသော်လည်း  ယခုလက်ရှိ အခါတွင်မူ
Miscrosoft Office  ကိုသာ  အလေးပေး အသုံးပြုကြသောကြောင့်  သင့်အနေဖြင့် ကွန်ပျုတာ
ဗဟုသုတ အခြေခံတတ်ပြီး  စာစီစာရိုက်ကို သုံးတတ်မည်ဆိုခဲ့လျှင်  သာမာန်ကုပ္မဏီများတွင်
ဝင်ရောက် လုပ်ကိုင်နိုင်ပေလိမ့်မည် ။စာရင်းဇယားများမှာ  ပုံသေသတ်မှတ်ချက် မဟုတ်ကြဘဲ
လုပ်ငန်းတစ်ခုနှင့်တစ်ခု  ကွာခြားနိုင်သောကြာင့်  စာစီစာရိုက်စာရင်း ဇယားဆွဲ  အခြေခံရှိလျှင်
အတော်လေး  အဆင်ပြေနိုင်ပေလိမ့်မည် ။ကျနော်ဆိုလျှင် စာရင်းဇယားဆွဲနည်းအခြေခံကနေ
 လုပ်ရင်းကိုင်ရင်းနဲ့  အလုပ်ထဲက   သင်ပေးသွားတာပါ ။ အခုဆိုရင်  ဆရာပြန်ပြပေးနိုင်ပါတယ် 
ကွန်ပျုတာသင်တန်းကို  ပိုက်ဆံအကုန်ခံပြီး  တစ်လတက်တာနဲ့   ကိုယ်ပိုင်ကွန်ပျုတာမှာကိုယ်
တိုင်လေ့လာတာနဲ့ မတူပါဘူး ။ ဘေးကနေ သင်ပြပေးမယ့် ဆရာလဲရှိမယ် ကိုယ်တိုင်ကလည်း
လေ့လာမယ်ဆိုရင် ၃ရက်အတွင်း စာစီစာရိုက်တတ်အောင်နည်းပေးလမ်းပြလုပ်ပေးနိုင်ပါတယ်
လက်တွေ့ အားဖြင့်ကျနော်နဲ့ အတူနေတဲ့သူငယ်ချင်းတွေ ဘာသင်တန်းမှမတက်ဘူးဆယ်တန်း
လည်းမအောင်ပါဘူးလက်တော့ဝယ်ပြီးလေ့လာတော့Computerbasicအောင်ပြီးသားတွေထက်
အများကြီး အပုံတစ်ရာလောက် သာပါတယ် ဒါကြောင့် ဘွဲ့ ရတွေ ကွန်ပျုတာကျောင်းဆင်းတွေ
မဟုတ်လည်း ကွန်ပျုတာဟာ  လေ့လာမယ်ဆိုအခြေခံပညာ အလယ်တန်းအောင်ရုံနဲ့ အထိုက်
အလျှောက်ပညာရှင်ဖြစ်လာနိုင်ပါတယ်Porgrammer တွေ Designer တွေတော့ မဆိုလိုဘူးပေါ့
ပြောချင်တာက ပညာအခြေခံနည်းခဲ့ပေမယ့်လည်း အားမငယ်ကြဖို့  ညီအကိုမောင်နှမအားလုံး
ကိုဒီနေရာကနေ  ပြောချင်ပါတယ်။ကျလေ့လာသင်ယူမိသမျှ  ပညာများကို ဗဟုသုတရစေချင်
သောစေတနာဖြင့် သိသလောက်  မျှဝေပြောပြသွားမည်  ဖြစ်ပါကြောင်း......... .....................။
အောက်မှာတင်ထားသော စာအုပ်လေးကိုဒေါင်းလုပ်ယူပြီးလေ့လာပါ
 Miscrosoft word စာစီစာရိုက်နည်းပညာအခြေခံစာအုပ်
.
Facebook က ဗီဒီယိုများကို Download ယူမရသူများနှင့် Photo Comment ပေးမရသူများအတွက်နည်းလမ်း
Facebook မှာ Download ယူလို့ လည်းရ Photo Comment လည်းရနိုင်တဲ့
ဒီနည်းလမ်းကို သေချာလုပ်ကြည့်ပါ ။ ဆော့ဝဲတွေလည်း ဒေါင်းလုပ်ယူသုံးပါ
Facebook နောက်ဆုံးထွက် Photo Comment ရတဲ့ ဆော့ဝဲနဲ့  Download
အလွယ်ရတဲ့ ဆော့ဝဲ ADM Pro Version ရယ် နောက်တစ်မျိုး ES Explorer
ဆော့ဝဲရယ် ထည့်ပေးထားပါတယ် လုပ်နည်းကို Video ကြည့်လုပ်လိုက်ပါ
နားလည်ပီးသာလူများက ဆော့ဝဲတွေယူပြီး လက်တွေ့ စမ်းကြည့်လိုက်ပါ
ADM က Pro Version မလို့ သေချာပေါက်အဆင်ပြေပါလိမ့်မယ် မပြေရင်
ES Explorer 3.1 ကတော့ အဆင်ပြေမှာပါ ကျနော်က နှစ်ခုလုံးပြေတယ်
ဆော့ဝဲမရှိသူ Play Store မ၀င်တတ်သူ အောက်ကလင့်မှာ ၃ခုလုံးဆွဲပါ
Download - Facebook
Download - ADM Pro_Version-
Download - ES File Explorer
 နားမလည်သူများက ဗီဒီယိုကြည့်ပြီး လုပ်ပါ အလွယ်ဆုံးအဆင့်ပါ
Phone ကနေ Download ယူပြီးတဲ့အခါ Can not open File ဖြစ်တတ်သူများအတွက် ဖြေရှင်းနည်း
ဖုန်းထဲကနေ ဒေါင်းလုပ်ယူပြီးတဲ့အခါ ဖွင့်မရဘူး ပြောတဲ့သူများ ဒီနည်းကို
လေ့လာကြည့်ပါ။စောစောက ကျနော် Photo Comment 359 ပုံတင်တာ
ဒေါင်းလို့ ရပြီး ဖုန်းမှာ မပွင့်ဘူးလို့ ပြောလာသူအများကြီး မြင်နေရပါတယ်
၃၅၉ပုံကို win rar ဖိုင်နဲ့  ချုပ်ပြီး ဒေါင်းလုပ်လင့်တင်ရပါတယ် ချုပ်ထားတဲ့
Zip ဖိုင် Rar ဖိုင်ဆိုရင် ဖုန်းထဲမှာ File Manager ဆော့ဝဲတစ်ခုခုရှိမှသာ
ပွင့်တာပါ။ မောင်စွယ်စုံကျမ်းဖုန်းထဲကို ES Explorer ဆော့ဝဲထည့်ပြီးတော့
Photo Comment 359 ပုံကို Gallery ထဲမှာ လာပေါ်အောင် သေချာရှင်းပီး
Video ဖိုင်နဲ့ ပြထားပါတယ် ။ စာနဲ့ နားမလည်သူများ Video ကိုကြည့်ပါ
Explorer ဆော့ဝဲမရှိသေးသူများ အောက်ကလင့်မှာ ဒေါင်းလုပ်ယူလိုက်ပါ
Android ဖုန်းထဲမှာ ရှိထားသင့်တဲ့ မရှိမဖြစ် ဆော့ဝဲအမျိုးစားတစ်ခုပါပဲ ။
Download - ES Explorer(မောင်စွယ်စုံကျမ်း).apk
Wednesday, September 23, 2015
ကွန်ပျုတာနဲ့  ကာရာအိုကေဆိုချင်သူများအတွက်Cyber Link Power DVD
ကွန်ပျုတာနဲ့ ကာရာအိုကေ ဆိုချင်ရင်တော့  ဒီဟာလေးနဲ့ အဆင်ပြေတယ် ဆို
ချင်သူများ  လေ့လာလိုသူများ အတွက်ပြန်လည်မျှဝေလိုက်ပါတယ်.. Key gen
တော့ပါတယ် Anti Virus က အင်စတောလုပ် နေဆဲမှာ တားထားတယ်ဆိုရင်
ဗိုင်းရပ် မဟုတ်ပါဘူး Allow ပေးပြီးမှ အင်စတော ပီးအောင်လုပ်ပါ key ထည့်
ဖို့ က Name နေရာမှာ နာမည်တစ်ခုခုရေးပြီး generate ကိုနှိပ် ရလာတာကိုမှ
ရိုက်ထည့်ပါ အကယ်၍ မရဘူးဆိုရင် Regeristy setting ပြင်ပေးဖို့ လိုပါတယ်
ဘာကွာလည်း မသိပေမယ့် သူငယ်ချင်း တစ်ယောက်ရဲ့ကွန်ပျုတာမှာ ထည့်လို့ 
မရတာနဲ့  Registery ကိုပြင်ပေးလိုက်တာ အဆင်ပြေပါတယ်  အဆင်မပြေရင်
လုပ်နည်းကို ဒီမှာဖတ်ပါ  www.megarelease.net ကွန်မန့် မှာရေးပေးထားတဲ့
နည်းနဲ့  Registery Value ကိုပြင်ပေးမှ KeyGen ကအလုပ်လုပ်တာကိုတွေ့ ရပါ
၁၀ ကတော့ ဘာမှမလိုဘူး ။ကွန်ပျုတာနဲ့ တွဲပြီး သီချင်းဆိုချင်တယ်ဆိုရင်တော့
ဒီလိုဆော့ဝဲလေးလိုပါတယ် မဆိုဘူးဆိုရင်တော့ ဖိုင်ဆိုဒ်ကြီးတော့ စက်လေးနိုင်
တယ် ဒေါင်းရတာလည်း မလွယ်ဘူး တင်ရတဲ့လူလည်း  မလွယ်ဘူးဗျာ စက်ရုံက
လိုင်းမလို့  ရတာဗျို့  Umobile က Gtalk တောင်  အနိုင်နိုင်ရယ် မြန်မာပြည်ကို
ပြန်ရောက် နေသလိုပဲ ......။သီချင်းကို  သူနဲ့ ဖွင့်မှ ကာရာအိုကေ ပြောင်းလို့ ရ
တာ တခြား  ပလေယာတွေမှာတော့ မတွေ့ မိဘူး  ရုပ်ရှင်ကြည့်လို့   လည်းရပါ
တယ်  ၁၀ ကလည်း  အဆင်ပြေပါတယ်  ကြိုက်ရာယူပါ...........................။
ဒီမှာ Download ယူပါ Cyber Link Power DVD 14
ဒီမှာ Download ယူပါ Cyber Link Power DVD Crack
cREDIT- http://www.freesoftwarecrack.com/2014/08/cy
ကွန်ပျုတာ အတွက် အဆင်ပြေ ကောင်းမွန်တဲ့ MPCSTAR PLAYER 5.4 ကာရာအိုကေ ဆိုလို့ ရပါတယ်
ကွန်ပျုတာမှာ စမ်းသုံးပြီး ခုဒေါင်းထားတယ်..ကဲ..ကြိုက်ရင် ဆွဲ......................။
ဒီမှာ သွားယူပါ မူရင်းလင့်နော် - http://www.mpcstar.com/ (MPCSTAR)
ဆက်လိုချင်သေးရင်တော့ အောက်ကလင့်မှာ လိုချင်တာယူပါ...ALL Player
Virtual DJ v7.0 PRO လိုချင်သော လူများအတွက် Full Version သုံးလို့ ရပါပြီ ( Cracked ဖိုင်နဲ့ )
ဒီဆော့ဝဲက အသုံးလိုသူတွေအတွက်ပါ လန်းတာတော့အတော်လန်းတယ် စုံလည်းစုံ
အသုံးချတတ်သူတွေအတွက်တော့ တေးဂီတ အသံပိုင်းတွေ ရောစပ်မှုတွေ ဖန်တီးမှု
မျိုးစုံအောင်လုပ်ရတယ်။အသံကို ကလေးအသံ အနှေးအမြန် ချိန်ဆလို့ နိမ့်လို့ မြင့်လို့ 
ရတယ် ဖွင့်ထားတဲ့ သီချင်းကို အသံဖမ်းမယ် လိုက်ဆိုမယ်ဆိုလည်းရတယ် ဟာသသံ
လေးတွေလုပ်ချင်ရင် ဒီဟာနဲ့ ရတယ် တီးလုံးလေးပဲ ဖြတ်ထုတ်ချင်လို့ ဖမ်းချင်ရင်လဲ
မဆိုဘူး Full Version-Pro Version မလို့ အပြည့်အ၀ အသုံးချလိုသူ ဒီဂျေပွတ်ချင်သူ
အောက်ကလင့်မှာ ဒေါင်းလုပ်ယူပါ အသုံးပြုပုံရော အင်စတောလုပ်နည်ရောပါပါတယ်
Download - Virtual DJ v7.0 PRO + Cracked].rar
အင်စတောမလုပ်တတ်ရင် ပုံကိုကြည့်လုပ်ပါ ပုံမှာပါတဲ့အတိုင်း လွယ်ပါတယ်
အသုံးပြုပုံ ဗီဒီယိုကြည့်ချင်ရင် အောက်ကလင့်မှာကြည့်လိုက်ပါ
http://www.youtube.com/watch?v=_DwWx_uhTgs
အသုံးပြုပုံ စာအုပ်လိုချင်ရင် အောက်ကလင့်မှာ နှိပ်လိုက်
http://www.google.com/FVirtualDJUserGuide.pdf
ကွန်ပျုတာထဲမှာ အင်တာနက်ကရတဲ့ E-book တွေ ဖတ်မရခဲ့ရင်ဒီလိုလုပ်
E.book  စာအုပ်တွေ  ဖတ်မရလို့  ဆိုတဲ့   မေးခွန်းနဲ့  သူငယ်ချင်းတစ်ယောက်
မေးဖူးပါတယ် Adobe Reader မရှိရင်  အင်တာနက်က ဒေါင်းလုပ်ယူထားတဲ့
PDFစာအုပ်တွေ  ဖတ်မရဖြစ်တတ်ပါတယ်   ပြဿနာအကြီးတော့ မဟုတ်ပါ
လောလောဆယ်တော့ PDF reader လေး ဗဟုသုတပြောပြလိုက်ရပါတယ်..။
စာအုပ်တွေဖတ်မရင် Download.ယူပါ .. Adobe PDF E book  Reader '
ဒါလည်း Reader နောက်တစ်ခု ပါ   Foxit Ebook PDF Reader
နှေးကွေးလေးလံလှသော ကွန်ပျူတာများအတွက် မြန်နှုန်းမြင့် ပေးနိုင်မယ့် ဆော့ဝဲ
ကွန်ပျုတာနှေးရတဲ့အကြောင်းရင်းတွေအများကြီးပါရှင်းသင့်တာတွေရှင်းဖို့ မေ့နေ့ တဲ့
သူတွေအခုတင်ပေးလိုက်တဲ့ဆော့ဝဲသုံးကြည့်ပါတော်တော်လေးကောင်းပါတယ်တစ်
ခုထဲနဲ့ အစုံပါတယ်ကွန်ပျူတာအသုံးပြုပီးပိတ်ခါနီးရင်ဒီဆော့ဝဲလေးနဲ့ ရှင်းပေးသင့်ပါ
တယ်အဲ့ဒါမှနေ့ စဉ်အသုံးပြုမှုမှာမြန်ဆန်လာမှာပါသုံးပီးပိတ်ပစ်ထားရင်ကွန်ပျူတာ
ဟာကြာလေလေးလာလေပါပဲ Auto Backup/Temp/Prefetch/Recent Fileကြောင့်
ကြာလေဖိုင်တွေအဖွင့်အပိတ်တွေနှေးခဏခဏဟမ်းဖြစ်တတ်ပါတယ်Ram နဲလို့ နှေး
တာကတော့မတတ်နိုင်ဘူးပေါ့ကျနော်တွေ့ ဘူးပါတယ် Ram2GB ရှိပါရဲ့နဲ့ မသွက်ပဲ 
ပွင့်တာကြာနေတာတွေလေဒီဆော့ဝဲလေးထဲမှအကုန်ပါတယ်လက်တွေစမ်းကြည့်။
Monday, September 21, 2015
iPhone_iPad သူများသုံးပီးသား Second Hand ၀ယ်တော့မယ်ဆို အထူးသတိပြုသင့်သည့်အရာများ
“Second Hand IDevice တစ်ခုကို ဝယ်တော့မယ်ဆို”
ပြည်တွင်းရဲ့ iphone ဈေးကွက်အခြေအနေကို လေ့လာကြည့်မယ်ဆိုလျှင်တော့ iphone တွေဟာ ဟိုးအရင် ကတည်းက အသုံးပြုပြီးသား Handset တွေကို တဆင့်ပြန်လည်ရောင်းချတဲ့ Use ဈေးကွက်က ပြည်တွင်းမှာ ရှိနေခဲ့ပါတယ်။ ဒါ့အပြင် အသုံးပြုသူအချင်းချင်းကလည်း အသုံးပြုပြီးသား Handset တွေကို ပြန်လည်ရောင်းချတာမျိုး ၊ဝယ်ယူတာမျိုးတွေရှိနေ ပါတယ်။တချို့ကတော့ ပြည်ပကနေ အသိမိတ်ဆွေတွေဆီက တိုက်ရိုက် မှာယူအသုံးပြုကြတာမျိုးတွေလည်းရှိပါတယ်။ ဒီလိုမျိုးအသုံးပြုမှုတွေဟာ တစ်ချိန်တစ်ခါတုန်းကတော့ သိသာထင်ရှားတဲ့ ပြသနာသိပ်မရှိခဲ့ပေမဲ့ အခုအချိန်မှာတော့ Iphone တွေကို ဒီလိုမျိုး တစ်ယောက်လက်ကနေတစ်ယောက် တဆင့်ပြန်လည်ဝယ်ယူအသုံးပြုနေကာ ဈေးကွက်ထဲမှာရှိပြီးသား ဈေးနှုန်းသက်သာတဲ့iphone use တွေကို ပြန်လည် ဝယ်ယူအသုံးပြုခြင်းတွေဟာ ကိုယ့်အတွက် အမှတ်မထင်ပြသနာမျိုးတွေ ကို ဖန်တီးလာနိုင်မယ်ဆိုတာ ယခုအချိန်မှာ အသုံးပြုသူတွေဟာ သိထားသင့်ပါပြီ ။ဒါ့အပြင် ဖုန်းအသစ်ကို ကိုင်တွယ် အသုံးပြုသူတွေ အနေနဲ့လည်း ကိုယ်အသုံးပြုနေတဲ့ Apple ရဲ့ လုံခြုံရေးစနစ်တွေကို သိထားသင့်ပါပြီ။
Iphone တွေဟာ ခုချိန်မှာ နည်းပညာပိုင်းတွေ တစ်စထက်တစ်စ မြင့်မားလာနေခဲ့ပြီဖြစ်တဲ့အတွက် ဖုန်းရဲ့ လုံခြုံရေးအတွက် ပြုလုပ်ထားတဲက Security စနစ်တွေဟာလည်း တစ်စထက်တစ်စ ပိုမိုများပြားနေခဲ့တာကို မြင်တွေ့ရမှာဖြစ် ပါတယ်။ ဒါ့အပြင် Apple ကနေ အသစ်ထွက်လာတဲ့ IOS တွေဟာ အဆင့်မြင့်မားလာခဲ့ပြီး Iphone တွေမှာ အသုံးပြုထားတဲ့ Chip တွေ နဲ့ OS တွေရဲ့ တွဲဖက်လုပ်ဆောင်ပုံတွေဟာလည်း ပိုမိုတိကျကောင်းမွန်လာတာကိုလည်း အသုံးပြုသူတွေအနေနဲ့ ဂရုပြုသင့်ပါတယ်။
ဘာကြောင့်များ ဒီလိုမျိုးတွေ ဖြစ်လာရသလဲဆိုတာကို လေ့လာကြည့်မယ်ဆိုရင်တော့ ဒါဟာ IOS 7 စတင် ထွက်ရှိခဲ့တဲ့ အချိန်ကစတင်တယ်လို့ ဆိုရပါလိမ့်မယ်။ IOS 7 ထွက်လာတဲ့အချိန်မှာ ပြည်တွင်းမှာရှိနေတဲ့ Iphone တော်တော်များများမှာ အခက်အခဲတွေဖြစ်ပေါ်လာခဲ့ပြီး တချို့ဖုန်းတွေဟာ အကောင်းကနေ လုံးဝသုံးမရတဲ့ အခြေအနေအထိ ဖြစ်သွားခဲ့တဲ့ အဖြစ်အပျက်တွေရှိနေခဲ့ပါတယ် ။
ဒါဟာဘာကြောင့်လဲဆိုတော့ ပြည်တွင်းမှာ ရှိနေတဲ့ Iphone အသုံးပြုသူတချို့ဟာ Apple ရဲ့ Icloud စနစ် ကို ပေါ့ဆစွာ အသုံးပြုနေကြခြင်းကြောင့်ဖြစ်ပေါ်လာခဲ့ရတာ ဖြစ်ပါတယ်။ iCloud အကောင့်ကို အသုံးပြုရာမှာ ပြည်တွင်းက အသုံးပြုသူတချို့ဟာ iCloud နဲ့ Find My iPhone ကို ဖွင့်တဲ့အခါမှာ ကိုယ်အမြဲသုံးနေတဲ့ Email အကောင့်နဲ့ ဖွင့်ထားတဲ့ iTunes အကောင့်မဟုတ်ပဲ တခြားသူတစ်ယောက် လုပ်ပေးတာမျိုး ဒါမှမဟုတ် ဆိုင်ကနေအလွယ်တကူဖွင့်ပေးလိုက်တဲ့ အကောင့်မျိုးတွေနဲ့ အသုံးပြုနေကြတာကို မြင်တွေ့ရပါတယ်။ ဒါတွေဟာ ခုအချိန်မှာ အန္တရာယ် ရှိလာပါပြီ။ ဒါ့အပြင် တချို့ဟာ iCloud အကောင့်ကို အသုံးပြုပြီး အချိန်မှာ Log Out မလုပ်ပဲ Log Move လို့ခေါ်တဲ့ တိုက်ရိုက်ထွက်လာတဲ့ စနစ်မျိုးကို အလွယ်တကူ အသုံးပြုတတ်ကြပါတယ် ။ ဒါတွေကိုလည်း ရှောင်ကြဉ် သင့်ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့ စနစ်မျိုးတွေနဲ့ အသုံးပြုခဲ့တဲ့ Device တွေဟာ IOS7 ကို ဗားရှင်းမြှင့်တင်ချိန်မှာ ပြသနာဖြစ်လာပါလိမ့်မယ် ။ ဘာကြောင့်လဲဆိုရင်တော့ IOS 7 ကို ဗားရှင်းမြှင့်တင်လိုက်တဲ့အချိန်မှာ Firmware Restore, Firmware Update ပြုလုပ်ပြီး အချိန်မှာ Apple ID လို့ခေါ်တဲ့ iTunes အကောင့် ကို စတောင်းပါတော့တယ်။ အဲဒီလိုမျိုး အကောင့်ကို တောင်းချိန်မှာ ကိုယ်က အကောင့်ကို မသိတာဖြစ်ဖြစ် ၊မမှတ်မိတော့တာ ဖြစ်ဖြစ်ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အကောင့်ကို မဖြည့်နိုင်ဘူးဆိုလျှင်တော့ ဒါဟာ ဖုန်းပျက်ဖို့ အကြောင်းအရင်းစတင်လာပါပြီ။ တချို့တွေဆို ဆိုင်မှာ ဗားရှင်းသွားမြှင့်တာ ဖုန်းကပျက်သွားတယ်ဆိုတဲ့ ထင်မြင်ချက်မျိုးတွေတောင် ဖြစ်လာတာမြင်ဖူးပါတယ်။ ဒါ့ကြောင့် Apple ID ဟာ Apple Device တစ်ခုအတွက် အသက်လို့တောင် ပြောလို့ရနေပါပြီ။ အကောင့်မမှတ်မိတော့ဘူးဆိုလျှင်တော့ Activation Stage ဖြစ်တဲ့နေရာကနေ ဖုန်းက ဆက်ပြီးတော့ OS တက်လာမှာ မဟုတ်တော့ပါဘူး ။ခုလက်ရှိလည်း Actviation Stage ကို ကျော်နိုင်တဲ့ Solution တွေ မရှိသေးတဲ့ အတွက် ဒီလိုမျိုးအကောင့် မသိတော့ဘူး၊ မဖြည့်နိုင်တော့ဘူး ဆိုရင်တော့ ဒီဖုန်းဟာ ရပ်တန့်သွားပါပြီ။ ဒါဟာ ယခုအချိန်မှာ အခက်အခဲ တစ်ခု အခြေအနေမျိုးမဟုတ်ပဲ သတိထားပြီး ဂရုစိုက် ရမည့်အခြေအနေ မျိုးမှာရှိနေပါတယ် ။ ဒါကြောင့် ကိုယ်အသုံးပြုနေတဲ့ Device ရဲ့ Account နဲ့ ID ကို မသိဘူးဆိုရင် တော့ IOS 7 ကို ဗားရှင်းမမြှင့်လိုက်ပါနဲ့ ။ဒါ့အပြင် တခြား ပြင်ပကနေ အသုံးပြုပြီးသား ဖုန်းတွေကို တစ်ဆင့်ပြန်လည်ဝယ်ယူ အသုံးပြုတော့မယ် ဆိုရင်လည်း ဒါတွေကို သေသေချာချာစစ်ဆေးမေးမြန်းပြီးမှပဲ ဝယ်ယူသင့်ပါတယ်။ ကိုယ်က Use ဖုန်းတစ် လုံးကို ဝယ်တော့မယ်ဆိုရင် ပြည်ပကနေ Activate လုပ်လာပြီးသားဖုန်းတစ်လုံးကို မှာယူအသုံးပြုတော့မယ်ဆိုရင်ပဲဖြစ်ဖြစ် အဓိက အရေးကြီးတဲ့အချက်က Icloud, Itunes Account နဲ့ Apple ID ဆိုတဲ့အရာတွေ ဒါမှမဟုတ် itune account ကို ပြုလုပ်ခဲ့တဲ့ Gmail (or) Email နဲ့ Password တွေကို သိထားဖို့လိုအပ်ပါတယ် ။ ဒါ့အပြင် ပုံမှန်အသုံးပြုနေသူ တွေ အနေနဲ့လည်း အကောင့်နဲ့ Password ကို ဂရုစိုက်ပြီး အသုံးပြုသင့်ပါတယ်။ IOS ဟာ ခုအချိန်မှာ 7.1 အထိ ရှိနေခဲ့ပြီဖြစ်တဲ့ အတွက် 7 ရဲ့ အောက်က ဗားရှင်းသမားတွေရော IOS 7 ကနေ စတင်ပြီး ဗားရှင်းမြှင့်မယ် သူတွေပါ ဒါကို ဂရုစိုက်သင့်ပါတယ်။ Use တွေကို ဝယ်တော့မယ်ဆိုလျှင်လည်း အကောင့်တွေကို မေးထားသင့်ပါတယ်။
အင်တာနတ်ဂျာနယ် မှ ကူးယူတင်ပြပါသည်။
Mobile Phone ဆိုင်ရာပညာလေ့လာရန်
iPhone-iPad (ios) ဆိုင်ရာ နည်းပညာများ
နည်းပညာရပ်ဆိုင်ရာနဲ့  စွယ်စုံစာအုပ်စင်
ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ
ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here