ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

"ဘာကြောင့် ဝရတာလဲ လို့ သင်သိချင်ပါသလား“



ဝရတဲ့အကြောင်းရင်းကို တိုတိုရှင်းရှင်းပြရရင်တော့ အစာကို အလွန်အမင်းစားခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှု မလုံလောက်ခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။ ကိုယ်အလေးချိန် ကျဖို့ဆိုရင်တော့ ကိုယ်လက်လှုပ်ရှားမှု များများလုပ်ပြီး အစားအသောက်လျှော့စားကာ ကယ်လိုရီပမာဏ လျှော့ချဖို့လိုပါတယ်။

ဒီလိုပြောတော့ လွယ်ပေမယ့် လက်တွေ့မှာ လိုက်နာဖို့ကျတော့ ခက်လှပါတယ်။ ဒီနေ့ခေတ်အလုပ်တွေဟာ အထိုင်များပြီး လှုပ်ရှားမှုနည်းတဲ့ အလုပ်တွေဖြစ်လာတာကြောင့်နဲ့ အစားအသောက် စားသောက်တဲ့ အလေ့အထကြောင့် ဖြစ်ပါတယ်။

အစားအသောက်စားတဲ့နေရာမှာ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံများများ၊ ထမင်း အသင့်အတင့်နဲ့ အသား၊ ငါး အသင့်အတင့်ကိုပဲ စားသင့်တာဖြစ်ပေမယ့် ဝတဲ့သူ အများစုဟာ ထမင်းအများအပြား၊ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံနည်းနည်းကိုပဲ စားလေ့ရှိတာကြောင့်ပါ။ ဒါ့အပြင် အလုပ်လုပ်ချိန်ပိုရဖို့အတွက် အစာကိုခပ်မြန်မြန် စားသောက်တဲ့အကျင့်ကလည်း အစာကို ပိုမိုစားဖြစ်စေတဲ့အချက်ပါပဲ။

ဒီနေ့ခေတ်မှာ အားကစားလုပ်ဖို့ အချိန်မပေးနိုင်ဘူးဆိုတဲ့ အကြောင်းပြချက်ကြောင့်လည်း ဝစေပါတယ်။

အားကစားခန်းမ (Gym) သွားပြီး အားကစားကို တကူးတကမလုပ်နိုင်ရင်တောင် အိမ်မှာပဲ ရေမချိုးခင် လမ်းလျှောက်တာ၊ ထိုင်ထ လုပ်တာ၊ ဒိုက်ထိုးတာ စတဲ့အားကစားတွေကို အချိန်ရသလောက် ပြုလုပ်ပေးနိုင်ပါတယ်။ နံနက်တိုင်း သွားမတိုက်ရမနေနိုင်တဲ့ အကျင့်တစ်ရပ်လိုဖြစ်နေအောင် ကိုယ်လက်လှုပ်ရှားမှုကို ဆောင်ရွက်ပေးသင့်ပါတယ်။

ကိုယ်ရဲ့ဘဝနေထိုင်မှု ဟန်ပန်တချို့ကိုပြောင်းလဲလိုက်မယ်ဆိုရင်တော့ ဝရတဲ့ အကြောင်းရင်းအတွက် စိတ်ညစ်နေစရာ လိုမှာ မဟုတ်တော့ပါဘူး။

ရေသောက်ပီးမှအစာစားပါ

လူတိုင်းအတွက် အလွယ်ဆုံးဖြစ်သလို့  လုပ်ဆောင်နိုင်သည့် အနေအထားလည်း ဖြစ်ပါတယ် ။ လူ့ အသက်ရှင် သန်စေဖို့ အထူးအရေးပါသလို့ ဝိတ်ချနေသူများ နှင့် ကိုယ့်အလေးချိန်မတက်အောင် ထိန်းသိမ်းထားချင်သူများ အနေဖြင့် ထမင်းစားတော့မည် သို့ မဟုတ် အစားအစာ တစ်ခုခု ဝဝ စားမည် ဆိုလျှင် ရေကို ဦးစွာသောက်ပြီးမှ စားသုံးပါ ။ ရေဆိုတာနဲ့  ရေခဲရေ ၊ အေးစက်နေသော ရေကိုတော့ သောက်သုံးခြင်းရှောင်ပါ ။ ဂက်စ်ပါသော အချိုရည်များလည်း ရှောင်ပါ ။ ရေဆိုတာနဲ့  အများကြီး သောက်ပြီးမှ စားရမယ်လား မဟုတ်ပါဘူး ရေသန့် ဘူး တစ်လီတာ အရွယ် တစ်ဝက် (သို့ ) သုံးပုံတစ်ပုံတော့ အနည်းဆုံး သောက်ပြီး စားစရာရှိတာ စားသောက်လိုက်ပါ ။

ကိုယ့်အလေးချိန်ထိန်းနိုင်ခြင်းအပြင် အဆီများတက် ဝနေသူများလည်း အစားသောက်ကြောင့် ဝိတ်တက်စေခြင်း အဖြစ်မှထိန်းနိုင်သလို အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာအတွက် ပါ ကျန်းမာကောင်းမွန်စေဖို့ အကျိုးများစွာရှိပါသည် ။

ပေါ့ပေါ့ပါးပါး အကောင်းဆုံးဖြစ်သည့် ရေကိုသာ သောက်သုံးပြီးမှ အစားသောက်စားပါ ၄င်းစားသောက်ခြင်းကြောင့် ဝိတ်မတက်စေရန် အထောက်ကူပြုသလို ခန္ဓာကိုယ်အလှ ဝိတ်မတက်စေရန် ထိန်းနိုင်ပါသည်။
အသက်ရာကျော် ရှည်ပါစေ။။။

Mg Mandalay


0 မှတ်ချက်:

Post a Comment

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here