Sunday, January 31, 2016

Smart Phone ရဲ့ ကင်မရာ ကို အသုံးချနည်းများ

စမတ်ဖုန်း တွေရဲ့ ကင်မရာ ဟာ ဓာတ်ပုံ ၊ ဗီဒီယို တွေကို ပဲရိုက်ကူးဖို့ အသုံးပြုနိုင်တာမဟုတ်ဘဲ ဘာသာပြန်ဖို့၊ ကုန်ပစ္စည်းတွေကို ဈေးသက်သာတဲ့ နေရာ မှာ ရွေးချယ်ဝယ်ယူဖို့ ၊ Scanner အဖြစ်အသုံးပြုဖို့၊ Contacts တွေကို အလွယ်တကူ မှတ်သားဖို့ အပြင် အခြား အလုပ်တွေကို ပြုလုပ်ပေးနိုင်ပါတယ်။



ဘာသာပြန်ဖို့ အသုံးပြုပါ။
အရင်တုန်းကဆိုရင် မသိတဲ့ နိုင်ငံခြား ဘာသာစကားတစ်ခုကို သိချင်ရင် Dictionary ထဲမှာရှာရပါတယ်။ ဒါမှမဟုတ် ကွန်ပြူတာ မှာ ရိုက်ပြီး ရှာဖွေရပါတယ်။ အခုတော့ စမတ်ဖုန်း ရဲ့ ကင်မရာ ကို အသုံးပြုပြီး မသိတဲ့ ဘာသာစကားတစ်ခုကို အလွယ်တကူ သိရှိနိုင်ပါပြီ။
Word Lens ဆိုတဲ့ App ကို Android , iOS Device တွေမှာ အသုံးပြုနိုင်ပြီး မသိတဲ့ဘာသာစကားကို ကင်မရာ ကနေ ချိန်ရွယ်လိုက်တာနဲ့ ဖုန်းမှာ အလိုလို ဘာသာပြန်ပေးမှာဖြစ်ပါတယ်။ Word Lens ကို အသုံးပြုဖို့ အင်တာနက် ကွန်နက်ရှင် မလိုအပ်ပါဘူး။ ဒါပေမယ့် Word Lens ကို အခမဲ့ မရရှိဘဲ ငါးဒေါ်လာ နဲ့ ၀ယ်ယူအသုံးပြုရမှာပါ။ မ၀ယ်ယူချင်ရင် အင်တာနက်မှာ Cracked Version ကို ရှာဖွေအသုံးပြုနိုင်ပါတယ်။
နောက်ထပ် ရွေးချယ်စရာ App တစ်ခုက Google Translate ဖြစ်ပါတယ်။ Google Translate မှာ Optical Character Recognition (OCR) စွမ်းရည်ပါရှိတဲ့အတွက် နားမလည်တဲ့ ဘာသာစကားကို Camera ကနေ Photo အဖြစ်ရိုက်ပြီး Google Translate ကနေဘာသာပြန်နိုင်ပါတယ်။


 

Scanner အဖြစ်အသုံးပြုပါ။
 စာအုပ်တစ်ခု ၊ စာရွက်တစ်ခုက စာသားတွေကို Edit လုပ်နိုင်တဲ့ Document အဖြစ်ပြောင်းလဲချင်ရင် ကွန်ပြူတာမှာ အဲဒီ စာသားတွေကို ရိုက်စရာမလိုတော့ပါဘူး။ Scanner တွေလည်း မလိုအပ်တော့ပါဘူး။ စမတ်ဖုန်း ကင်မရာ ကို Scanner အဖြစ် အသုံးချနိုင်ပါတယ်။ Google Drive, Evernote , Scan To PDF Free စတဲ့ Apps တွေက စာသားတွေကို Scan လုပ်ပေးနိုင်ပြီး PDF ဖိုင်အနေနဲ့ ပြုလုပ်ပေးနိုင်ပါတယ်။

 

ကုန်ပစ္စည်းတွေကို ဈေးသက်သာတဲ့နေရာမှာ ရွေးချယ်ဝယ်ယူပါ။
Store တစ်ခုမှာ ပစ္စည်းတစ်ခုကို ၀ယ်ယူဖို့ ကြည့်ရှုနေတဲ့အခါ အဲဒီ ပစ္စည်း ရဲ့ ဈေးနှုန်းကို Online Store တွေ ကဈေးနှုန်း နဲ့ နှိုင်းယှဉ်ဖို့ အတွက် Application တွေ ရှိပါတယ်။ ကုန်ပစ္စည်းရဲ့  Barcode ကို Application ကနေ Scan လုပ်ပြီး Online Store က ဈေးနှုန်း တွေ နဲ့ နှိုင်းယှဉ်နိုင်ပါတယ်။ Amazon ရဲ့  Price Check က အဲဒီလို ပြုလုပ်ပေးနိုင်ပါတယ်။
RedLaser က လည်း နောက်ထပ်ရွေးချယ်စရာ တစ်ခုဖြစ်ပါတယ်။ RedLaser ကို Android ,iOS , Windows Phone တို့မှာ အသုံးပြုနိုင်ပါတယ်။

 

Contact သတင်းအချက်အလက်တွေကို ဖုန်းမှာ အလွယ်တကူမှတ်သားပါ။
Business Cards တွေဟာ ကောင်းမွန်ပေမယ့် ခေတ်မမီတော့ပါဘူး။ အခုခေတ်မှာ Business Card အစား Contact Information တွေကို စမတ်ဖုန်းမှာ ပဲ မှတ်သားလို့ရပါပြီ။ Business Cards တွေက သတင်းအချက်အလက်တွေကို ဖုန်းမှာ ရိုက်ထည့်စရာမလိုဘဲ ဖုန်း ကင်မရာ ကနေ ဓာတ်ပုံ ရိုက်လိုက်တာနဲ့ Phone Contact ထဲကို Contact Information တွေ အလွယ်တကူ ထည့်သွင်းပေးမယ့် App တွေရှိပါတယ်။ ဒီလိုအသုံးချဖို့အတွက် CamCard ကို အသုံးပြုနိုင်ပါတယ်။ CamCard ရဲ့ OCR က အနည်းငယ်အားနည်းတာကို တွေ့ရပါတယ်။ ဒါပေမယ့် အနည်းငယ် ပြုပြင်ပေးစရာပဲလိုအပ်တဲ့အတွက် သတင်းအချက်အလက်တွေကို ကိုယ်တိုင် ရိုက်ထည့်တာထက်စာရင် အလုပ်ရှုပ်သက်သာစေမှာဖြစ်ပါတယ်။

 

Visual Search ပြုလုပ်ဖို့ အသုံးပြုပါ။
Search Application တွေ မှာ စာနဲ့ ရိုက်ပြီးသိချင်တာရှာနိုင်သလို ပုံနဲ့ လည်းရှာနိုင်ပါတယ်။ဥပမာအားဖြင့် Product တစ်ခု အကြောင်းသိချင်တယ်ဆိုရင် Product ကို Photo အနေနဲ့ ရိုက်ပြီးအဲဒီ Product ရဲ့  သတင်းအချက်အလက်တွေကို ရှာနိုင်ပါတယ်။Google Goggles Application မှာ Visual Search ကို သုံးနိုင်ပါတယ်။
ဒါ့အပြင် Google Goggles က Augmented Reality နည်းပညာ ပါရှိပါတယ်။ တည်နေရာ တစ်ခု ကို ကင်မရာ ကနေချိန်ရွယ်လိုက်တာနဲ့ ပတ်ဝန်းကျင်က တည်နေရာ တွေကို ဖော်ပြပေးနိုင်ပါတယ်။ Augmented Reality နည်းပညာက ဖုန်းကင်မရာက တွေ့မြင်ရတဲ့ အရာဝတ္ထု ၊ တည်နေရာ တွေကို သိရှိပြီး ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ပြသပေးနိုင်ပါတယ်။ စားသောက်ဆိုင် လို နေရာမျိုးတွေရှာဖွေနိုင်ပါတယ်။




QR Code တွေကို Scan ပြုလုပ်ပါ။
QR Code ( Quick Response Code) တွေကို Application Store, Billboards, Advertisements, Products တွေ မှာ တွေ့ မြင်နိုင်ပါတယ်။ အဲဒီ QR Code တွေကို QR Code Scanner Apps တွေသုံးပြီးတော့ Scan လုပ်ပြီး သက်ဆိုင်ရာ ၀က်ဆိုက်တွေ မှာ Products တွေ ရဲ့  သတင်းအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။အဲဒီအတွက် ၀က်ဆိုက်လိပ်စာရိုက်ရတဲ့ အလုပ်ရှုပ်မှုကင်းဝေးစေပါတယ်။

 


Remote Control ရဲ့ ဘက်ထရီ အားကုန်နေပြီလား ဆိုတာ ဆန်းစစ်ပါ။ 
Remote Control တွေမှာ Infrared (IR) Light ပါရှိပြီး သာမာန် လူတွေရဲ့ မျက်စိနဲ့ မမြင်နိုင်ပါဘူး။ Remote Control တွေဟာ TV , Blu-ray Player စတာတွေကို အဆိုပါ IR ကို Signal အနေနဲ့ ပေးပို့ပြီး ခိုင်းစေကြတာဖြစ်ပါတယ်။ Remote Control က အလုပ်မလုပ်တော့ ရင် ဘက်ထရီ အားကုန် သွားတာလား ဒါမှမဟုတ် အခြား ပြဿနာ တစ်ခုကြောင့်လား ဆိုတာ မသိရှိပါဘူး။ အဲဒီ အခြေအနေမှာ စမတ်ဖုန်း ကင်မရာ ကို အသုံးချနိုင်ပါတယ်။
Remote Control ရဲ့ IR Light ကို ဖုန်း ကင်မရာ ရဲ့ Lens ကို ချိန်ရွယ်ပါ။ ဖုန်း က Camera App ကို ဖွင့်ပါ။ Remote မှာ ခလုတ် တစ်ချက်နှိပ်ပါ။ Camera App မှာ အလင်းရောင် မြင်ရရင် Remote ရဲ့ ဘက်ထရီ အားကုန်တာ မဟုတ်ဘဲ အခြား အကြောင်း တစ်ခုကြောင့်ဖြစ်ပါတယ်။ Camera App မှာ အလင်းရောင် မမြင်ရရင် တော့ Remote ရဲ့ ဘက်ထရီ အားကုန်တာဖြစ်ပါတယ်။






Security Camera အနေနဲ့ အသုံးပြုပါ။
Smart Phone ရဲ့  Camera ကို Security Camera အနေနဲ့ လည်းသုံးနိုင်ပါတယ်။ သင့်မှာ အသုံးမပြုတော့တဲ့ Phone တစ်လုံးရှိရင် အဲဒီ Phone ကို IP Webcam လို Application ကိုသုံးပြီး Security Camera အဖြစ်နဲ့ သုံးနိုင်ပါတယ်။ နှစ်သက်ရာ ကွန်ပြူတာ ကနေ ဖုန်းရဲ့ Video Feed တွေကို တိုက်ရိုက်ကြည့်နိုင်ပါတယ်။

နိဂုံး
Smart Phone တွေ ဟာ အိတ်ကပ်အရွယ်အစားသာရှိတဲ့ Computer တွေ ဖြစ်ပါတယ်။ အဲဒီအတွက် ထူးခြား ဆန်းသစ်တဲ့ Application တွေကိုအသုံးပြုပြီး Smart Phone တွေရဲ့ Camera တွေကနေ သာမာန် Phone တွေ၊ Digital Camera တွေထက်ပို ပြီးစွမ်းဆောင်နိုင်တဲ့ စွမ်းရည်တွေ ကို အသုံးချနိုင်ပါတယ်။


Icon Changer (Andriod ဖုန်းတွေမှာ App Icon နဲ့ App Icon Name ကိုစိတ်ကြိုက် ပြောင်းနိုင်တဲ့ ဆောဝဲ)



Andriod ဖုန်းတွေရဲ့ Icon တွေနဲ့ Icon အောက်က စာလုံးတွေကို စိတ်ကြိုက် ပြောင်းလို့ရတဲ့ ဆောဝဲဖြစ် တဲ့ Icon Changer လေးကို တင်ပေးလိုက်ပါတယ်။ ပုံမှာပြထားတာက Icon Name လောက်ပဲ ပြောင်းပြ ထားတာပါ။ Icon ပုံတွေလည်းပြောင်းလို့ရပါတယ်။ မိမိတို့ စိတ်ကြိုက် ပုံ နှင့် စိတ်ကြိုက် နာမည် ပြောင်း လို့ ရတဲ့ အတွက် တကယ်ကိုလန်းပါတယ်။

Icon Changer ကိုအရင်ကလည်း တင်ပေးဖူးပါတယ်။ အရင်ကတင်တာက Free Version ဖြစ်ပါတယ်။ အခုတင်ပေးလိုက်တာက v3.0.9 နောက်ဆုံးထွက်ဖြစ်တဲ့ Pro Version ကိုတင်ပေးလိုက်တာပါ။ Playstore မှာ ဆိုရင် US$2.70 နဲ့ ပေးဝယ်ရပါတယ်။ အခုကျနော့်ဆိုဒ်မှာ Free ဒေါင်းယူနိုင်ပါပြီ။ Andriod Version 2.1 အထက်တွေမှာ သုံးလို့ အဆင်ပြေပါတယ်။

စိတ်ဝင်စားပါက အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။


App Screenshots


 အားလုံးအဆင်ပြေပါစေ.......။


ဖုန်းပျောက်ရင် အထားမှားလို့ မေ့နေရင် လက်ခုပ်တီးတာနဲ့ အသံမည်အချက်ပြမယ့်ဆော့ဝဲ


တစ်ခါတလေ အထားမှားတာမျိုး ဘယ်နားချမိမှန်းမသိတာမျိုးဆိုရင် ဒါသုံး

လက်ခုပ်တီးတာနဲ့  ဖုန်းခေါ်သလို အသံထမည်ပါလိမ့်မယ်။အိမ်ထဲဆိုလည်း

အချက်ပြအသံပေးပါလိမ့်မယ်။အတော်ဝေးဝေးအထိ ဆွဲပါတယ်။စမ်းကြည့်

ဒီမှာတော့ အစမ်းလုပ်တာ လက်တွေလည်းနာပေါ့.ဘယ်လောက်အဝေးထိ

ရှာလို့ ရလဲလို့ စမ်းထားတယ် ပေ50 ပတ်ဝန်းကျင်အထိ လက်ခုပ်တီးပီးရှာ

အသံပေးလာလိမ့်မယ်။အိမ်ထဲပျောက်တာ အထားမှားတာဆို အေးဆေးပါ

လက်ခုပ်တင်မဟုတ်ဘူး အားးးး...နဲ့ အော်လိုက်လည်းရတယ် အသံတုန်ခါ

တာကို ဖမ်းပီး အချက်ပြတာမို့ လက်ခုပ်သံမဟုတ် လေချွှန်သံလည်းရ၏

စမ်းသုံးချင်သူများ အောက်ကလင့်မှာ ဒေါင်းလုပ်ယူသုံးပါ။


Download- Clap to Find-2.apk





ဖိနပ်စီးတဲ့အခါ ဒီဇိုင်းလှလှလေးနဲ့ အမြင်ဆန်းအလှ ကြိုးချည်နည်းအမျိုးမျိုးသင့်ယူနိုင်မယ့် Fashion Shoes.apk


ကိုယ်သိတာ တစ်မျိုးထဲပါ စီးနေတာ သုံးနေတာလည်း ကိုယ်သိတဲ့ဟာပဲ ချည်တာ

ဒီဆော့ဝဲလေးကြည့်မှ ကြိုချည်းနည်းအမျိုးမျိုး သိတယ် ဖက်ရှင်ကျကျ ပြောင်းပြီး

ဒီဇိုင်အမျိုးမျိုးနဲ့  ဖိနပ်ကြိုးချည်ချင်ရင် အောက်ကလင့်မှာ Downloadယူပြီးသုံးပါ

Download- Fashion Shoes.apk




Android ဖုန်းမှာ ရန်ကုန် ညမ်းညွှန်မြေပုံထည့်ထားရင် နာမည်ကြီးနေရာများ အလွယ်သိနိုင်ပါတယ်




ဒီဆော့ဝဲလေး ဖုန်းထဲထည့်ထားရင် ရန်ကုန်မြို့ ထဲမှာ စားသောက်ဆိုင်
ဟော်တယ် ဆေးရုံ ကားဂိတ် ပန်းခြံ ဘုရား တည်နေရာအားလုံးရှာဖို့ 
ဘယ်နေရာ ဘာရှိလဲ အလွယ်သိနိုင်ဖို့ အရမ်းအဆင်ပြေသွားနိုင်တယ်
ရန်ကုန် နေရာစုံမသိသေးရင် အောက်ကလင့်မှာ Download ယူပါ


Mssk- Yangon maps.apk



C+G Handset ကို G+G ဖြစ်​​အောင်​လုပ်​နည်း



C+G Handset ကို G+G ဖြစ်​​အောင်​လုပ်​နည်းဆိုရင်​ ဟာသ​ပြောတယ်​လို့ပဲ ထင်​ကြမှာပါ မယုံမရှိ့နဲ့ တကယ်​ရပါတယ်​ ။ ကျ​နော်​ 730 C00 နဲ့ G6 C00 မှာစမ်းတာရပါတယ်​ ။ ကိုယ်​တိုင်​လက်​​တွေ့လုပ်​ကြည့်​တာ ပို​ကောင်းပါတယ်​ လိုအပ်​တဲ့ Apk က​တော့ Roaming Setting Apk ပါ အသုံးပြု့ပုံ =========== ပထမအဆင့်​ - Apk ကို Download ဆွဲပီး Install တင်​ပါ ဒုတိယအဆင့်​ - CDMA Sim Card ​နေရာမှာ GSM Sim Card ကိုထည့်​ပါ (Eg . G+G ​ပေါ့ ) တတိယအဆင့်​ - Roaming Setting Apk ကိုဖွင့်​ပီး Card One ကိုအမှန်​​လေးခြစ်​ပီး Open ​ပေးလိုက်​ပါ ပီးပါပီ ။ Note . . တကယ်​လို့ Card One Open ပီးလို့ ဖုန်းတိုင်​တက်​မလာရင်​ ဖုန်းကို Restart ချ​ပေးလိုက်​ပါ တက်​လာပါလိမ့်​မယ်​ -

Download - https://my.pcloud.com 

Credit - ညောင်ညိုသားလေး
===============================================

ဖုန်းထဲကနေ ဆော့ဝဲတွေ အလွယ်တကူ ဒေါင်းလုပ်ယူချင်ရင် ဒီဆော့ဝဲထည့်ပါ

Mssk.apk- http://www16.zippyshare.com/v/57588065/file.html

Mssk.apk- https://play.google.com/store/apps/details?id=mssk.new

Mobile Phone ဆိုင်ရာပညာလေ့လာရန်

iPhone-iPad (ios) ဆိုင်ရာ နည်းပညာများ

နည်းပညာရပ်ဆိုင်ရာနဲ့  စွယ်စုံစာအုပ်စင်



သင့်ချစ်သူ ဘာလုပ်နေလဲ သင့်မိုဘိုင်းဖုန်းထဲကနေ ကြည့်နိုင်မယ့် FIND MY PHONE


 သင့်ချစ်သူ ဘာလုပ်နေလဲ သင့်မိုဘိုင်းဖုန်းထဲကနေ ကြည့်နိုင်မယ့် Find My Phone-Device Manager_1.3.2 ဗားရှင်းအသစ်ထွက်ရှိလာပါပြီသင့်ချစ်သူ ဘာလုပ်နေလဲ မိမိတို့ မိုဘိုင်းနဲ ဗီဒီယို Live အနေနဲ အပြန်အလှန် ကြည့်ရှုနိုင်မည် ဖြစ်ပါတယ်။
ယခု မိုဘိုင်းဆော့ဝဲကို သင့်နှင့် သင့်ချစ်သူ ဖုန်းမှာ နှစ်ဦးစလုံး ထည့်သွင်း အသုံးပြုရမှာဖြစ်ပါတယ်။အသုံးပြုပုံ ကလည်း ယခု ဆော့ဝဲလ်ကို အသုံးပြုမည် ဆိုလျှင် Gmail နဲ Password တစ်ခုထဲကို နှစ်ဦးနှစ်ဖက် ထည့်သွင်း အသုံးပြုရမှာဖြစ်ပါတယ်။ Live အနေနဲ သင့်ဖုန်းကနေ သင့်ချစ်သူ ဖုန်း ရှိနေတဲ့ နေရာကို Video အဖြင့် တိုက်ရိုတ် ကြည့်နိုင်မှာဖြစ်ပါတယ်။ 
သင့်ချစ်သူက Wifi (သို့ ) Internet ဖွင့်ထားချိန်မှာ ယခု App ထဲဝင်ပြီး သင့် ချစ်သူ Account ကို လှန်းကြည့်နိုင်မှာဖြစ်ပါတယ်။အသုံးပြုနည်းကိုတော့ Videos ဖိုင်ကိုတော့ Google Play Store မှာအသေးစိတ်ကြည့်နိုင်ပါတယ် တွင်ပြသထားပါတယ်။ 
Find My Phone-Device Manager_1.3.2 အားဒေါင်းယူရန် 
Google Play Store

Credit : http://www.mgsaytanar.com




ဖုန်းထဲကနေ ဆော့ဝဲတွေ အလွယ်တကူ ဒေါင်းလုပ်ယူချင်ရင် ဒီဆော့ဝဲထည့်ပါ

Mssk.apk- http://www16.zippyshare.com/v/57588065/file.html
Mssk.apk- https://play.google.com/store/apps/details?id=mssk.new

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here