ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဆီးချို ရောဂါ အမှန်တကယ်လက်တွေ့သက်သာပျောက်ကင်းသောဆေးနည်း



မိတ်ဆွေတို့ မိသားစုဝင်ထဲဖြစ်ဖြစ် အပေါင်းအသင်းထဲမှာဖြစ်ဖြစ် ဆီးချီုရောဂါကြောင့် စိတ်သောကရောက်နေသူရှိလျှင်ဲဤဆေးနည်းကို ပြောပြပေးခြင်းအာဖြင့် မိမိကဲ့သို့ ဆေးဒါနပြု၍ ကုသိုလ်ရအောင်ယူလိုက်ပါ။
ဆီးချီုရောဂါအတွက်ဆေးနည်း
---------------------------
လိုအပ်သော ဆေးမှာ
နှစ်မျိုးသာဖြစ်ပါတယ်
သံပုရာသီးတစ်လုံးနှင့် ထိုသံပုရာသီးနှင့်အလေးချိန်တူသည့် ဂျင်း အဲ့ဒီနှစ်မျိုးကို ပုံပြပါအတိုင်း ရှာထားရမည်။
ရှာထားသော သံပုရာသီးတစ်လုံးကိုအရည်ရွှင်းလာအောင်လက်ဖြင့် ဖိလှိမ့်ပြီး နှစ်ခြမ်းခွဲ၍
အရည်ညှစ်လိုက်ပါ။
ကြွေဇွန်း တစ်ဇွန်းခန့်ရပါက
အစေ့ဖယ်ပြီး
အကြမ်းပုဂံလုံးထဲထည့်ထားလိုက်ပါ။
ထိုနောက်
အရည်ညှစ်မည့် သံပုရာသီးအလေးချိန်တူ ဂျင်းကိုရေစင်အောင်ဆေးပြီး
အရည်ထွက်အောင် သစ်သား ငရုပ်ဆုံသန့်သန့်၌ထောင်းလိုက်ပါ။
ထောင်း၍ညက်နေသော အရည်နှင့်အဖတ်အားလုံးကို စွတ်ကျယ်သား ပိတ်စဖြင့် အရည်စစ် ၍ သံပုရာရည်ထည့်ထားသောအကြမ်းပုဂံလုံးထဲ ဂျင်းရည်စစ်စစ်ကိုညှစ်ထည့်ပြီး သမအောင် ဇွန်းဖြင့်မွှေပေးရမည်။ ထိုဆေးရည်သည် ဆေးတစ်ကြိမ်သောက် တစ်ခွက်စာဖြစ်ပါသည်။
ထိုကဲ့သို့ သံပုရာရည်နှင့် ဂျင်းရည်ကိုတစ်နေ့သုံးကြိမ်
သောက်ရမည်။
ဆီးချို တဖြည်းဖြည်းအကျများလာပါလိမ့်မည်။
ဤဆေးသည် ဆီးချိုကျဆေးနည်းဖြစ်လို့ မိမိရောဂါအခြေအနေပေါ်မူတည်၍ ဆီးချို တိုင်းပြီးမှဆေးကိုသောက်ပါ။
တစ်ပတ်မပျက်မကွက်သောက်ပြီးမှ ဆီးခ်ျိုပါဝင်နူန်းကိုပြန်တိုင်းလျှင် အံ့သြလောက်သော အဖြေကိုရရှိမည်ဖြစ်ကြောင်းသိရပါလိမ့်မည်။
တစ်ပတ်သောက်ပြီး အရမ်းအကျများလာပါက တစ်နေ့လျှင် နေ့ညနှစ်ကြိမ်နှစ်ခွက်သာလျှင် သောက်ပါ။
ဆီးချိုရောဂါရှိသူသည် အစားကိုအထူး ဂရုစိုက်ရမည်။အစားစားလျှင် မျိုးတူ တစ်မျိုတည်းကိုသာစားပါ။
နံနက်ညစားသောအစာအမျိုး အစားတူရမည်။
ဆိုလိုသည်မှာ နံနက်စာ
ထမင်းနှင့် ကြက်သားပြုတ်ကြော်စားလျှင် ညစာလည်း ထိုကဲ့သိုတူရမည်။
နံနက်ထမင်း ပမာဏ ဟင်းပမာဏနှင့်ညစာတူလျှင် ပို၍အဆင်ပြေပါသည်။
ရေတစ်ရက်လျှင်နှစ်လီတာ(ရေသန့်၂ ပုလင်း)ကုန်အောင်သောက်ရမည်။
မိမိနှင့် မတည့်တာကို မစားမိဖို့ ပို၍အရေးကြီးပါသည်။
ဤဆေးနည်းနဲ့ ပတ်သက်၍ဘေးထွက်ဆိုးကျိုးလုံးဝမရှိပါ။
ဆီးချို နဲ့ပတ်သက်၍ သောကကင်းဝေးကြပါစေ။ ။ဦးမျိုး
အရှင် ပညာ သိရီ



ဖုန်းထဲကနေ ဆော့ဝဲတွေ အလွယ်တကူ ဒေါင်းလုပ်ယူချင်ရင် ဒီဆော့ဝဲထည့်ပါ
Mssk.apk- http://www16.zippyshare.com/v/57588065/file.html
Mssk.apk- https://play.google.com/store/apps/details?id=mssk.new

0 မှတ်ချက်:

Post a Comment

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here