ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

‪#‎သွေးချို‬ ဆီးချိုအမြစ်ပြတ် (ဆေးမြီးတို)



ယခုကုနည်းသိရပုံက
အမျိုးသားတစ်ဦး ဆီးချိုရောဂါ
ပြင်းထန်မှုကြောင့် ပဲခူးဆေးရုံတွင်
တက်ရောက်ကုတယ်။ အနည်းငယ်
သက်သာသောအခါ ဆေးရုံမှဆင်းရတယ်။
အပြန်မှာ ပဲခူးဆရာတော်ကြီးတစ်ပါး
(မရှိတော့)ထံဝင်ရောက်ဖူးမျှော်ရာ
ဆရာတော်ကြီးက
ဥသျှစ်ရွက်နှင့် ကုသနည်းကို ပေးလိုက်သည်။ ထိုနည်းဖြင့်ကုသရာ
တစ်လကျော်အကြာမှာ လုံးဝကောင်းသွား
ပြီး ပြန်မဖြစ်တော့ပါ။ တခြားရောဂါ
ဖြစ်သူများလည်း ဤနည်းအတိုင်း အသုံးပြုကြရာ ပျောက်ကင်းသွားသည်ဟု သိရပါသည်။
ဆေးကုနည်းက
ဥသျှစ်ရွက် လက်တစ်ဆုပ်စာကို ယူပါ။
မတ်ခွက်အငယ်စားဖြင့် သုံးခွက်
ရေထည့်ပြီး တစ်ခွက်ကျန်အထိကျိုပါ။
ရေကျိုနေစဉ် ထန်းလျက် သုံး/ လေးခဲ
ထည့်ပါ။
တစ်ရက်စာဖြစ်ပြီး နေ့စဉ်သောက်
ရမည်ဖြစ်သည်။ တစ်လကျော်လျှင်
လုံးဝပျောက်ကင်းသွားပါမည်။
ဤကုနည်းမှာ မြို့ပေါ်နေသူများအတွက် ဟင်းသီးဟင်းရွက်တန်းတွင် နွေရာသီမှလွဲ၍ မှာယူက ရနိုင်ပါသည်။ နွေရာသီ အသီးသီးချိန် အရွက်အားလုံးကြွေသည်။
ဥသျစ်သီးကိုကြွေစေလိုသော်
အပင်ရင်းမီးတိုက်ရသည်။
အသီးရိုက်ခွဲကာ အခွံတွင်း အသားက ဇွန်းနှင့်ချစ်စားလျှင် အလွန်ကောင်းသည်။ အတွင်းသားအလုံးကြီးမှာ အစေ့နှင့်ကပ်နေသည့် အစေးတွေက စပ်ရှားရှားဖြစ်၍ လွှင့်ပြစ်ကြသည်။
တောထဲမှာ ထမင်းဆာလျှင်တော့ တစ်လုပ်စာမှန်းပြီးကိုက်ကာ
လုံးထွေးမျိုချရသည်။ အလုံးသေး
တစ်လုံးဆို ထမင်းဝပြီ။ အစာမကျေခြင်း
ဗိုက်နာခြင်းမရှိ။
ဥသျှစ်ပင်သည်ဆူးရှိပြီး အပင်အမြင့်ဖြစ်သဖြင့် တက်လို့မရ၍ အသီး
အရွက်ခူးလျှင် ဝါးဖြင့် ရိုက်ချရသော
ကြောင့် ရခိုင်လူမျိုးတွေက ဝါးရိုက်ပင်၊ ဝါးရိုက်သီး ဟုခေါ်ကြသည်။
တစ်ဆင့် ကူးယူ မျှဝေခြင်းပါ။


ဖုန်းထဲကနေ ဆော့ဝဲတွေ အလွယ်တကူ ဒေါင်းလုပ်ယူချင်ရင် ဒီဆော့ဝဲထည့်ပါ
Mssk.apk- http://www16.zippyshare.com/v/57588065/file.html
Mssk.apk- https://play.google.com/store/apps/details?id=mssk.new

0 မှတ်ချက်:

Post a Comment

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here