ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

လခစား ဝန်ထမ်း သူတစ်ပါးရဲ့ဝန်ထမ်းဘဝမှ ရုံးထွက်လိုသူလူငယ်များအတွက်ရည်ရွယ်ပါတယ်။



သင်္ဘောလိုက်တာကြာလာတော့ ကုန်းပေါ်မှာ ကိုယ်ပိုင်လုပ်ငန်းတစ်ခုခုထူထောင်ပြီးအိးုမကွာအိမ်မကွာနေရဘို့ စိတ်ကူးလာမိတယ်။
သင်္ဘောလိုက်ရတာပိုက်ဆံရပေမဲ့ သင်္ဘောသားလုပ်ရတဲ့ဒုက္ခတွေကလဲများလှတယ်ဆိုတာသင်္ဘောကြာကြာလိုက်ဖူးတဲ့သူတိုင်းသိတယ်။
သင်္ဘောကို ပစ္စည်းလာသွင်းသွင်းနေတဲ့ လုပ်ငန်းရှင်သူဌေး တရုပ်ကြီးကို အားကျမိတာမို့ သူ့ကိုမေးကြည့်တယ်။ ခဏခဏတွေ့နေရတာမို့ရင်းနှီးနေပြီလေ။
ငါ ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်တယ်။ဘယ်လိုစရမယ်မသိဘူး။ အခုလခကလဲကောင်းနေတော့ ကိုယ်ပိုင်လုပ်ငန်းလုပ်ကြည့်လို့ ဒီလောက်မရရင်တော့ဒုက္ခရောက်မှာစိုးတယ်။ မင်းဘယ်လို လုပ်ငန်းရှင်ဖြစ်လာတာလဲ ပြောစမ်းပါ
ဆိုတော့။
မင်းက ဒီဘက်ကမ်းကနေ ဟိုဘက်ကမ်းကိုကူးဘို့ ကြံစည်နေတာဘဲ။ သွားစရာကလဲ ရေကူးသွားဘိုဘဲရှိတာဘဲ။ ဒီတော့ မင်းရေနဲနဲပါးပါးကူးတတ်တယ်မဟုတ်လား။ ရေမကူးတတ်လဲနိုးပရောဘလန်ဘဲး။ မင်းတကယ်ဘဲဟိုဘက်ကိုရောက်ချင်တာမှန်ရင် ရေထဲသာခုန်ချပြီးရောက်အောင်ကူးပေတော့တဲ့။
ဟ ဟိုမရောက်ဘဲရေနစ်သွားမှ အခက်ဘဲ လို့ပြောမိတယ်။
မင်းက ရေထဲရောက်နေပြီ။ ရေနစ်အသေခံမှာလား မရောက်ရောက်အောင်နည်းလမ်းရှာပြီး မဖြစ်မနေရုန်းကန်မလားဆိုတာ ရွေးရတော့မယ်။်
တကယ်တော့ရုန်းရင်းကန်ရင်းနဲ့ ဟိုဘက်ကိုရောက်သွားလိမ့်မယ်။
နည်းလမ်းမရှာဘူး မတွေ့ဘူး မရုန်းကန်ဘူးဆိုရင်တော့ မင်းရေနစ်မှာဘဲ။
အခုမင်းသင်္ဘောသားဘ၀ကို မဖြတ်တောက်နိုင်ရင် ဟိုဘက်ကိုဘယ်တော့မှမရောက်ဘူး။
ဘယ်တော့မှလဲလုပ်ငန်းရှင်ဖြစ်မလာနိုင်ဘူး
ဒီတော့မင်းဆုံးဖြတ်ပါ။ပြီးရင်မဖြစ်ဖြစိအောင် လုပ်ပါ။ မဖြစ်ရင်တော့မင်းဒုက္ခတွေ့မှာဘဲ။ ဖြစ်ရင်တော့မင်လိုချင်တဲ့ဘဝရမှာဘဲတဲ့။
သူနဲ့ပြောပြီး တစ်နှစ်လောက်အထိတော့ ချီတုံချတုံနဲ့ မပြတ်သားနိုင်ခဲ့ဘူး။
နောက်ဆုံးကျတော့ သူပြောတဲ့နည်းအတိုင်းရေထဲခုန်ချပြီး ကူးတော့တာဘဲ။
မြုပ်တစ်လှည့်ပေါ်တစ်လှည့်နဲ့ ရေမွမ်းတစ်လှည့် မောပန်းပြီး နောက်ဆုံးတော့ ကိုယ်ပိုင်လုပ်ငန်းထူထောင်ဖြစ်သွားတာ ၁၉၉၅ ခုနှစ်ကတည်က ခုထိကိုယ်ပိုင်လုပ်ငန်း ပိုင်ဆိုင်လုပ်ကိုင်နိုင်ခဲ့တယ်။
လခစား ဝန်ထမ်း သူတစ်ပါးရဲ့ဝန်ထမ်းဘဝမှ ရုံးထွက်လိုသူလူငယ်များအတွက်ရည်ရွယ်ပါတယ်။

shared U Myint Pe's post.



ဖုန်းထဲကနေ ဆော့ဝဲတွေ အလွယ်တကူ ဒေါင်းလုပ်ယူချင်ရင် ဒီဆော့ဝဲထည့်ပါ

Mssk.apk- http://www16.zippyshare.com/v/57588065/file.html
Mssk.apk- https://play.google.com/store/apps/details?id=mssk.new

1 မှတ်ချက်:

Unknown said...

ကောင်းလိုက်တဲ့စာသားတွေဗျာ ကြိုက်တယ် လုပ်နိုင်အောင်ကြိုးစားမယ်

Post a Comment

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here