ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

မိန်းကလေးတွေ မုန်းတဲ့အချက် ( ၈ ) ချက်





၁။ "မအော်ငေါက်နဲ့"
-
မိန်းကလေးတွေဟာ သူတို့ချစ်သူက သူတို့ကို
အော်ငေါက်တာကို လုံးဝမကြိုက်ကြဘူး~
ချော့ပြောရင် နားထောင်နိုင်ပေမယ့် အော်ငေါက်ပြောတဲ့အခါ သူတို့က ဂျစ်ကန်ကန်ပဲတုံပြန်တတ်ကြတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး သူတို့ကို မအော်ငေါက်မိပါစေနဲ့
-
၂။ "ဆရာကြီးစတိုင်မလုပ်ပြနဲ့"
-
မိန်းကလေးတွေက ကိုယ့်ချစ်သူ တော်ရင်ထက်မြက်ရင် သဘောကျပင်မယ့် နေရာတကာ ငါ ဆရာကြီးလုပ်ပြနေရင် တဖြည်းဖြည်း အမြင်ကပ်လာတတ်တယ်။ ဒါကြောင့် တချို့နေရာတွေမှာ ကိုယ်ကသိနေရင်တောင် မသိချင်ယောင်သာဆောင်နေလိုက်ပါ။
-
၃။ "အဆက်အသွယ် မလုပ်ဘဲ အကြာကြီးပစ်မထားနဲ့"
-
ကိုယ်နဲ့ သိပ်မရင်းနှီးတဲ့သူတွေကို အဆက်အသွယ်မလုပ်ပဲ အကြာကြီးနေလို့ရပင်မယ့် ကိုယ့်ချစ်သူကိုတော့ တနေ့တခါလောက်တော့ ဖုန်းဆက်တာပဲဖြစ်ဖြစ် Message ပို့တာပဲဖြစ်ဖြစ်လုပ်သင့်ပါတယ်။ တခါတလေ ကိုယ်ပို့လိုက်တဲ့ Morning Message တစ်စောင်က ကိုယ့်ကောင်မလေးရဲ့တစ်နေ့တာကို ကိုယ်ထင်တာထက်ပိုပြီး အဓိပ္ပာယ်ရှိသွားစေနိုင်ပါတယ်။
-
၎။ "သူရဲဘောကြောင် မပြနဲ့"
-
မိန်းကလေးတိုင်းဟာ သူတို့ချစ်သူကို သတ္တိရှိတဲ့သူတစ်ယောက်ဖြစ်စေချင်ပါတယ်။ ဘာတွေပဲပဲဖြစ်ဖြစ် သူတို့နဲ့လက်တွဲမဖြုတ်ဘဲအတူတူ ရင်ဆိုင်ပေးနိုင်မယ့်သူတစ်ယောက်ပေါ့ ဒါပေမယ့် အရေးကြုံတဲ့အခါမှ ကိုယ်က အားလျော့တဲ့စကားတွေပြောနေရင် ကိုယ့်ကောင်မလေးက ကိုယ့်ကို အထင်သေးသွားတတ်ပါတယ်။
-
၅။ "နောက်မကျနဲ့"
-
ဘယ်သူမှနောက်ကျရင် မကြိုက်ကြပါဘူး။ အထူးသဖြင့် မိန်းကလေးတော်တော်များများ နောက်ကျရင် အရမ်းမုန်းပါတယ်။ ဒါကြောင့် သူတို့ချိန်းထားရင် အတတ်နိုင်ဆုံး အချိန်မှန်ရောက်အောင်သွားပါ။ ။
-
၆။ "အရမ်း မချုပ်ခြယ်နဲ့"
-
မိန်းကလေးတော်တော်များများဟာ သူတို့ချစ်သူကောင်လေး တားမြစ်ထားတဲ့ကိစ္စတွေကို မလုပ်ဖို့ ဆုံးဖြတ်ထားပင်မယ့် တရားလွန်ချုပ်ခြယ်လာတာမျိုး ဖြစ်လာရင်တော့ စိတ်ကုန်လာတတ်ပါတယ်။ ဒါကြောင့် တခါတလေ နားလည်မှုပေးပြီး လွှတ်ထားလိုက်ပါ။
-
၇။ "ရန်ဖြစ်ရင် ဘယ်တော့မှ လက်မပါနဲ့"
-
ဒါကတော့ အပေါ်မှာပြောထားသလိုပါပဲ၊ ကောင်မလေးများသည် သူတို့ကို အော်ငေါက်ရင်တောင်မကြိုက်တာ လက်ပါပြီး ရိုက်နှက်တတ်သော ကောင်လေးဆိုရင်တော့ စိတ်ထဲကပါ ရွံရှာသွားတတ်ပါတယ်။ ဒါကြောင့် ရန်ဖြစ်ရင် ဘယ်လောက်ပဲ ဒေါသထွက်ထွက် ကိုယ့်စိတ်ကိုယ်ထိန်းပါ။
-
၈။ "ကိုယ့်ချစ်သူကို တန်ဖိုးမထားတဲ့ပုံစံ ဘယ်တော့မှ မလုပ်ပြနဲ့"
-
ဒီအချက်ကတော့ အားလုံးထဲမှာ အရေးအကြီးဆုံးပါပဲ၊ ကောင်မလေးတစ်ယောက်ဟာ သူမကောင်လေးက သူမကို တန်ဖိုးမထားဘူးလို့ ခံစားရပြီဆို အဲ့ဒါဟာ သူမအတွက် ငရဲတစ်ခုလိုပါပဲ။ ဒါကြောင့် ကိုယ့်ကောင်မလေး ကိုယ့်အတွက် လုပ်ပေးတဲ့ အသေးစိတ်လေးတွေက အစ တန်ဖိုးထားကြောင်းပြပါ။ သူမနှင့် ချစ်ရသည့်အတွက်လည်း ပျော်ရွင်မိကြောင်း ခဏခဏပြောဆိုပါ။ သူမကို ကိုယ်တန်ဖိုးထားကြောင့် သူမသိပါစေ။
-
------------၊၊၊၊၊၊၊၊၊----------------
-
တကယ်တော့ ကမ္ဘာပေါ်မှာ အဲ့လိုမျိုးအချက်တွေကို လုပ်ပေးမယ့် "ကောင်လေး" မရှိဘူးလို့ ပြောမယ့် "ကောင်မလေး" တွေ တပြုံကြီးရှိပါတယ်၊ ဒါပေမယ့် အဲ့အချက်တွေ အားလုံးနဲ့မပြည့်စုံရင်တောင် ကိုယ့်ချစ်သူစိတ်ချမ်းသာအောင် အကောင်းဆုံးကြိုးစားပေးဆပ်နေမယ့် "ကောင်လေး" တွေလည်း အများကြီးရှိမှာပါ၊
-
အဲ့တော့ ချစ်သူအားလုံး ရန်ဖြစ်ခြင်းတွေကင်းပြီး အဆင်ပြေပြေနဲ့ နေနိုင်ကြပါစေလို့
-
အားလုံးသော စုံတွဲတွေ ပျော်ရွှင်ကြပါစေ

Credit - မှတ်စုစာအုပ်
Admin-လူစာအုပ်

ဖုန်းထဲကနေ ဆော့ဝဲတွေ အလွယ်တကူ ဒေါင်းလုပ်ယူချင်ရင် ဒီဆော့ဝဲထည့်ပါ
Mssk.apk- http://www16.zippyshare.com/v/57588065/file.html
Mssk.apk- https://play.google.com/store/apps/details?id=mssk.new

0 မှတ်ချက်:

Post a Comment

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here