အလှအပဆိုတာ မျက်နှာ၊ အသာအရေ၊ ခန္ဓာကိုယ်တည်ဆောက်မှု-စတဲ့ အကြောင်းအရာတွေ
ပေါ်မှာတင် မူတည်တာမဟုတ်ပါဘူး။ လက်သဲ ခြေသဲ သွား-စတဲ့ အစိတ်အပိုင်းတွေပေါ်မှာလည်း
မူတည်ပါတယ်။ အခု ဖော်ပြမယ့် သီးနှံ (10)မျိုးကတော့ သွားကျန်းမာရေးကို အထူးကောင်းမွန်
စေနိုင်တဲ့ သီးနှံတွေပဲဖြစ်ပါတယ်။
1. စတော်ဘယ်ရီသီး
စတော်ဘယ်ရီသီးမှာ ဗီတာမင် C ဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။ သင့်သွားကို ဖြူဖွေးတောက်ပ
လိုလျှင် စတော်ဘယ်ရီသီး အနည်းငယ်ကို မုန့်ဖုတ်ဆိုဒါအနည်းငယ်နဲ့ ရောစပ်မွှေပေးပါ။ အနည်း
ငယ်ပြစ်ချွဲအောင် မွှေပြီး အလွန်နူးညံ့သော သွားပွတ်တံပေါ်မှာ ၎င်းကို သွားတိုက်စေးကဲ့သို့ ထည့်
ပြီး သွားများကို ပွတ်ပေးပါ။ ပြီးရင် ရေစင်အောင် ဆေးပါ။ သွားတွေရဲ့ တောက်ပမှုကို သင် အံ့သြ
သွားပါလိ့မ်မယ်။
2. ပန်းသီး
စတော်ဘယ်ရီသီးလို မွှေပြီး ဖျော်စရာမလိုပါ။ ဒါပေမယ့် ပန်းသီးကို ဓားနဲ့လှီးစားတာထက် သွားနဲ့
ကိုက်စားခြင်းက သွားကျန်းမာရေးကို အထူးအထောက်အကူ အပြုပါတယ်။ ပန်းသီးမှာ malic acid
ဓာတ် ကြွယ်ဝစွာပါဝင်လို့ သွားပိုးစားခြင်း၊ သွားအကျိုးအကြားမှာ ခိုအောင်းနေတဲ့ ဘက်တီးရီးယား
တွေကို သေစေနိုင်ပါတယ်။
3. ငှက်ပျောသီး
ငှက်ပျောသီးမှာ vitamin, mineral, potassium စတဲ့ ဓာတ်တွေပါဝင်လို့ လူ့ကျန်းမာရေးကို ဆိုးကျိုး
လုံးဝမပေးပါဘူး။ ဒါ့အပြင် ငှက်ပျောသီးကို ပုံမှန်စားပေးခြင်းဖြင့် သွားအတိုင်းပိုင်း ကျန်းမာရေးကို ပိုမို
ကောင်းမွန်စေပါတယ်။ ဒါပေမယ့် တစ်ခု သတိထားရမှာက သွားကျန်းမာရေးကို ပိုမို ကောင်းစေလို
လျှင် ငှက်ပျောသီးကို အခွံပါစားပေးဖို့ လိုပါတယ်။ ငှက်ပျော်သီးအခွန်မှာ သွားကျန်းမာရေးကို ထောက်
ပံ့ပေးနိုင်တဲ့ သတ္တုဓာတ်နဲ့ ဗီတာမင်တွေ ပါဝင်ပါတယ်။
4. ဖရဲသီး
သွားတွေကို ဖြူဖွေးစေပြီး ဘက်တီးရီးယားတွေကို တိုက်ထုတ်နိုင်တဲ့ သစ်သီးတွေထဲမှာ ဖရဲသီးလည်း
ပါဝင်ပါတယ်။ အထူးသဖြင့် အနီရောင်လွှမ်းတဲ့ ဖရဲသီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်လို့ သွားကျန်းမာ
ရေးအတွက် အလွန်သင့်တော်ပါတယ်။ သွား ကြွေလွှာပျက်ဆီးခြင်းကို ကာကွယ်ပေးပြီး သွားဖုံးကျန်းမာ
ရေးကို ကောင်းမွန်စေနိုင်ပါတယ်။
5. လိမ္မော်သီး
ဗီတာမင် C ဓာတ် ကြွယ်ဝစွာပါဝင်တဲ့ လိမ္မော်သီးကို ဖျော်ရည်လုပ်ပြီး နေ့စဉ် တစ်ခွက် ပုံမှန်သောက်ပေး
ပါက သွားကျန်မားရေးကို ကောင်းမွန်စေပါတယ်။ လိမ္မော်သီးမှာ limonene, glucarate, pectin နဲ့
soluble fiber ဓာတ်တွေလည်း ပါဝင်လို့ သွားအတွက် အထူးသင့်တော်ပါတယ်။ လိမ္မော်ခွံနဲ့ သွားတွေ
ကို ပွတ်ပေးပါကလည်း သွားတွေကို ဖြူဖွေးစေပါတယ်။ ဒါပေမယ့် ရေနဲ့ ပြန်ပြီး စင်ကြယ်အောင် ဆေးဖို့
လိုပါတယ်။
6. နာနတ်သီး
နာနက်သီးဟာ သွားဖုံးကျန်းမာရေးကို အထူး ကောင်းမွန်စေတဲ့ သစ်သီးဖြစ်ပါတယ်။ နာနက်သီးမှာ ဗီတာ
မင် C နဲ့ အခြား သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ သွားပဲ့ခြင်း၊ သွားဆွေးခြင်းတို့အတွက်လည်း အထူး သင့်
တော်ပြီး သွားကို တွယ်ကပ်နေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်ပါတယ်။
7. သခွားသီး
သခွားသီးမှာ Cucurbitaceae လို့ခေါ်တဲ့ မျိုးရင်းဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ သခွားသီးမှည့်ဖျော်
ရည်ဟာလည်း သွားတွေအတွက် သင့်တော်ပြီး သွားဖုံးရောင်ခြင်း၊ ကွဲခြင်းတွေကိုလည်း အထူး သက်သာ
စေနိုင်ပါတယ်။
8. မုန်လာဥနီ
ချိုစိမ့်စိမ်အရသာရှိတဲ့ မုန်လာဥနီကို နေ့စဉ် စာပေးခြင်းဖြင့် သွားရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။
မုန်လာဥနီမှာ ဗီတာမင် A ပါဝင်ပြီး ပါးစပ်အတွင်းကနေ အလိုအလျှောက် ထုတ်ပေးတဲ့ တံထွေးနဲ့ ပေါင်း
စပ်ကာ သွားကျန်မားရေးကို အထောက်အကူပြုပါတယ်။ ပါးစပ်အပုပ်နံ့ထွက်ခြင်းနဲ့ အခြားရောဂါတွေကို
လည်း နိုင်နင်းပါတယ်။
9. တရုတ်နံနံ
တရုတ်နံနံဟာ သွားတွေကို ကာကွယ်ပေးရာမှာတော့ စစ်သူကြီးတစ်ဦးလို စိတ်ချရပါတယ်။ သွားတွေကို
သန့်ရှင်းစေတဲ့ သဘာဝသွားသန့်ဆေး ဖြစ်သလို၊ သွားပိုးပေါက်တွေ၊ သွားဖုံးရောင်ရမ်းတာတွေကိုလည်း
အထူး သက်သာစေပါတယ်။
10. ကြက်သွန်ဖြူ
ကြက်သွန်ဖြူဟာ သွားကျဉ်ခြင်း၊ သွားကိုက်ခြင်း၊ သွားပိုးစားခြင်း-စတဲ့ ရောဂါတွေကို အထူးသက်သာစေ
တဲ့ ဆေးဝါးပါဘဲ။ သွားရောဂါတွေကို တိုက်ရိုက်နှိမ်နင်းပေးတဲ့ အရာဖြစ်ပြီး သွားကိုက်ခြင်းခံစားရပါက
ကြက်သွန်ဖြူ တစ်တတ်၊ နှစ်တတ်လောက် ၀ါးပေးလိုက်တာနဲ့ မိနစ်ပိုင်းအတွင်း ပျောက်ကင်းစေနိုင်တယ်
လို့ ဆိုပါတယ်။
နတ်စည်တော် (ShweMOM)
ဖုန်းထဲကနေ ဆော့ဝဲတွေ အလွယ်တကူ ဒေါင်းလုပ်ယူချင်ရင် ဒီဆော့ဝဲထည့်ပါ
Mssk.apk-
http://www16.zippyshare.com/v/57588065/file.html
Mssk.apk-
https://play.google.com/store/apps/details?id=mssk.new